Genocide Convention အရ လျှောက်ထားသောအမှု (ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံ) ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် MR CHRISTOPHER STAKER ၏ ပထမအကြိမ် လျှောက်လဲချက် ကနဦးကန့်ကွက်လွှာ ပထမနှင့် စတုတ္ထအချက်

နိဒါန်း

 


ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိ တရားသူကြီးမင်းများ ခင်ဗျာ၊


၁။    ပထမအကြိမ် ကြားနာမှုအပြီးမှာ ဒုတိယအကြိမ်ကြားနာမှုတွင် မည်သည့်  ယခင်လျှောက်ထားချက်များကိုမျှ   ထပ်မံပြောကြားရန် မလိုကြောင်း ကျွန်တော်တို့ကို သတိပေးခဲ့ပါတယ်။ 

 


၂။    ယခုဒုတိယအကြိမ်တင်သွင်းမှုတွင် ကျွန်တော့်အနေဖြင့် ပထမ နှင့်စတုတ္ထ ကနဦးကန့်ကွက်ချက်များကို ဦးစွာတင်ပြမှာဖြစ်ပါတယ်။  Professor Talmon အနေဖြင့် ဒုတိယကနဦး ကန့်ကွက်ချက်များကို တင်ပြမှာဖြစ်ပြီး အဲဒီနောက်မှာတော့ Professor Kolb က တတိယ  ကနဦးကန့်ကွက်ချက်များကို တင်ပြမှာဖြစ်ပါတယ်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၏ ကိုယ်စားလှယ်ဖြစ်သူက မြန်မာနိုင်ငံ၏ ဒုတိယ အကြိမ်တင်သွင်းမှု နိဂုံးချုပ်မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

 


အထွေထွေကိစ္စရပ်များ


၃။    ဒါပေမယ့် ကျွန်တော်တို့ တစ်ဦးချင်းစီရဲ့ ကနဦးကန့်ကွက်ချက် များ  မတင်သွင်းမီ  ကျွန်တော့်အနေနဲ့ ဂမ်ဘီယာရဲ့ ပထမ အကြိမ် နှုတ်ဖြင့်တင်သွင်းမှုမှ  ထွက်ပေါ်လာတဲ့ အထွေထွေ ကိစ္စရပ် (၃) ခုကို ဦးစွာတင်သွင်းမှာ ဖြစ်ပါတယ်။

 


၄။    ပထမကိစ္စက ယခုကဲ့သို့ ဖြစ်ပါတယ်။ ပထမအကြိမ် တင်သွင်း မှုအတွင်းမှာ ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့်ဟာ တရား စီရင်ရေးနှင့်  ခွင့်ပြုရေးကိစ္စရပ်များအတွက်  ကနဦးအခြေခံ ဖြစ်တယ်ဆိုတာကို ဂမ်ဘီယာက အကြိမ်ပေါင်းများစွာ အသိ အမှတ်ပြုခဲ့ပါတယ်။ အဲဒါမှန်ကန်ပါတယ်။ အဆိုပါအမိန့်တွင်  တရားရုံးက ကြားဖြတ်စီမံဆောင်ရွက်ချက်များ အဆင့်တွင် ၎င်းသည်  “အမှု၏  အကြောင်းခြင်းရာများနှင့်စပ်လျဉ်း၍ တရားစီရင်ပိုင်ခွင့်ရှိသည်ဟူသော ပုံစံဖြင့် မိမိဘာသာ သေချာ​နေရန်  မလိုအပ်ကြောင်း”  အတိအလင်း  သိရှိထားပါတယ်၊ တရားစီရင်ခွင့်ဆိုင်ရာ ကိစ္စရပ်များကိုလည်း ကနဦး အခြေခံ အဆင့်မျှဖြင့်သာ   ကိုင်တွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း  အမိန့်မှာ ဖော်ပြထားပါတယ်။ 

 


၅။    ဒါကြောင့်မို့  ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့်ရဲ့  စာပိုဒ်  ၈၅ မှာ အဆိုပါအမိန့်သည် “တရားရုံး၏ တရားစီရင်ပိုင်ခွင့်နှင့်  လျှောက်ထားမှုအား   လက်ခံနိုင်မှုကို    မည်သည့်နည်းဖြင့်မျှ ကြိုတင်ဆုံးဖြတ်မှာမဟုတ်ကြောင်း”   ပြတ်သားစွာ   ဖော်ပြ ထားပြီး “အဲဒီမေးခွန်းများ စပ်လျဉ်း၍ အငြင်းပွားခွင့်များနှင့်  အထောက်အထားတင်ပြပိုင်ခွင့်ကို မြန်မာနိုင်ငံ၏ ရပိုင်ခွင့်အား မထိခိုက်စေဘဲ” လည်း အမိန့်မှာပါရှိပါတယ်။ နောက်ဆက်တွဲ ကနဦးကန့်ကွက်မှုအဆင့်တွင် တိကျသောအခြေခံဖြင့် တူညီ သော တရားစီရင်ပိုင်ခွင့်နှင့် လျှောက်ထားမှုကို လက်ခံနိုင်မှု ဆိုင်ရာ    ကိစ္စရပ်များကို    ဆုံးဖြတ်ပေးရန်     မြန်မာနိုင်ငံ၏ တောင်းဆိုပိုင်ခွင့်ကို တရားရုံးကိုယ်တိုင်က ရှင်းရှင်းလင်းလင်း အသိအမှတ်ပြုပါတယ်။

 


၆။    တရားရုံးမှ ဤရှင်းလင်းသည့်ဖော်ပြချက်ရှိသော်လည်း ပထမ  အကျော့  လျှောက်လဲမှုတွင် ဂမ်ဘီယာနိုင်ငံ၏ တင်ပြချက် များတွင် ကနဦးကန့်ကွက်မှုလေးရပ်ကို ယာယီအစီအမံအဆင့် တွင်  တရားရုံးက  တစ်နည်းနည်းဖြင့်  ဆုံးဖြတ်ထားပြီးဖြစ် ကြောင်းနှင့် ယခုအချိန်တွင် မည်သည့်အရာမျှ မပြောင်းလဲခဲ့ သဖြင့် တရားရုံး၏ ဆုံးဖြတ်ချက်မှာလည်း မပြောင်းလဲသင့် ကြောင်း ဖော်ပြထားပါတယ်။ 

