Genocide Convention အရ လျှောက်ထားသောအမှု (ဂမ်ဘီယာနိုင်ငံ နှင့် မြန်မာနိုင်ငံ) ၂၁-၂-၂၀၂၂ Professor Mr. Robert Kolb ၏ လျှောက်လဲတင်ပြချက် ကနဦးကန့်ကွက်လွှာ တတိယအချက်

 

ဥက္ကဋ္ဌနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းများခင်ဗျာ၊

 

၁။    ကျွန်တော့်အနေဖြင့် မြန်မာနိုင်ငံအစိုးရ၏ ကနဦးကန့်ကွက်လွှာ တတိယအချက်နှင့်  စပ်လျဉ်း၍ လျှောက်လဲတင်ပြမှာဖြစ်ပါတယ်။ အဆိုပါကန့်ကွက်ချက်သည်  Genocide Convention ၏ Article VIII ကို မြန်မာနိုင်ငံက ခြွင်းချက်ပြုထားခြင်းနှင့် သက်ဆိုင်ပါတယ်။ ဤအကြောင်းအရာသည် ယခုအမှုတွင် စီရင်ပိုင်ခွင့်ရှိမှု၏ အတိုင်းအတာ ပင် ဖြစ်ပါတယ်။

 

၂။    ဥပဒေရှုထောင့်မှ လေ့လာတင်ပြခြင်းမပြုမီ  သတိပြုချိန်ဆရန် အချက်တစ်ခုကို   ကျွန်တော့်အနေနဲ့တင်ပြဖို့   လိုအပ်လာပါတယ်။ ယနေ့ကာလမှာ  ကျွန်တော်တို့အနေဖြင့် ပညာရှင်များ၏ ရှုထောင့်များ ကို အလေးထားရန်  လိုအပ်လာပါတယ်။  ယင်းအချက်များသည် ကနဦးကန့်ကွက်ချက်များနှင့်   သက်ဆိုင်နေပြီး    ဘက်မလိုက်ဘဲ ဓမ္မဓိဋ္ဌာန်ကျသည့်  နည်းလမ်းဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါတယ်။ 

 

၃။    ခြွင်းချက်ပြုခြင်းနှင့်စပ်လျဉ်းသည့် တတိယကန့်ကွက်ချက် သည် တရားစွဲဆိုခွင့်ရှိခြင်းနှင့် စပ်လျဉ်းသည့် ဒုတိယကန့်ကွက်ချက် အတွက် အခြားနည်းတင်ပြချက်တစ်ရပ် ဖြစ်ပါတယ်။ တရားရုံးအနေ ဖြင့် ဒုတိယကန့်ကွက်ချက်ကိုလက်ခံခဲ့လျှင်  ယခု  ကန့်ကွက်ချက်အပေါ် ဆက်လက်သုံးသပ်ရန်    လိုအပ်တော့မည်မဟုတ်ပါ။   အပြန်အလှန် ပြောလျှင်လည်း မှန်ပါတယ်။ အကယ်၍ တရားရုံးက  ဤကန့်ကွက် ချက်ကို   လက်ခံခဲ့လျှင်   ဒုတိယကန့်ကွက်ချက်အပေါ်    ဆက်လက် သုံးသပ်ရန် လိုအပ်တော့မည်မဟုတ်ပါ။

 

၄။     Genocide Convention ၏ Article VIII နှင့် ယခုအမှုတွင် အငြင်းထွက်နေသည့် ခြွင်းချက်ပြုခြင်းတို့အပေါ်   အနည်းငယ် တင်ပြ လိုပါတယ်။

 

၅။    Genocide Convention ၏ Article VIII တွင် ဖော်ပြထားသည် မှာ “စာချုပ်ဝင်နိုင်ငံ   တစ်ခုခုသည်    Article III တွင်  ဖော်ပြပါရှိသည့် လူမျိုးတုံးသတ်ဖြတ်မှု   သို့မဟုတ်   အခြားပြုလုပ်မှုတစ်ရပ်ရပ်ကို တားဆီးကာကွယ်ရေးအတွက် ကုလသမဂ္ဂပဋိညာဉ် စာချုပ်နှင့်အညီ လိုအပ်သည့် စီမံဆောင်ရွက်မှုများ ပြုလုပ်ရန် ကုလသမဂ္ဂ၏ အခွင့် အာဏာရှိသော အဖွဲ့အစည်းများသို့ တင်ပြနိုင်သည်” ဟု ဖြစ်ပါတယ်။ 

 

၆။     မြန်မာနိုင်ငံက  Article VIII ကို ခြွင်းချက်ပြုထားသည်ကို အင်္ဂလိပ်ဘာသာမူရင်းဖြင့် ဖော်ပြရလျှင် “Article VIII နှင့်စပ်လျဉ်း၍ အဆိုပါပြဋ္ဌာန်းချက်သည်   ပြည်ထောင်စု  မြန်မာနိုင်ငံတွင်  အကျိုး သက်ရောက်ခြင်းမရှိကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံက ခြွင်းချက် ပြုသည်” ဟု ဖြစ်ပါတယ်။ 
Article VIII ၏ အကျိုးသက်ရောက်မှု
ကုလသမဂ္ဂ၏ အဖွဲ့အစည်းများ

 

