
ဘာလီ စက်တင်ဘာ ၂၈
ဂျီ-၂၀ စက်မှုထိပ်သီးနိုင်ငံမှ လယ်ယာ စိုက်ပျိုးရေး ဝန်ကြီးများသည် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း တွင် တွေ့ဆုံခဲ့ပြီး စိန်ခေါ်မှုများနှင့် အလေးထားစရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီး များက စားနပ်ရိက္ခာဖူလုံမှုသည် လူသားအားလုံး နှင့်သက်ဆိုင်သည့် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာ တစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝန်ကြီးများသည် စားနပ်ရိက္ခာ တင်ပို့မှု ကန့်သတ်ချက်မှန်သမျှကို ဆန့်ကျင်သွားရန် သဘော တူခဲ့ပြီး စားနပ်ရိက္ခာဖူလုံမှုကို တိုးတက်စေရန် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် ဆန်းသစ် တီထွင်မှုကို မြှင့်တင်ရန် သဘောတူခဲ့ကြသည်။
ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီး များအကြား တချို့ကိစ္စရပ်များတွင် အမြင်မတူမှုများ ရှိကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