 


၇။    သို့ရာတွင်    ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့်    အပိုဒ် ၈၅ တွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားသည့်အတိုင်း ကနဦး ကန့်ကွက်ချက်များကို မည်သည့်နည်းနဲ့မျှ ကြိုတင်ဆုံးဖြတ်ခြင်း မပြုရဟုဆိုလျှင် လက်ရှိတရားစွဲဆိုမှုအဆင့်တွင် နှစ်ဦးနှစ်ဖက် ၏ ကျယ်ကျယ်ပြန့်ပြန့် ငြင်းခုံမှုများနှင့် အထောက်အထား များအား     ကနဦးကန့်ကွက်ချက်များတွင်     အပြည့်အဝ ထည့်သွင်းစဉ်းစားရန်    လိုအပ်ပါတယ်။      ကြားဖြတ်စီမံ ဆောင်ရွက်ချက်အမိန့်သည် အဆုံးအဖြတ်မဟုတ်ရုံသာမက အစပျိုးသည့်အချက်ပင် မဟုတ်ပါ။ ဤအဆင့်တွင် ယခုစဉ်းစား  နေသော ကိစ္စရပ်များအတွက် ဆုံးဖြတ်ချက် လုံးဝမဟုတ်ပါ။ 

 


၈။    ဒုတိယကိစ္စက ယခုကဲ့သို့ ဖြစ်ပါတယ်။ ကနဦးကန့်ကွက်ချက် များဟာ အမှုကိစ္စ၏ အကြောင်းအချက်များနဲ့ လုံးဝမသက်ဆိုင် ပါ။ သို့သော်လည်း ပထမအကျော့တွင် ဂမ်ဘီယာ၏ ဥပဒေ အကျိုးဆောင်သည် အဆိုပါကိစ္စရပ်တွင် ကနဦးကန့်ကွက်မှု များနှင့် မသက်ဆိုင်သည့် ဂမ်ဘီယာ၏ အခိုင်အမာပြောဆိုချက် သို့မဟုတ် မြန်မာနိုင်ငံရှိ အခြားဖြစ်ရပ်များနှင့် သက်ဆိုင်သည့် ပြောကြားချက်များကို ပြုလုပ်ခဲ့ပါတယ်။ ကနဦးကန့်ကွက်မှု များနှင့်စပ်လျဉ်း၍     လက်ရှိကြားနာမှု    အခြေအနေတွင် ဂမ်ဘီယာနိုင်ငံ၏   အဆိုပါပြောကြားချက်များအား     လုံးဝ အကြောင်းပြန်ခြင်းမရှိကြောင်း  ရှင်းရှင်းလင်းလင်း  သိသာ ထင်ရှားပြီး    အဆိုပါပြောကြားချက်များအား     မြန်မာနိုင်ငံမှ ဖြေရှင်းမှုမပြုခြင်းသည်   မည်သည့်နည်းဖြင့်မျှ လိုက်လျောမှု အဖြစ် မယူဆနိုင်ပါ။

 


၉။    တတိယကိစ္စက  ယခုကဲ့သို့  ဖြစ်ပါတယ်။ ကနဦးကန့်ကွက်မှု များအား  တရားရုံး၏   စီရင်ပိုင်ခွင့်အာဏာနှင့်  အမှုများကို လက်ခံနိုင်မှုအား ဥပဒေတို့နှင့်အညီ ဆုံးဖြတ်ရမည် ဖြစ်ပါတယ်။  ဤသည်မှာ ထုတ်ဖော်ပြောဆိုရန် မလိုအပ်သော အချက်သာ ဖြစ်ပါတယ်။ သို့သော်လည်း၊ ဂမ်ဘီယာက အခြားနည်းဖြင့် အဓိပ္ပာယ်သက်ရောက်နိုင်သော ပြောကြားချက်များ ပြုလုပ်ခဲ့ သောကြောင့်       ကျွန်တော့်အနေနဲ့    ဖော်ပြခြင်းဖြစ်ပါတယ်။ ပထမအကျော့တွင် ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံအပေါ် တရားရုံးကသာ     သြဇာလွှမ်းမိုးမှုရှိသည်ဟူသော      အကျိုး သက်ရောက်မှုရှိကြောင်း၊ တရားရုံးသည် မြန်မာနိုင်ငံအပေါ်  စီရင်ပိုင်ခွင့်အာဏာကို ကျင့်သုံးခြင်းမရှိပါက မြန်မာနိုင်ငံသည် မည်သူ့ကိုမျှ တာဝန်ခံမည်မဟုတ်ကြောင်း၊ လက်ရှိကြားဖြတ် စီမံဆောင်ရွက်ချက်များကို   ထိန်းသိမ်းထားရန်မှာ  မရှိမဖြစ် လိုအပ်ကြောင်း၊ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းကို  ခိုင်မာစွာထိန်းသိမ်းရန် တရားရုံးတွင် တာဝန်ရှိကြောင်းနှင့် ကနဦးကန့်ကွက်မှုများသည် အဆိုပါကွန်ဗင်းရှင်း၏ ရည်ရွယ် ချက်များနှင့် ကွဲလွဲမှုရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

 