၇။    ပထမမေးခွန်းမှာ  Article VIII သည်  ကုလသမဂ္ဂ၏ အဖွဲ့ အစည်းအားလုံးနှင့်  အကျုံးဝင်ခြင်း ရှိ မရှိဆိုသည့် မေးခွန်းဖြစ်ပါတယ်။ ဆိုလိုသည်မှာ  အပြည်ပြည်ဆိုင်ရာတရားရုံး  ပါဝင်သလားဆိုသည့် အချက် ဖြစ်ပါတယ်။  အပြည်ပြည်ဆိုင်ရာတရားရုံးသည် ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်  Article 7,  Section 1 အရ ကုလသမဂ္ဂ၏ အဓိက အဖွဲ့အစည်းအဖြစ်  တရားဝင်ရပ်တည်လျက်ရှိပါတယ်။ ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်၏ Article 92 တွင် အပြည်ပြည်ဆိုင်ရာတရားရုံးကို ကုလသမဂ္ဂ၏  အဓိက တရားစီရင်ရေး အဖွဲ့အစည်းအဖြစ် သတ်မှတ် ထားပါတယ်။ 

 

၈။    ဖော်ပြပါ ပြဋ္ဌာန်းချက်များအရ Article VIII တွင် အပြည်ပြည် ဆိုင်ရာတရားရုံး ပါဝင်သည်ဟု သံသယဖြစ်ဖွယ်မရှိ  နားလည်ရမည် ဖြစ်ပါတယ်။ အဆိုပါပြဋ္ဌာန်းချက်များမှာ  ရှင်းလင်းပြီး ဒွိဟဖြစ်ရန် အကြောင်းမရှိကြောင်း  တွေ့ရှိရပါတယ်။ အဆိုပါ ပြဋ္ဌာန်းချက်များသည် ကန့်သတ်ချက်  သို့မဟုတ် အတားအဆီးတစ်စုံတစ်ရာလည်းမရှိပါ။ “ကုလသမဂ္ဂ၏ သက်ဆိုင်သည့်အဖွဲ့အစည်းများ”   ဆိုသည်တွင်  တရားသူကြီးမင်းများ ကိုယ်တိုင်လည်း ဖြစ်ပါတယ်။  ဤနေရာတွင် ကန့်သတ်ချက်တစ်ရပ်ရပ်ကို မည်သည့်နေရာတွင် မိမိတို့ တွေ့မြင်မိ ပါသလဲ။ 

 

၉။    မြန်မာနိုင်ငံ၏   ကနဦးကန့်ကွက်လွှာတွင်  ဤသို့ ထည့်သွင်း ကောက်ယူမှုကို  အခိုင်အမာ  တင်ပြထားပါတယ်။ အချို့က Article VIII သည်  လုံခြုံရေးကောင်စီနှင့်  အထွေထွေညီလာခံတို့ဖြစ်သော နိုင်ငံရေးဆိုင်ရာ  အဖွဲ့အစည်းတို့ကိုသာ  ကန့်သတ်ထားသည်ဟု ဆိုကြသော်လည်း   အပြီးသတ်ပြဋ္ဌာန်းချက်တွင်  ထိုသို့ခွဲခြားဖော်ပြထားခြင်းမရှိဘဲ  ကုလသမဂ္ဂ၏အဖွဲ့အစည်းများဟု ဖော်ပြထားပါတယ်။ အဆိုပါဖော်ပြချက်မှာ ရှင်းလင်းပြီး အငြင်းပွားဖွယ်မရှိပါ။

 

၁၀။     သို့ရာတွင် ၁၉၉၃ ခုနှစ် Genocide Case တွင်   တရားရုံး၏ ကြားဖြတ်စီမံဆောင်ရွက်မှု အမိန့်၌ တရားရုံးအနေဖြင့် ဤမေးခွန်းကို ဖြေဆိုခဲ့ခြင်းမရှိပါ။ တရားရုံးက ဖော်ပြခဲ့သည်မှာ “Article VIII အရ တရားရုံးကို   ကုလသမဂ္ဂ၏  အခွင့်အာဏာရှိသော အဖွဲ့အစည်းများ အနက်  အဖွဲ့အစည်းတစ်ခုအဖြစ် မှတ်ယူနိုင်သည်ဟု သုံးသပ်သည်” ဟု ဖြစ်ပါတယ်။   မည်သို့ကြောင့်ပါနည်း။    ကျွန်တော့်အမြင်တွင် အကြောင်းအရင်းနှစ်ရပ်ရှိကြောင်း  တွေ့ရှိရပါတယ်။ ပထမအကြောင်း အရင်းမှာ   နိုင်ငံများအကြား  တရားရင်ဆိုင်ဖြေရှင်းမှု၏  အကျိုးရလဒ် မရှိဘဲ   ကြားဖြတ်စီမံဆောင်ရွက်မှု၏   ကနဦးပဏာမအဆင့်တွင် ပထမဆုံးအကြိမ်အဖြစ် တရားရုံးရှေ့ရောက်ရှိလာသော ဥပဒေဆိုင်ရာ မေးခွန်းနှင့် စပ်လျဉ်း၍ တရားရုံးက မလိုလားအပ်သောအခြေအနေ မပေါ်ပေါက်စေခဲ့ခြင်း ဖြစ်ပါတယ်။ ဒုတိယအကြောင်းရင်းမှာ အဆိုပါ အမိန့်တွင် ပေါ်ပေါက်သည့်မေးခွန်းမှာ Article VIII သည် တရားရုံး ၏ပဋိညာဉ် (Statute) နှင့် စပ်လျဉ်း၍ တရားရုံးအပေါ် အခွင့်အာဏာ ပိုမိုအပ်နှင်းခြင်း ရှိ မရှိ  ဆိုသည့်  မေးခွန်းသာလျှင်   ဖြစ်ပါတယ်။ တရားရုံးက ယင်းအချက်ကို   ငြင်းပယ်ထားပါတယ်။   ဆက်လက် ဖော်ပြရန် လိုအပ်ခြင်း  မရှိတော့ပါ။ အချုပ်အားဖြင့် ဤစီရင်ထုံးသည် Article VIII   ၏ ရှင်းလင်းသော   ပြဋ္ဌာန်းချက်အဓိပ္ပာယ်ကို  အားလျော့ စေခြင်း မရှိပါ။ 

