ဂျီ -၂၀ ထိပ်သီးအစည်းအဝေးအတွက် နယူးဒေလီမြို့၌ လုံခြုံရေးတင်းကျပ်

 

နယူးဒေလီ စက်တင်ဘာ ၈


ဂျီ -၂၀    ထိပ်သီးအစည်းအဝေး မတိုင်မီ     အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီတွင်         လုံခြုံရေး တင်းကျပ်မှုများ  ပြုလုပ်နေသည်။ စက်တင်ဘာ ၉  ရက်တွင်  ဂျီ -၂၀  ထိပ်သီးအစည်းအဝေးကို နှစ်ရက် ကြာ       ပြုလုပ်မည်ဖြစ်သည်။    စက်တင်ဘာ ၈   ရက် မွန်းလွဲပိုင်းမှ စတင်ကာ    ဂျီ -၂၀      ထိပ်သီး ခေါင်းဆောင်များ  နယူးဒေလီမြို့ သို့      တဖွဲဖွဲလာရောက်ကြမည်ဟု ခန့်မှန်းထားသည်။  


အဆိုပါ           ထိပ်သီးအစည်း အဝေးတွင်   လုံခြုံရေးရယူရန်  ရဲ အရာရှိပေါင်း   ၈၀၀၀၀    ခန့်ကို တပ်ဖြန့်ချထားသည်ဟု ပြည်တွင်း မီဒီယာများတွင်       ဖော်ပြသည်။ မြို့လယ်ခေါင်နှင့်   လေဆိပ်အနီး တစ်ဝိုက်တွင်     လုံခြုံရေးများ တင်းကျပ်ထားသည်။ တချို့နေရာ များတွင်       ယာဉ်အသွားအလာ  ကန့်သတ်မှုများ      ပြုလုပ်ထား သည်။ ကမ္ဘာလှည့်ခရီးသွားများ ကို  အဓိကဆွဲဆောင်ရာနေရာဖြစ် သည့်         အိန္ဒိယဂိတ်ကိုလည်း ပိတ်ထားသည်။

 
ထိပ်သီး       အစည်းအဝေး ကျင်းပမည့်   နေရာအနီးတစ်ဝိုက် တွင်   အိန္ဒိယဝန်ကြီးချုပ်    နာရိန် ဒရာမိုဒီ၏ ပုံပါသည့်  ဆိုင်းဘုတ် ကြီးကို ချိတ်ဆွဲထားသည်။    စနေ နှင့် တနင်္ဂနွေနေ့တွင် ပြုလုပ်မည့် ဂျီ -၂၀        ထိပ်သီးအစည်းအဝေး အဆင်ပြေချောမွေ့စွာ  ကျင်းပနိုင် ရေး     တင်းကျပ်သော  ယာဉ်ကြော ပိတ်ဆို့မှုများ   ပြုလုပ်သွားမည် ဟုလည်း သိရသည်။

အင်န်အိတ်ချ်ကေ