၁၀။    ကနဦးကန့်ကွက်လွှာသည် အမှု၏ အဓိကအကြောင်းအရာနှင့် သက်ဆိုင်ခြင်းမရှိပါ။ ထို့ကြောင့် စီရင်ပိုင်ခွင့်နှင့် အမှုလက်ခံခွင့် ဆိုင်ရာ ဥပဒေကို တရားရုံးက ဂမ်ဘီယာပြောသည့်အတိုင်း ပြုပြင်ပြောင်းလဲပေးသင့်ကြောင်း  ဂမ်ဘီယာက  တိုက်တွန်း အကြံပြုနေတာမျိုးသာမဟုတ်ခဲ့လျှင်၊ အမှု၏ လက်ရှိအဆင့် တွင်   ဂမ်ဘီယာက   အမှုအကြောင်းအရာတွေ  ဘာကြောင့်  ထည့်သွင်းလျှောက်လဲတင်ပြနေတယ်ဆိုတာ    စဉ်းစားရခက် နေမှာဖြစ်ပါတယ်။ ဂမ်ဘီယာရဲ့ ပြောပုံအရဆိုရင် Genocide Convention    အမှုကိစ္စမှာ   ကနဦး    ကန့်ကွက်ချက်ဆိုတာ “ရောသမမွှေထားတဲ့  လုပ်ထုံးလုပ်နည်းတွေ”  ဆိုတဲ့  ပုံစံမျိုး ပေါက်သွားမှာဖြစ်ပါတယ်။ ဘယ်အမှုမှာပဲဖြစ်ဖြစ် တရားရုံးက သူ့ရဲ့   စီရင်ပိုင်ခွင့်ကို   လိုသလိုချဲ့ထွင်ပိုင်ခွင့်မရှိသလို    အမှု လက်ခံပိုင်ခွင့်     နယ်ပယ်ကိုလည်း       တိုးချဲ့လို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ တရားရုံးအနေနဲ့ အခြေအနေအပေါ်  မူတည်ပြီး မီးစင်ကြည့်ကလို့ရတယ်လို့ သွေးဆောင်စည်းရုံး ခံရသလိုဖြစ်သွားမှာမို့လို့ပါပဲ။ ဒါကြောင့် ဂမ်ဘီယာရဲ့ ဖော်ပြ လျှောက်လဲချက်တွေဟာ   ဒီကြားနာမှုနဲ့   စပ်ဆိုင်မှုမရှိသလို မြန်မာဘက်ကလည်း ဒီကိစ္စတွေကို တုံ့ပြန်ဖြေရှင်းဖို့လိုမှာ မဟုတ်ပါဘူး။ 

 


၁၁။    ရေးသားတင်သွင်းထားသော ကနဦးကန့်ကွက်ချက်များသည် Genocide Convention ၏ အရေးကြီးမှုကို အသိအမှတ်ပြု ပါတယ်။ သို့ရာတွင် မည်မျှအရေးကြီးသည်ဖြစ်စေ တရားရုံး၏  တရားစီရင်ပိုင်ခွင့်အာဏာနှင့်   အမှုများကို  လက်ခံနိုင်မှုတို့ ဆိုင်ရာ  နိုင်ငံတကာဥပဒေများ၏  ယေဘုယျစည်းမျဉ်းများ အပေါ်မူတည်သကဲ့သို့     ဥပမာအားဖြင့်     စာချုပ်များအား ချွင်းချက်ပြုလုပ်သည့် ဆက်စပ်သော စည်းမျဉ်းများတွင်လည်း  မူတည်ပါတယ်။ တရားရုံးသည် အခြေအနေတိုင်းတွင် နိုင်ငံ တိုင်းမှ နိုင်ငံတကာဥပဒေများကို ချိုးဖောက်သည်ဟု စွပ်စွဲမှု တိုင်းအတွက်     တရားစီရင်ပိုင်ခွင့်မရှိဟူသော      အချက်မှာ ဖန်တစ်ရာတေအောင် သုံးစွဲနေပြီးသော ဥပဒေဖြစ်ပါတယ်။ တရားရုံးသည် စီရင်ပိုင်ခွင့်အာဏာရှိ-မရှိနှင့် အမှုကို လက်ခံ သင့်-မသင့်ကို   ဥပဒေနှင့်အညီ  ဆုံးဖြတ်ရမည်ဖြစ်ပြီး၊  အမှု ဖြစ်ရန် ဆန္ဒရှိမှုကိုအခြေခံရမည် မဟုတ်ပါ။

 


ကနဦးကန့်ကွက်လွှာ ပထမအချက်
ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိ တရားသူကြီးမင်းများ ခင်ဗျာ၊


၁၂။    ကျွန်တော်   ကနဦးကန့်ကွက်လွှာ  ပထမအချက်ကို  တင်ပြ ပါမယ်။ ကျွန်တော် ပထမ အကျော့မှာ ရှင်းလင်းခဲ့သလို၊ ဒီမှာ  အကြောင်းခြင်းရာ    အဓိကပြဿနာတစ်ခုနဲ့     ဥပဒေဆိုင်ရာ အဓိကပြဿနာတစ်ခု ပါဝင်ပါတယ်။

 


၁၃။    အကြောင်းခြင်းရာ    ပြဿနာကတော့    ပထမအကျော့မှာ ဂမ်ဘီယာနိုင်ငံက OIC နဲ့ တခြားအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်ဆံ ခဲ့တဲ့     အသေးစိတ်အချက်အလက်တွေကို      မဖော်ပြခဲ့သလို၊ အဲဒီကိစ္စတွေအတွက်    နောက်ထပ်အထောက်အထားလည်း မဖော်ပြခဲ့ပါဘူး။    ဘာပဲဖြစ်ဖြစ်၊   ဂမ်ဘီယာက    သက်သေ အထောက်အထားမရှိတဲ့ ယေဘုယျလျှောက်လဲချက်တစ်ခု ကိုတော့    ပြုလုပ်ခဲ့ပါတယ်။   အဲ့ဒါကတော့    “ဂမ်ဘီယာက ဦးဆောင်မှုကဏ္ဍကို   ရယူခဲ့တယ်”   ဆိုတာမျိုးပါ။    ဒါ့အပြင် ဒီအမှုကို စဖွင့်ဖို့ ဂမ်ဘီယာကပဲ အကြံပေးခဲ့တယ်ဆိုတာမျိုး ဖြစ်ပါတယ်။     ဒီလျှောက်လဲချက်တွေကို      အကြောင်းအရာ အချက်အလက် (သို့မဟုတ်) သက်သေခံအဖြစ် မှတ်ယူလို့ မရပါဘူး။ 