 

၁၁။     တရားရုံး၏ အခြားသော စီရင်ဆုံးဖြတ်ချက်များတွင်လည်း မည်သို့ရှိပါသနည်း။  ဂမ်ဘီယာနိုင်ငံက အကြောင်းအရာ နှစ်ရပ်ကို ကိုးကားတင်ပြထားပါတယ်။ 

 

၁၂။    ပထမအချက်မှာ ယခုအမှု၏ ကြားဖြတ်စီမံဆောင်ရွက်မှုအမိန့် တွင် တရားသူကြီးများက ထည့်သွင်းဖော်ပြခဲ့သည့် “ကွန်ဗင်းရှင်း၏ Article VIII နှင့် Article IX တို့ကို ………….ကွဲပြားသည့် ကျင့်သုံးမှု နယ်ပယ်များရှိသည်ဟု   ဆိုနိုင်သည်။     ယခုအမှုတွင်   တရားရုံး၏ မေးခွန်းနှင့်သက်ဆိုင်သည်မှာ ကွန်ဗင်းရှင်း၏ Article IX သာလျှင်ဖြစ် သည်” ဆိုသောအချက်ဖြစ်ပါတယ်။ ယင်းဖော်ပြချက်သည် အမိန့်တွင် ပထမခန့်မှန်းချက် တစ်ရပ်မျှသာလျှင် ဖြစ်ပါတယ်။ အဆိုပါအမိန့်တွင် Article VIII နှင့် Article IX တို့အကြား  ဆက်နွှယ်မှုနှင့် ပတ်သက်သော ဥပဒေဆိုင်ရာမေးခွန်းကို တိကျစွာ မဖြေကြားရသေးပါ။ အဆိုပါအချက် အပေါ် ထပ်မံဆန်းစစ်လေ့လာရန် လိုအပ်ပါတယ်။ ယင်းနှင့်စပ်လျဉ်း၍ ယခုလျှောက်လဲချက်နောက်ပိုင်းတွင်   မိမိ ဆက်လက်တင်ပြမည် ဖြစ်ပါတယ်။ 

 

၁၃။     နောက်တစ်ချက်မှာ   ၂၀၀၇ ခုနှစ်  Genocide Case ဖြစ်ပြီး Article VIII သည်   နိုင်ငံရေးအဆင့်၌   လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးကာကွယ်ရန်အတွက်ဖြစ်ကြောင်းနှင့်    ဥပဒေကြောင်းအရ တာဝန်ရှိမှု ရှုထောင့်မှမဟုတ်ကြောင်း တရားသူကြီးများက ပြောကြား ခဲ့ပါတယ်။ ယင်းကို နားလည်၍ ရနိုင်ပါတယ်။ ယခုအမှုတွင် တရားရုံး ရှေ့ တင်ပြလာသည့်ကိစ္စမှာ  Article IX အရ ဖြစ်ကြောင်း တွေ့ရှိရ ပါတယ်။ ယင်းအတွက် ခြွင်းချက်ပြုထားခြင်း  မရှိခဲ့ပါဘူး။ သို့ဖြစ်၍ Article VIII သည် တရားစီရင်ရေးလုပ်ငန်းများအပေါ် ထပ်မံဖြည့်စွက် ရန် မရှိနိုင်ပါ။ အဆိုပါပြဋ္ဌာန်းချက်၏   အကျိုးသက်ရောက်မှုသည် ကုလသမဂ္ဂ၏    အခြားအဖွဲ့အစည်းများက    ဆောင်ရွက်နိုင်သည့် နိုင်ငံရေးဆိုင်ရာ    လုပ်ထုံးလုပ်နည်းများအတွက်သာ    ကန့်သတ် ထားခဲ့ပါတယ်။ 

 

၁၄။    ဂမ်ဘီယာက Genocide Convention ၏ Article VIII တွင်ပါ ရှိသည့်  “၎င်းတို့သင့်သည် ထင်မြင်လျှင် …………… အဆိုပါအရေးယူ ဆောင်ရွက်မှုကို ပြုလုပ်ရန်” ဟု ဖော်ပြချက်သည် အဆိုပါ ပြဋ္ဌာန်းချက် တွင်ပါဝင်သော     အဖွဲ့အစည်းများတွင်    တရားရုံး  ပါဝင်ခြင်းအပေါ် ဆန့်ကျင်နေသည်ဟု    ဖော်ပြခဲ့ပါတယ်။     အဆိုပါစကားရပ်သည် အရေးယူဆောင်ရွက်မှုတွင်  ဆုံးဖြတ်ပိုင်ခွင့်ကို  ရည်ညွှန်းပါတယ်။ တရားရုံးတွင် အဆိုပါ ဆုံးဖြတ်ပိုင်ခွင့်တစ်ရပ်ရပ် မရှိနိုင်ပါ။ သို့ဖြစ်၍ တရားရုံး၏   စီရင်ပိုင်ခွင့်သည်  Article VIII ပြဋ္ဌာန်းချက်တွင် ပါဝင်နိုင် မည်မဟုတ်ပါ။ 

၁၅။     ထိုသို့ ဖြစ်နိုင်ပါတယ်။ သို့သော် ယင်းအဓိပ္ပာယ်ဖွင့်ဆိုချက်သည် ထိရောက်မှုမရှိပါ။  ရှင်းလင်းစွာရေးသားထားသည့် အဆိုပါပြဋ္ဌာန်း ချက်သည် ဆောင်ရွက်နိုင်စွမ်းရှိသော  ကုလသမဂ္ဂ၏ အဖွဲ့အစည်း များကို   ကန့်သတ်ချက်မထားဘဲ  ရည်ညွှန်းထားပါတယ်။  သို့ဖြစ်၍ အဆိုပါ အဖွဲ့အစည်းများတွင် တရားရုံး ပါဝင်ပါတယ်။ ပြဋ္ဌာန်းချက်တွင် မဖော်ပြထားသော ကန့်သတ်ချက်ကို တရားရုံးမပါရှိဟု ဖော်ပြရန် အကြောင်းမရှိပါ။ ၎င်းပြဋ္ဌာန်းချက်ကို ပြင်ဆင်ရန် ဖြစ်နိုင်သော်လည်း ယခုကဲ့သို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်မည် မဟုတ်ပါ။   ဤသို့  ကန့်သတ် ချက်မထားသောဖော်ပြချက်အရ နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းများစွာ ကို ရည်ညွှန်းထားခြင်းဖြစ်ကြောင်း ယူဆ၍ရသော်လည်း အခြား တစ်ဖက်မှာ အဆိုပါစကားရပ်များသည် တရားရုံး ပါဝင်မှုအတွက် ယေဘုယျသဘောဖြင့်သာ ရည်ရွယ်ထားခြင်းလည်း မဟုတ်ပါ။

 

၁၆။     အတိအကျဆိုပါလျှင် Article VIII သည်   နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းရော တရားစီရင်ရေး အဖွဲ့အစည်းများနှင့်ပါ သက်ဆိုင် သည့်အတွက် ပို၍  ကျယ်ကျယ်ပြန့်ပြန့်  ပြည့်ပြည့်စုံစုံ   ပါဝင်မှုကို ခိုင်လုံစွာပြသနိုင်မည်ဖြစ်ပါတယ်။ ယင်းသည် လုပ်ထုံးလုပ်နည်း နှစ်ခုလုံးနှင့်   အကျုံးဝင်ပါတယ်။   ပြည့်စုံနေပြီးဖြစ်သည့်   ဝါကျ တစ်ကြောင်းကို စကားရပ်ဖြည့်စွက် ဖော်ပြချက်များဖြင့် ရှည်လျား သည့် ဝါကျမဖြစ်စေရန်   အဆိုပါ ပြဋ္ဌာန်းချက်က  ရှောင်ရှားထားပါ တယ်။ 

 


၁၇။    ထို့ပြင် “သင့်လျော်သည်ဟု  ယူဆသောကြောင့်……ထိုကဲ့သို့ သော ဆောင်ရွက်ချက်” ဟူသည့်   စကားရပ်များကို  တရားရုံးတွင် အလွယ်တကူအသုံးပြုနိုင်ပါတယ်။       တရားရုံးတွင်   ကာကွယ် စောင့်ရှောက်မှုအစီအမံများဖြစ်သည့် မိမိကိုယ်တိုင်  အရေးယူဆောင် ရွက်ခြင်း (proprio motu) ကို ဆောင်ရွက်ခွင့်ရှိပါတယ်။ ဤအချက် များသည် တရားရုံး၏ အသိအမှတ်ပြုမှုအပေါ်တွင် မူတည်ပါတယ်။ ယင်းအချက်များအပေါ်တွင်   တရားရုံး၏   ဆင်ခြင်တုံတရားဖြင့် ကျင့်သုံးမည်ဟု ကျွန်တော်တို့ပြောနိုင်ပါတယ်။ 

 

 

၁၈။    တရားရုံးသည်    နိုင်ငံရေးအဖွဲ့အစည်းများအတွက်   ဖွဲ့စည်း ထားသောကြောင့် လွှဲပြောင်းပေးသည့်ကိစ္စတွင်   တရားရုံးက  မည်သို့ ပြုလုပ်နိုင်ကြောင်း Article VIII တွင် ဘာကြောင့်  မဖော်ပြထား သနည်းဟု   တင်ပြရမည့်အခြေအနေ    ဖြစ်လာပါတယ်။ အဖြေမှာ တရားရုံးအနေဖြင့်  ဤကိစ္စတွင် ပါဝင်ဆောင်ရွက်ရန် မလိုသောကြောင့် ဖြစ်ပါတယ်။ တရားရုံးရဲ့ စီရင်ပိုင်ခွင့်ကို Article IX တွင် ဖော်ပြထား ပါတယ်။ Article VIII မှာ ထပ်ပြောစရာ မလိုအပ်ပါဘူး။ ဒါက ပြဋ္ဌာန်း ချက်ရဲ့ ရှင်းလင်းကောင်းမွန်တဲ့အကြောင်းပဲ ဖြစ်ပါတယ်။