 


၁၄။    ဂမ်ဘီယာနိုင်ငံသည် တရားရုံးရှေ့မှောက်ရှိ သက်သေခံတွေကို “ပေါက်တတ်ကရ ဝက်ဘ်ဆိုဒ်များ၊ ဆောင်းပါးများ၊ တွစ်တာ များနှင့်   သတင်းထုတ်ပြန်မှု”  တွေလို့    နှိမ့်ချဖော်ပြခဲ့ပါတယ်။ သို့သော်လည်း ဤအထောက်အထားများ၏ အရင်းအမြစ် တွေက OIC၊ ကုလသမဂ္ဂ၊ ဂမ်ဘီယာအစိုးရ သို့မဟုတ် ၎င်း၏  ကိုယ်စားလှယ်များနှင့် အခြားသော  OIC အဖွဲ့ဝင်နိုင်ငံများ အပြင် အစိုးရများ၏ ထုတ်ပြန်ချက်ဆိုင်ရာ မီဒီယာအစီရင်ခံစာ များဖြစ်ပါတယ်။  ဂမ်ဘီယာသည်  အဲဒီအချက်အလက်တွေ မှာပါဝင်တဲ့ သီးခြားအကြောင်းအရာတွေကို ငြင်းဆိုမှုမရှိတဲ့ အချက်က ပြဿနာအဖြစ် ကျန်ရှိနေပါတယ်။ 

 


၁၅။    အမှန်စင်စစ် ဂမ်ဘီယာနိုင်ငံသည် OIC ၏ အဆိုပြုချက်ကို ၎င်းအစိုးရအဖွဲ့မှ အတည်ပြုခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင်လ တွင်သာ အမှုစွဲတင်ရန် ၎င်း၏ ၎င်းအစိုးရအဖွဲ့မှ ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်ဟု     ယခုအတိအလင်း       အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

 


၁၆။    ဂမ်ဘီယာနိုင်ငံသည် အမှုကိစ္စအတွက် ငွေကြေးထောက်ပံ့မှု အစီအစဉ်များနှင့် ပတ်သက်သည့် အထောက်အထားများကို ငြင်းဆိုခြင်းမရှိခဲ့သလို   တကယ်တမ်းမှာတော့   သွယ်ဝိုက်ပြီး လက်ခံထားခဲ့ပါတယ်။ 

 


၁၇။    မြန်မာနိုင်ငံသည်   “အရေးကြီးသော   သက်သေအထောက် အထားများကို ရှောင်လွှဲသွားခဲ့သည်” ဟု ဂမ်ဘီယာနိုင်ငံက ပြောကြားခဲ့ပါတယ်။ အဆိုပါ “အရေးကြီးသော အထောက် အထားများ” ကို ကြားဖြတ်စီမံဆောင်ရွက်ချက်များ ကြားနာ မှုတွင်   ဂမ်ဘီယာအေးဂျင့်၏   အဖွင့်မိန့်ခွန်းတွင်ထည့်သွင်း ခဲ့ကြောင်း ဆိုထားပါတယ်။ သို့သော်လည်း ဂမ်ဘီယာအေးဂျင့် သည် သက်သေအဖြစ် လာရောက်တာမဟုတ်သလို ၎င်း၏ ပြောကြားချက်အား သက်သေအဖြစ် သတ်မှတ်၍မရပါ။ မည်သို့ ပင်ဆိုစေကာမူ     အဆိုပါ       အဖွင့်ပြောကြားချက်များသည် ဂမ်ဘီယာ၊ OIC နှင့် ယင်း၏ အခြားအဖွဲ့ဝင်နိုင်ငံများအကြား  ဤအမှုကိစ္စကို ရှေ့ရှုဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ နောက် ထပ်  သီးခြားအကြောင်းအရာများကို  ဖော်ပြနိုင်ခြင်းမရှိပါ။ OIC  ကိုယ်စားလှယ်အဖွဲ့၏  အဖွဲ့ဝင်အနေဖြင့်  ၂၀၁၈ ခုနှစ် အစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများသို့ ဂမ်ဘီယာအေးဂျင့်က သွားရောက်ခဲ့သည့် ခရီးစဉ်ကို ဖော်ပြ ခြင်းမျှသာ ဖြစ်ပါတယ်။

 


၁၈။    ဂမ်ဘီယာမှ  ထုတ်ဖော်ထားသော အခြား “အရေးကြီးသော အထောက်အထား” မှာ အထွေထွေညီလာခံသို့ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဂမ်ဘီယာသမ္မတ ပြောကြားခဲ့ သည့် မိန့်ခွန်းနှင့်  ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၁ ရက်စွဲပါ သံတမန်စာ (Note Verbale) တို့ဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံက  ဒီအထောက်အထားသည် ဂမ်ဘီယာနိုင်ငံဟာ သူကိုယ်တိုင် အရေးယူဆောင်ရွက်ခဲ့တာတွေ၊ ကိုယ့်အမည်နဲ့ကိုယ် ဆောင် ရွက်ခဲ့ပြီး မိမိဆန္ဒအလျောက် လုပ်ဆောင်ခဲ့တာကို ပြသနေ တယ်လို့ ငြင်းဆိုနေပုံရပါတယ်။ 

 


၁၉။    သို့သော် ထိုအချက်သည် အရေးမပါလှပါ။ နိုင်ငံတစ်နိုင်ငံသည် တတိယအဖွဲ့အစည်း၏ ကိုယ်စား proxy အဖြစ် ဆောင်ရွက် သည့် ကိစ္စများတွင် proxy သည် ပုံမှန်အားဖြင့် သက်ဆိုင်ရာ  လုပ်ငန်းရပ်များကို       ၎င်း၏အမည်ဖြင့်      ၎င်းကိုယ်တိုင် လုပ်ဆောင်မည်ဖြစ်ပြီး လုပ်ရမည့်လမ်းကြောင်းအတိုင်း မိမိ ဆန္ဒနဲ့ လုပ်ဆောင်သွားမည်ဖြစ်ပါတယ်။ ၎င်း၏ proxy အဖြစ် တတိယအဖွဲ့အစည်းကိုယ်စား မိမိဆန္ဒအလျောက်  လုပ်ဆောင် ရန်  အကြောင်းပြချက်များစွာ  ရှိနိုင်သော်လည်း  ဂမ်ဘီယာက ပြောသည့်အတိုင်း     စိတ်ဆန္ဒလှုံ့ဆော်မှုသည်      တရားစီရင် ပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များနှင့်     မသက်ဆိုင်ပါ။      ထို့ကြောင့် လျှောက်ထားသူနိုင်ငံသည် ၎င်း၏အမည်ဖြင့် ဆန္ဒအလျောက်  ဆောင်ရွက်ပေးနေခြင်း ရှိ-မရှိမေးရန်မဟုတ်ပါ။ မေးစရာမှာ ၎င်းသည် ၎င်း၏ကိုယ်ပိုင်အမည်ဖြင့် လုပ်ဆောင်နေသော ဆန္ဒ အလျောက်     လုပ်ဆောင်မှုများသည်      အမှန်တကယ်တွင် တတိယအဖွဲ့အစည်း၏ကိုယ်စား      တတိယအဖွဲ့အစည်း၏ proxy အဖြစ် ဆောင်ရွက်နေခြင်းရှိ၊ မရှိဖြစ်ပါတယ်။ သက်သေ အထောက်အထားအပေါ်မူတည်ပြီး အချက်အလက်မေးခွန်းကို  ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

 


၂၀။    အတိုချုံးပြောရရင် ဂမ်ဘီယာနိုင်ငံ၏ ပထမအကြိမ် လျှောက်လဲ ချက်မှာ ဘာမှထူးထူးခြားခြား မတင်သွင်းနိုင်ပါဘူး။ ပြီးခဲ့သည့် အကြိမ်က တရားရုံးသို့ တင်သွင်းခဲ့သည့် အချက်အလက်များ အတိုင်းပဲ ရှိနေပါတယ်။ 

 


၂၁။    ဂမ်ဘီယာနိုင်ငံရဲ့ ပြောကြားချက်နဲ့ ဆန့်ကျင်ပြီး ၎င်းတို့အနေနဲ့ အခြားမှ အထောက်အပံ့ရယူပြီး တရားလိုဖြစ်ချင်ရုံ အကြောင်း ပြချက်တစ်ခုနဲ့ ဒီကိစ္စဟာ မြန်မာရဲ့အမှုမဟုတ်ပါဘူး။ မြန်မာ နိုင်ငံက    ယခင်ကတည်းက   တင်ပြထားသည့်     အခြေအနေ အကြောင်းအရာများကြောင့် OIC ကသာ တရားလိုအမှန်စင်စစ်  ဖြစ်တယ်လို့ အခိုင်အမာ ပြောကြားလိုပါတယ်။ အသေးစိတ်တွေ ထပ်မပြောတော့ပါဘူး။ သက်သေအထောက်အထားတွေအရ အစ္စလာမ္မစ်   ထိပ်သီးအစည်းအဝေးမှာ  OIC ကိုယ်စား OIC ကော်မတီက အမှုတင်သွင်းပေးဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် OIC ရဲ့   နိုင်ငံခြားရေးဝန်ကြီးများကောင်စီ   သီးခြားကော်မတီက ဖွဲ့စည်းခဲ့တဲ့ OIC ကော်မတီက ယခုအမှု တင်သွင်းဖို့ အဆိုပြု ခဲ့ပါတယ်။ အဲဒီနောက် OIC မှ ဂမ်ဘီယာနိုင်ငံအနေနဲ့ တရားလို နိုင်ငံအဖြစ်    ဆောင်ရွက်ပေးနိုင်ရေး   အဆိုပြုပြောကြားခဲ့ပြီး ဂမ်ဘီယာနိုင်ငံမှလည်း သဘောတူ လက်ခံခဲ့ပါတယ်။ ဒီဟာက OIC က ဂမ်ဘီယာကို ကူညီတာထက် ဂမ်ဘီယာက OIC ကို ပံ့ပိုးကူညီတာထက်နဲ့ ပိုတူပါတယ်။ 

 


၂၂။    ဥပဒေကြောင်းပြဿနာနဲ့ ပတ်သက်တဲ့အချက်ကို ရှင်းလင်း သွားပါမယ်။ တတိယနိုင်ငံ အဖွဲ့အစည်းကို ကိုယ်စားပြုတရား စွဲဆိုပေးသည့်နိုင်ငံ (proxy States) ကိစ္စမျိုးအရင်က ပေါ်ပေါက် ခဲ့တာ မျိုးမရှိသေးပါဘူး။ အချက် (၂) ချက်နဲ့ ဖြေကြားသွား ပါမယ်။ 

 


၂၃။    ပထမအချက်အနေနဲ့ ဂမ်ဘီယာ၏ ပြောကြားချက်နဲ့ဆန့်ကျင်ပြီး တရားရုံးဥပဒေရဲ့  အပိုဒ်  ၃၅၊ အပိုဒ်ခွဲ ၁ ဟာ မြန်မာနိုင်ငံ၏ လျှောက်ထားမှုကို   အလဲထိုးစေနိုင်သည့်   အချက်မရှိပါဘူး။ ၎င်းအပိုဒ်သည်    မြန်မာနိုင်ငံ၏    လျှောက်ထားချက်အပေါ် သက်ရောက်မှု လုံးလုံးလျားလျား မရှိပါဘူး။ 

 


၂၄။     ဒီပြဋ္ဌာန်းချက်က တရားရုံးအနေနဲ့ လက်ရှိတည်ဆဲစာချုပ်ဝင် နိုင်ငံများအားလုံးကို ဖွင့်ပေးထားသည်လို့ပဲ ပါပါတယ်။ 

 