 

၁၉။     ဂမ်ဘီယာမှ Article VIII ၏ အင်္ဂလိပ်ဘာသာဖြင့်  ပြဋ္ဌာန်းချက် တွင် “တောင်းဆိုနိုင်သည်” ဟုဆိုသောစကားရပ်ပါဝင်သည်ဆိုသည် ကို   လျှောက်လဲချက်တွင်   တစ်သဘောတည်း   တင်ပြခဲ့ပါတယ်။ ထိုတင်ပြချက်သည် တရားရုံး၏အရေးယူဆောင်ရွက်ချက်နှင့် ကိုက်ညီ မှုရှိရန် ခဲယဉ်းပါတယ်။    ကျွန်တော်တို့အနေဖြင့်   တရားရုံးအား “တောင်းဆိုနိုင်မည်” မဟုတ်ပါ။  

 

၂၀။     ကျွန်တော့်အနေဖြင့်   ပထမအချက်ကဲ့သို့ပင်   အလားတူ လျှောက်ထားတင်ပြရမည်   ဖြစ်ပါတယ်။   Article VIII ၏ မူရင်း အမှန်ဖြစ်သော ပြင်သစ်ဘာသာဖြင့်ပြဋ္ဌာန်းချက်တွင် အသုံးပြုထား သည့် “ရယူနိုင်သည်” “seize” စကားရပ်ကို ထည့်သွင်းတင်ပြရမည် ဖြစ်ပါသည်။  အဆိုပါ စကားရပ်က ဘာကိုဖော်ပြနေပါသနည်းဆိုလျှင် အဆုံးအဖြတ်ပေးနိုင်သောအချက်ကို  အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်း ချက်မှ ထုတ်နုတ်ပြသ၍ မရနိုင်ခြင်း ဖြစ်ပါတယ်။ 

 

၂၁။     ဂမ်ဘီယာနိုင်ငံက “ကုလသမဂ္ဂ၏ အခွင့်အာဏာရှိသော အဖွဲ့ အစည်းများ” ဆိုသော စကားရပ်ကို နိုင်ငံရေးအဖွဲ့အစည်းများကိုသာ ရည်ညွှန်းဖော်ပြထားသော    အခြားသဘောတူစာချုပ်များတွင် အသုံးပြုထားခြင်းအား ထည့်သွင်းပြောကြားထားပါတယ်။

 

၂၂။    ထိုသို့ပြောကြားချက်နှင့်စပ်လျဉ်း၍ မိမိအနေဖြင့် သံသယ မရှိပါ။ သို့သော် ဂမ်ဘီယာက ပေးထားသောဥပမာများအား လေ့လာ ကြည့်ပါ။ အဆိုပါပြဋ္ဌာန်းချက်များတွင် ပါဝင်သော  စာသားများသည် တစ်ခါတစ်ရံ နိုင်ငံရေးအဖွဲ့အစည်းများနှင့်သာ သက်ဆိုင်သည်ဆိုသော အချက်ကို  ရှင်းလင်းစွာဖော်ပြထားပါသည်။  ဥပမာအားဖြင့် လူ့အခွင့် အရေးဆိုင်ရာ     ကော်မရှင်သည်   အုပ်ချုပ်ခွင့်အပ်နှံခြင်းခံရသော နယ်ပယ်များ  သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရသောနယ်ပယ်များ နှင့် စပ်လျဉ်းသည့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ အချက်အလက် များကို တောင်းဆိုနိုင်သော အခွင့်အာဏာရှိပါသည်။  Genocide Convention ၏ Article VIII ကိုလည်း   ကျွန်တော်တို့အနေဖြင့် အလားတူ  ကောက်ယူနိုင်ပါသလား။  ကျွန်တော့်အနေဖြင့် ထိုသို့ မယူဆပါ။   ထိုပြဋ္ဌာန်းစာသားကို    တမင်ထည့်သွင်းဖော်ပြထား ခြင်းဖြစ်ပြီး   ထုတ်ပယ်ထားခြင်း  မရှိပါဘူး။  ဒီအချက်က  အဓိက ကွာခြားချက် ဖြစ်ပါတယ်။
Article VIII နှင့် Article IX  တို့အကြား ဆက်နွှယ်မှု

 