၂၅။    အခြားကိစ္စများမှလွဲပြီး ဒီအချက်သည် အပြည်ပြည်ဆိုင်ရာ တရားရုံးရဲ့    Statute   အပိုဒ်  ၃၄၊  အပိုဒ်ခွဲ ၁ ပါ တရားရုံး ရှေ့မှောက်သို့ ရောက်ရှိလာသောအမှုများတွင် အမှုရင်ဆိုင်ကြ သူများမှာ နိုင်ငံများသာလျှင်ဖြစ်တယ်ဆိုတဲ့အချက်ကို ဘယ်လို နည်းနဲ့မှ အရည်အချင်းပြည့်မီခြင်း သို့မဟုတ် ခြွင်းချက်တစ်ခု ဖန်တီးနိုင်ခြင်းမရှိပါဘူး။ အပိုဒ် ၃၅၊ အပိုဒ်ခွဲ ၁ မှာ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများ သို့မဟုတ် အခြားသော နိုင်ငံမဟုတ် သည့် အဖွဲ့အစည်းများမှ ရုံးတော်တွင် အမှုလျှောက်ထားနိုင် ကြောင်း မညွှန်းဆိုထားပါဘူး။ ဒါ့အပြင်  အပိုဒ် ၃၅၊ အပိုဒ်ခွဲ ၁ ပါ တရားရုံးက ပြဋ္ဌာန်းထားတဲ့ ဥပဒေအရ အဖွဲ့ဝင်နိုင်ငံဖြစ်ရုံနဲ့ တင်သွင်းလာတဲ့ ဘယ်အမှုကိုမဆို လက်ခံစီရင်နိုင်တယ်လို့ မဆိုလိုပါဘူး။ 

 


၂၆။    အပိုဒ် ၃၄၊ အပိုဒ်ခွဲ  ၁  နဲ့ပတ်သက်ပြီး အရင်က တင်ပြခဲ့တဲ့ အချက်များသည် အပုဒ် ၃၅၊ အပိုဒ်ခွဲ ၁ ကို အတူတူ အကျုံး ဝင်ပြီး နောက်ဆုံးပြဋ္ဌာန်းချက်သည် ပို၍ပြဋ္ဌာန်းဖော်ပြခြင်း မရှိပါဘူး။ ဂမ်ဘီယာနိုင်ငံက အခုအမှုနဲ့ပတ်သက်ပြီး ကိုးကား တဲ့ ပညာရပ်ဆိုင်ရာစာသားများသည် တရားရုံးရှေ့မှောက်ရှိတဲ့ ကိစ္စရပ်ကို ဖြေရှင်းမှုမရှိဘဲ  မြန်မာနိုင်ငံရဲ့ တင်ပြချက်တွေနဲ့ လည်း ကိုက်ညီမှုမရှိပါဘူး။ 

 


၂၇။    ဒုတိယအချက်အနေနဲ့ ဂမ်ဘီယာနိုင်ငံဟာ တစ်ချက်က နိုင်ငံ တစ်နိုင်ငံရဲ့    တရားစွဲဆိုလိုတဲ့     အရင်းခံအကြောင်းတရား ဆိုတဲ့အချက်နဲ့    တရားလိုနိုင်ငံအနေနဲ့       အခြားတစ်နိုင်ငံ သို့မဟုတ်  အဖွဲ့အစည်းကိုယ်စား  အမှုတင်သွင်းခြင်း  ရှိ-မရှိ မေးခွန်းစတဲ့    မတူညီတဲ့ကိစ္စနှစ်ခု      ပေါင်းထားပါတယ်။ ဂမ်ဘီယာနိုင်ငံက တရားလိုအနေနဲ့ အခြားတစ်နိုင်ငံ သို့မဟုတ်  အဖွဲ့အစည်းက   အမှုတင်သွင်းချင်လို့   အမှုတင်သွင်းခဲ့တယ် ဆိုရင်တောင် ဒီလိုလုပ်တာက တရားလိုနိုင်ငံရဲ့ ဆောင်ရွက် လိုတဲ့ စေ့ဆော်မှုသာဖြစ်ပြီး ဒီစေ့ဆော်မှုဟာ တရားစီရင်ပိုင်ခွင့်နဲ့ မသက်ဆိုင်ကြောင်း ငြင်းဆိုထားပါတယ်။ ဒီလိုပြောကြားမှုဟာ  မမှန်ပါဘူး။ နိုင်ငံများ သို့မဟုတ် အမှုတင်သွင်းနိုင်ခြင်းမရှိတဲ့  အဖွဲ့အစည်းများကိုယ်စား အမှုတင်သွင်းသည့်  နိုင်ငံ (Proxy  states)  အသုံးပြု၍  အမှုတင်သွင်းခြင်းသည်  အပြန်အလှန်  အကျိုးရှိမှုက ရိုးဖြောင့်မှုနဲ့ ထိရောက်မှုဆိုင်ရာ စည်းမျဉ်းများနဲ့ ဆန့်ကျင်ဘက်  ဖြစ်နေတယ်ဆိုတာကို  ပြောကြားပြီးဖြစ်တဲ့ အတွက်   ကျွန်တော့်အနေနဲ့  လျှောက်လဲပြီးအချက်များကို  ထပ်ခါတလဲလဲ     ပြောကြားမှာမဟုတ်ပါဘူး။    တတိယအဖွဲ့ အစည်းတစ်ခုကိုယ်စား အမှုတင်သွင်းခြင်းဟာ စေ့ဆော်မှုသည် စီရင်ပိုင်ခွင့်အတွက် သက်ဆိုင်မှုမရှိဘူး ဆိုသည့် စည်းမျဉ်းကို ကောင်းကောင်းကျော်လွန်သည့် စည်းမျဉ်းနှင့် ကိစ္စများကို ထိတွေ့စေပါသည်။ ဒီသိသာထင်ရှားမှုသည် “အတုအပ” မှ ဝေးကွာပါတယ်။ 

 


ကနဦး ကန့်ကွက်လွှာ စတုတ္ထအချက်
ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိ တရားသူကြီးမင်းများခင်ဗျာ -


၂၈။    ကနဦးကန့်ကွက်လွှာ  စတုတ္ထအချက်ကို  ဆက်လက်တင်ပြ လျှောက်လဲသွားပါမယ်။ 

 


၂၉။    ဥပဒေ အခြေခံစည်းမျဉ်းများနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက စာနဲ့ပေးပို့ထားတဲ့   ကနဦးကန့်ကွက်လွှာမှာ   ဖော်ပြထားတဲ့ ဘယ်အချက်ကိုမှ မပစ်ပယ်ထားပါဘူး။ 

 


၃၀။    စီရင်တွဲဥပဒေမှာပါတဲ့ အငြင်းပွားမှုနဲ့ပတ်သက်တဲ့ ကျွန်တော် မှတ်သားရတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အချို့က အမှန်တကယ်က  အငြင်းပွားမှု ရှိ-မရှိ ဆုံးဖြတ်ရန် သက်ဆိုင်မည့် အခြေခံမူများက အနည်းငယ် ကျယ်ပြန့်လွန်းပါတယ်။ မှန်ကန်သော အခြေခံ မူများဟာ ရေးသားတင်ပြချက်များနဲ့ နှုတ်နဲ့လျှောက်လဲချက် များတွင်  ပါပြီးဖြစ်တယ်လို့  မြန်မာက  အတည်ပြုပါတယ်။ ကျွန်တော့်အနေနဲ့ တရားလိုနဲ့တရားပြိုင် နှစ်ဖက်လုံးအနေနဲ့ တစ်ဖက်စီရဲ့    ရပ်တည်ချက်ကို     အရင်သိအောင်လုပ်ရန် လိုအပ်ချက်ရှိရမည်ဟု Marshall Islands အမှုနဲ့ ရှင်းပြခဲ့ပြီး ဖြစ်ပါတယ်။    ဂမ်ဘီယာရဲ့   စွပ်စွဲတာနဲ့မတူစွာ      တရားရုံး ရှေ့မှောက်အမှုတင်သွင်းတဲ့အပေါ်    အထက်ပါလိုအပ်ချက်က တရားပြိုင်ကို    “silent veto”     ပေးမထားပါဘူးဆိုတာကို ကျွန်တော့်အနေနဲ့ ရှင်းပြပြီးဖြစ်ပါတယ်။ 

 


၃၁။    ဂမ်ဘီယာပြောသလို ကျွန်တော့်အနေနဲ့ တရားယှဉ်ပြိုင်ဘက် တွေဟာ    တရားရုံးရှေ့မှောက်အမှုမတင်သွင်းမီ     ကြိုတင် ညှိနှိုင်းရမယ်လို့ မပြောခဲ့ပါဘူး။ တရားယှဉ်ပြိုင်ဘက်တွေဟာ  တစ်ဖက်ရဲ့ရပ်တည်ချက်ကို   တစ်ဖက်မှ  သိပြီးသားဖြစ်နေ ရမယ်လို့သာ ပြောခဲ့ခြင်းဖြစ်ပါတယ်။ နှစ်ဖက်အကြား ညှိနှိုင်း ဆွေးနွေးခြင်းမလုပ်ဘဲ ဆန့်ကျင်နေတဲ့ ရပ်တည်ချက်ကို သိနိုင် ပါတယ်။ ဒါက ဖြစ်ရိုးဖြစ်စဉ် အခြေအနေတစ်ခု ဖြစ်ပါတယ်။  ကျွန်တော့်အနေနဲ့ တရားရုံးသို့မရောက်မီ တရားယှဉ်ပြိုင်ဘက် တွေအကြား ခင်မင်ရင်းနှီးစွာဖြေရှင်းနိုင်ရေး ကြိုးပမ်းကြရမယ် လို့ မပြောခဲ့ပါဘူး။ ယင်းအစား တရားရုံးဟာ အငြင်းပွားမှုများကို တိုက်ရိုက်နဲ့ကောင်းမွန်စွာ ဖြေရှင်းနိုင်တဲ့ ရွေးချယ်စရာ အခြား နည်းလမ်းတစ်ခုဖြစ်တယ်လို့သာ  ပြောခဲ့ပါတယ်။ ခင်မင်ရင်းနှီး စွာ  ဖြေရှင်းနိုင်တဲ့  အငြင်းပွားမှုဖြစ်နိုင်တာကလွဲပြီး  တရား  စွဲဆိုနိုင်ဖို့   ရည်ရွယ်ချက်များအတွက်   အငြင်းပွားမှုဆိုတာ ရှိမှာမဟုတ်ပါ။ ဒီအကြောင်းအချက်တွေကြောင့် တရားလိုနဲ့ တရားပြိုင်နှစ်ဖက်လုံးမှ တစ်ဖက်စီရဲ့အမြင်ကို အရင်သိရှိရန် လိုအပ်ပါတယ်။ 
၃၂။    ဂမ်ဘီယာနိုင်ငံရဲ့ ထင်မြင်ချက်နဲ့မတူစွာ ကျွန်တော့်အနေနဲ့ တရားလိုဟာ ၎င်းရဲ့ စွပ်စွဲချက်ကို အမှုလျှောက်လွှာ (မူကြမ်း) မျှဝေတာလိုမျိုး အသေးစိတ် ရှင်းရှင်းလင်းလင်း တရားပြိုင် ဖြစ်လာဖွယ်ရှိသူကို ထုတ်ဖော်ပြောဆိုရမယ်လို့ မပြောခဲ့ပါဘူး။ တကယ်က   အနိမ့်ဆုံး  အချက်အလက်တွေ  ရှိဖို့လိုအပ်တယ် လို့သာ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

 