၂၃။     ကွန်ဗင်းရှင်း၏  Article VIII နှင့်  Article IX  တို့အကြား ဆက်နွှယ်နေမှုက မည်သို့ပါနည်း။ တရားရုံးထံ လွှဲပြောင်းမှုကို Article IX  ကသာ  လွှမ်းမိုးထားသလား သို့မဟုတ် Article VIII က ဤကိစ္စမှာ လွှမ်းမိုးမှုရှိသလား။ Article VIII က Article IX  အပေါ် လွှမ်းမိုး နိုင်သလား။ ဤအချက်က အဓိကမေးခွန်းဖြစ်ပါတယ်။ ဤအချက် ကပင် တတိယကန့်ကွက်ချက်၏ အဖြေကို ဆုံးဖြတ်မည် ဖြစ်ပါတယ်။
၂၄။     မြန်မာနိုင်ငံအနေဖြင့်  Article VIII နှင့် Article IX တို့သည် အပြန်အလှန်  ဆက်စပ်နေပြီး တရားရုံးနှင့်သက်ဆိုင်ကြောင်း တင်ပြ အပ်ပါတယ်။  Article VIII သည် တရားရုံးထံ လွှဲပြောင်းမှုနှင့်သက်ဆိုင်ပြီး Article IX သည် စီရင်ပိုင်ခွင့်နှင့်သက်ဆိုင်နေပါတယ်။ 

 

၂၅။     တရားရုံးထံလွှဲပြောင်းပေးမှုနှင့်  စီရင်ပိုင်ခွင့်သည်   ကွဲပြား ခြားနားသည့်    အကြောင်းအရာဖြစ်ကြောင်း   သိရှိပြီးဖြစ်ပါတယ်။ ပထမအချက်သည် လုပ်ထုံးလုပ်နည်းဆိုင်ရာ  စည်းကမ်းသတ်မှတ် ချက်ဖြစ်ပြီး    ၎င်းအချက်မပါရှိဘဲ     တရားစီရင်ရေးလုပ်ငန်းစဉ် ဆက်လက်ဆောင်ရွက်၍    ရမည်မဟုတ်ပါ။   ဒုတိယအချက်သည် တရားရုံးက  အငြင်းပွားမှုအပေါ်  တရားမျှတမှုရှိစေရန် ဆုံးဖြတ် ဆောင်ရွက်နိုင်ရေးအတွက်  စည်းကမ်းသတ်မှတ်ချက် ဖြစ်ပါတယ်။ ၎င်းအချက်မပါရှိဘဲ   တရားစီရင်ရေး   အဖွဲ့အစည်းတစ်ရပ်သည် ရှေ့ဆက်ဆောင်ရွက်နိုင်မည် မဟုတ်ပါ။  တရားရုံးထံ လွှဲပြောင်းပေးမှု မရှိပါက စီရင်ဆုံးဖြတ်ရမည့်   ဖြစ်ရပ်လည်း ရှိမည်မဟုတ်ပါ။ စီရင် ပိုင်ခွင့်မရှိသောအမှုတွင်   စီရင်ဆုံးဖြတ်ခြင်းသည်လည်း ထိခိုက်မှု ရှိမည်ဖြစ်ပါတယ်။

 

၂၆။     မည်သည့်အတွက်ကြောင့် Article VIII က   လွှဲပြောင်းမှုနှင့် သက်ဆိုင်နေသနည်း ဆိုလျှင် ပထမအချက်အနေဖြင့်  အဆိုပါ ပြဋ္ဌာန်း ချက်တွင် ဖော်ပြထားခြင်းကြောင့်ဖြစ်ပါတယ်။ အဆိုပါ ပြဋ္ဌာန်းချက် တွင် စာချုပ်ပါအဖွဲ့ဝင်နိုင်ငံများသည်  ကုလသမဂ္ဂ၏  အခွင့်အာဏာ ရှိသော အဖွဲ့အစည်းများသို့  တင်သွင်းနိုင်သည်ဟု ဖော်ပြထားပါတယ်။ Genocide Convention ၏   အင်္ဂလိပ်ဘာသာ   ပြဋ္ဌာန်းချက်တွင် ပြင်သစ်ဘာသာဖြင့် ပြဋ္ဌာန်းချက်ကဲ့သို့ အဆိုပါစကားရပ်ကို ဖော်ပြ ထားခြင်းမရှိပါ။ သို့ရာတွင် ယင်းကို ကုလသမဂ္ဂ၏  အခြားတရားဝင် ဘာသာစကားများဖြင့် ပြဋ္ဌာန်းချက်များတွင်  ဖော်ပြထားပါတယ်။ ဒါဟာ စပိန်ဘာသာဖြင့် ဖော်ပြချက်မှာ  ဖြစ်ပါတယ်။    ထို့ကြောင့် ထို “grasp” “ဆုပ်ကိုင်ထားသည်”   ဟူသည့် ဝေါဟာရ အသုံးအနှုန်းကို အမှတ်မထင်  အတွေးမဲ့စွာဖြင့် သုံးနှုန်းထားခြင်းဖြစ်သည်ဟု ဆိုနိုင် မည် မဟုတ်ပါ။

 