၃၃။    ဂမ်ဘီယာနိုင်ငံက ထင်မြင်ချက်နဲ့ ဆန့်ကျင်ပြီး the Court’s case law မှာ တရားပြိုင်အနေနဲ့ တုံ့ပြန်မှုတစ်စုံတစ်ရာမပြုလုပ်ဘဲ တိတ်ဆိတ်နေခြင်းဟာ ဘယ်အချိန် အတိုင်းအတာ အထိ ထင်ရှားစွာ ဆန့်ကျင်နေတယ်လို့ သတ်မှတ်ရန်အချက် မဖော်ပြထားပါဘူး။  တုံ့ပြန်ဖြေကြားဖို့တောင်းဆိုခြင်း ရှိ-မရှိ မေးခွန်းအနေနဲ့ကတော့ ကိစ္စတစ်ခုချင်းစီအပေါ် မူတည်ပြီး ဆောင်ရွက်သွားရမယ်ဆိုတာ ရှင်းပါတယ်။ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံဟာ တုံ့ပြန်ဖြေကြားဖို့ အချိန်အကန့်အသတ်မရှိ ရခွင့်ရှိတယ်လို့   မဆိုလိုပါဘူး။  အဲဒီသံတမန်စာက     တုံ့ပြန် ဖြေကြားဖို့ မတောင်းဆိုခဲ့ဘူး၊ တကယ်လို့ တောင်းဆိုခဲ့တယ် ဆိုရင်တောင်     မြန်မာနိုင်ငံဘက်မှ     ပြန်လည်ဖြေကြားဖို့ လုံလောက်တဲ့အချိန်က (၁) လထက်တော့ ကျော်ပါလိမ့်မယ်။

 


၃၄။    ရှေ့မှာစာနဲ့ရော  နှုတ်နဲ့လျှောက်လဲချက်မှာရော  အကြောင်း ပြချက်များနဲ့ ရှင်းပြထားတဲ့အတိုင်း ၂၀၁၉ ခုနှစ်၊ အောက်တို ဘာလ   ၁၁   ရက်တွင်    ပေးပို့ခဲ့သော    သံတမန်စာမှလွဲပြီး ဂမ်ဘီယာက ဆောင်ရွက်ခဲ့တဲ့ကိစ္စများဟာ အငြင်းပွားမှုဖြစ်ပေါ် စေရန် လုပ်ဆောင်ချက်များဟု ဆိုနိုင်မည်မဟုတ်ပါ။ 

 


၃၅။    သံတမန်စာ (Note Verbale) မှာ ဘာအချက်မှ ဖော်ပြမထားတာ အမှန်အကန်ပင် ဖြစ်ပါတယ်။ အဲဒီသံတမန်စာမှာ FFM အစီရင် ခံစာနဲ့ အိုအိုင်စီရဲ့ အဆိုဆုံးဖြတ်ချက်ပါ အချက်အလက်များ ကိုသာ ကိုးကားဖော်ပြထားတာ ဖြစ်ပါတယ်။ ဒါ့အပြင်ဂမ်ဘီယာ အနေနဲ့ FFM အစီရင်ခံစာမှာပါသော မူလသက်သေအထောက် အထားတွေကို ပံ့ပိုးပေးခဲ့တဲ့ မျက်မြင်သက်သေအဖြစ် ဖြေကြား ပေးခဲ့သူများနဲ့    တွေ့ဆုံနိုင်ခဲ့တယ်ဆိုတဲ့    အချက်မရှိတာလဲ အမှန်အကန်ဖြစ်ပါတယ်။ စာနဲ့ရော နှုတ်နဲ့ လျှောက်လဲချက် တွေမှာ   ရှင်းပြပြီးဖြစ်တဲ့အတွက်   ဒီသံတမန်စာက  တုံ့ပြန် ဖြေကြားချက်ပေးရန် တရားဝင်တောင်းဆိုမှု မဟုတ်ပါ။ 

 


၃၆။    ဂမ်ဘီယာနိုင်ငံမှ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်စွဲဖြင့် သံတမန်စာကို     မပေးပို့မီ   ၂၀၁၉   ခုနှစ်၊   စက်တင်ဘာလ ၂၆ ရက်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကြေညာခဲ့တာ ဟာ  ဒီတရားရုံးရှေ့မှောက်မှာ  အမှုတင်သွင်းရန်  ရည်ရွယ် ခဲ့ခြင်းဖြစ်ပြီး သံတမန်စာဟာ ကြိုတင်အငြင်းပွားမှု လိုအပ်ချက် အဖြစ် ထည့်သွင်းစဉ်းစားသင့်တယ်လို့ မဆိုလိုပါဘူး။ ဂမ်ဘီယာ နိုင်ငံက အမှန်တကယ် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်မှာ တရားရုံးရှေ့မှောက် ဒီအမှုကို တင်သွင်းရန် ရည်ရွယ်ကြောင်း  လူသိရှင်ကြား တစ်ကြိမ် ကြေညာခဲ့ပါတယ်။ အဲဒီအချက်ကို သံတမန်စာမှာ    ထည့်သွင်းဖော်ပြရန်    ပျက်ကွက်ခဲ့မှုဟာ ဥပဒေကြောင်းအရ    တောင်းဆိုတဲ့   စာတမ်းအမှတ်အသား မဟုတ်ဘူးဆိုတာကို ပိုမိုခိုင်မာစွာ ကောက်ချက်ချနိုင်ပါတယ်။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက် နောက်ပိုင်းမှာ  သံတမန် စာက ဥပဒေကြောင်းအရ တောင်းဆိုမှုတစ်ခုအဖြစ် တရားရုံး ရှေ့သို့ အမှုတင်သွင်းရန် ရည်ရွယ်ချက်ကို ညွှန်းဆိုနိုင်မယ်လို့ မျှော်လင့်ချက်ကြီးကြီးမားမား ရှိခဲ့ပါလိမ့်မယ်။ 

 


ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိ တရားသူကြီးမင်းများခင်ဗျာ -


၃၇။    ဒီမှာ ကျွန်တော့်ရဲ့ မြန်မာနိုင်ငံ ကနဦးကန့်ကွက်လွှာရဲ့ ပထမနဲ့ စတုတ္ထ   ကန့်ကွက်ချက်   ပြီးဆုံးပြီဖြစ်ပါတယ်။  Professor Talmon   မှ   ဒုတိယကန့်ကွက်ချက်    တင်သွင်းသွားနိုင်ရေး အတွက် ဖိတ်ခေါ်ပါတယ်။ 
*******