၂၇။     ပြဋ္ဌာန်းချက်ကို  ကျစ်လျစ်စွာ ဖော်ပြထားခြင်းကြောင့် ဖြစ်ပါ တယ်။ ဤပြဋ္ဌာန်းချက်သည်  လွှဲပြောင်းမှုနှင့်သက်ဆိုင်ခြင်းမရှိခဲ့ပါ က မလိုအပ်သောဖော်ပြချက်သာဖြစ်မည် ဖြစ်ပါတယ်။  လူမျိုးတုံး သတ်ဖြတ်ခြင်း အပါအဝင်ဖြစ်သည့် အခြေအနေများကို ကုလသမဂ္ဂ အဖွဲ့အစည်းများက   ဖြေရှင်းနိုင်ကြောင်းကို   ဖော်ပြရန် လိုအပ်ခဲ့ပါ သလား။ ဤအကြောင်းအရာအတွက် ကုလသမဂ္ဂပဋိညာဉ်စာချုပ်ပါ ပြဋ္ဌာန်းချက်များက   လုံလောက်နေပြီ  ဖြစ်ပါတယ်။   ယခုအမှုတွင် ဤပြဋ္ဌာန်းချက်သည်   အသေးအဖွဲသတိပေးချက်သာ  ဟုတ်မည် မဟုတ်ကြောင်းကို   တရားသူကြီးမင်းများ  သဘောတူနိုင်လိမ့်မည် ဖြစ်ပါတယ်။ တစ်ဖက်တွင်လည်း ဤပြဋ္ဌာန်းချက်သည်  လွှဲပြောင်းမှုနှင့် သက်ဆိုင်ပါက  ပြဋ္ဌာန်းချက်သည်  အပိုဖြစ်နေသည်ဟု မဆိုနိုင်ပါ။ ၎င်းသည် ၁၉၄၈ ခုနှစ် ကွန်ဗင်းရှင်းနှင့် သက်ဆိုင်သည့်ကိစ္စရပ်အပေါ် သီးခြားသက်ဆိုင်နေမှာ ဖြစ်ပါတယ်။

 

၂၈။     Article VIII ပြဋ္ဌာန်းချက်တွင်  လွှဲပြောင်းမှုနှင့်စပ်လျဉ်းသည့် သတ်မှတ်ချက်များကို မည်သည့်အတွက်ကြောင့် ရှင်းလင်းစွာ ဖော်ပြ ထားခြင်းမရှိသနည်းဆိုပါက  အဆိုပါ လွှဲပြောင်းမှုအခြေအနေသည် ကုလသမဂ္ဂ၏အဖွဲ့အစည်းတစ်ရပ်စီအလိုက်  ကွာခြားခြင်းကြောင့် ဖြစ်ပါတယ်။ ထို့ကြောင့်  ၎င်းတို့ကို သတ်မှတ်ပြဋ္ဌာန်းရန် ကြိုးစားခြင်း သည် လိမ္မာပါးနပ်မှု မရှိရာကျမည် ဖြစ်ပါတယ်။ ဤအခြေအနေ များသည် ၁၉၄၈ ခုနှစ် ကွန်ဗင်းရှင်းတွင် မပါသည့် ဖော်ပြချက်များကို  ပြောင်းလဲနိုင်မည်မှာ အမှန်ပင်ဖြစ်ပါတယ်။

 

၂၉။     လွှဲပြောင်းမှုနှင့်ပတ်သက်၍   ကွန်ဗင်းရှင်း၏ Article VIII သို့မဟုတ် Article IX တို့တွင် ပြဋ္ဌာန်းသတ်မှတ်ထားခြင်း မရှိကြောင်း ကျွန်တော်တို့   ပြောနိုင်ကြပါသလား။   ထိုအချက်ကို  တရားရုံး၏ ပဋိညာဉ်နှင့် နိုင်ငံတကာဥပဒေ၏ ယေဘုယျစည်းမျဉ်းများဖြင့်သာလျှင် ပြဋ္ဌာန်းသတ်မှတ်ထားဆဲဖြစ်ပါသလား။  ကွန်ဗင်းရှင်း၏ Article VIII ကို   ခြွင်းချက်ပြုလုပ်ခြင်းသည် Article VIII နှင့်သာ သက်ဆိုင်ပြီး လွှဲပြောင်းမှုနှင့်စပ်လျဉ်း၍  အခြားပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်း မရှိသဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံးသို့ လွှဲပြောင်းမှုပြုလုပ်ခြင်းကို တားဆီးနိုင်မည်မဟုတ်ပါ။  အကြောင်းမှာ   Article VIII  နှင့်သာ သက်ဆိုင်ပြီး တရားလွှဲပြောင်းခြင်းနှင့် သက်ဆိုင်သည့် အခြားပြဋ္ဌာန်း ချက်များနှင့် မသက်ဆိုင်၍ ဖြစ်ပါတယ်။

 

၃၀။     ဤကဲ့သို့ အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် မိမိယခုတင်ပြခဲ့သည့် လျော်ကန်သည့်   အကျိုးသက်ရောက်မှုကို  အလားတူထည့်သွင်း စဉ်းစားခြင်းနှင့်   ဆန့်ကျင်လာမည် ဖြစ်ပါတယ်။    တရားရုံးသည် Article VIII ပြင်ပရှိ စည်းမျဉ်းများအရ  စီရင်ခွင့်ရှိသည်ဆိုပါက အဆိုပါ ပြဋ္ဌာန်းချက်ကို  ခြွင်းချက်ပြုခြင်းသည် မည်သည့် အကျိုးသက်ရောက်မှု ရှိပါမည်နည်း။   အကျိုးသက်ရောက်မှုသည်   စိတ်ကူးယဉ်ဆန်မှုသာ ဖြစ်နေမည်။ အကျိုးသက်ရောက်မှု ရှိမည် မဟုတ်ပေ။ တစ်ဖက်က လွှဲပြောင်းမှုသည်   ဖြစ်နိုင်မှုရှိသည်ဟု    လက်ခံမှသာလျှင်   အခြား တစ်ဖက်က လွှဲပြောင်းမှုကို ပယ်ထုတ်ရမည်ဟု ပြောဆိုမည်ဆိုသည်ကို သတိကြီးစွာ သုံးသပ်သင့်ပါတယ်။  ခြွင်းချက်ပြုခြင်း၏ လျော်ကန်သည့် သက်ရောက်မှု  ထိပါးစေသည့်အပြင် ဤအဓိပ္ပာယ်ဖွင့်ဆိုချက်သည် ဆန့်ကျင်ကွဲလွဲမှုများကို ဖြစ်စေပါတယ်။  ဤအကြောင်းများကြောင့် ထိုအချက်ကို ပယ်ချသင့်ပါသည်။ 

 

၃၁။     Article IX တွင်   နှစ်ဖက်သဘောတူညီဖြေရှင်းခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ  ပါဝင်ပါတယ်။   ယင်းပြဋ္ဌာန်းချက်များ၏  လုပ်ငန်း တာဝန်သည် သဘောတူညီချက်အား  အဓိပ္ပာယ်ဖွင့်ဆိုခြင်း သို့မဟုတ် အကောင်အထည်ဖော်ခြင်းဆိုင်ရာ ပြဿနာများနှင့်စပ်လျဉ်း၍ စီရင် ပိုင်ခွင့် ပေးအပ်ခြင်းဆိုင်ရာကိစ္စရပ်များ ဖြစ်ပါတယ်။ 

 

၃၂။    သာမန်အားဖြင့်  နှစ်ဖက်သဘောတူညီချက်အရ တရားရုံးမှ စီရင်ပိုင်ခွင့်  ရှိစေမည်ဖြစ်ပြီး  တရားရုံးကို တရားစီရင်ခွင့် မပြုခြင်း ဆိုတာ  ကျိုးကြောင်းဆီလျော်မှု ရှိမည်မဟုတ်ပါ။ အဆိုပါ ပြဋ္ဌာန်းချက် ၏ အသုံးဝင်မှုသည်   ပျက်ပြယ်သွားမှာ  ဖြစ်ပါတယ်။    ထို့ကြောင့် ထိုပြဋ္ဌာန်းချက်များတွင် သာမန်အားဖြင့်   တရားရုံး၏   စီရင်ပိုင်ခွင့် အာဏာလည်း   ပါဝင်ပါတယ်။   ဤအချက်သည်   ကျွန်တော်တို့၏ မေးခွန်းကို ဖြေကြားနိုင်ပါပြီလား။ ကျွန်တော့်အနေဖြင့် ဖြေကြား နိုင်မည်ဟု မယုံကြည်ပါ။

 

၃၃။     အခြားသောသဘောတူညီချက်များ၌ Article VIII ကဲ့သို့သော တူညီသည့်ပြဋ္ဌာန်းချက်မျိုးမရှိပါ။  ထိုသို့သော စည်းကမ်းချက်များအရ  လွှဲပြောင်းခွင့်နှင့်  စီရင်ပိုင်ခွင့်နှစ်မျိုးလုံး   ပါဝင်နေသော အနုညာတ စီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ၏  သဘောသဘာဝပင်ဖြစ် သော်လည်း   လွှဲပြောင်းမှုဆိုင်ရာ အထူးပြဋ္ဌာန်းချက် ထည့်သွင်းထား ပါက  ထိုပြဋ္ဌာန်းချက်ကို အသုံးပြုရန် အလွန်ပင်အရေးကြီးပါတယ်။ ထိုသို့ လိုက်နာအသုံးပြုခြင်းမရှိပါက  စာချုပ်ဝင်အဖွဲ့ဝင်နိုင်ငံများ၏ ဆန္ဒနှင့်  ပြဋ္ဌာန်းချက်၏   ကျစ်လျစ်စွာဖော်ပြမှုတို့ကို   ဆန့်ကျင် ဖောက်ဖျက်ရာ ရောက်မည်ဖြစ်ပါတယ်။ Article VIII ရှိခြင်းဖြင့် Article IX သည်   စီရင်ပိုင်ခွင့်လွှဲအပ်ခြင်းဆိုင်ရာ အဓိကလုပ်ငန်းကို ကန့်သတ် ခြင်းခံရမှာ ဖြစ်ပါတယ်။ ဤပြဋ္ဌာန်းချက်သည် လွှဲပြောင်းမှုဆိုင်ရာ ၏အချက်ကို မသိမသာ ဖယ်ထုတ်ထားခြင်းဖြစ်ပါတယ်။ 

 

၃၄။     ထိုအကြောင်းပြချက်များကြောင့် Article IX သည် တရားရုံး တွင် တရားစွဲဆိုရန် ပေးအပ်ထားသည့်  အခွင့်အရေး ပြီးပြည့်စုံခြင်း မရှိပါ။ Article VIII နှင့် တစ်ဆက်တည်းဖြစ်ပါတယ်။ Article IX သည် တရားရုံးစီရင်ပိုင်ခွင့်နှင့်သက်ဆိုင်ပြီး Article VIII သည် လွှဲအပ်ခြင်း နှင့် သက်ဆိုင်ပါတယ်။ 
ထိခိုက်ခံရသောနိုင်ငံများနှင့် ထိခိုက်ခံရခြင်းမရှိသော နိုင်ငံများ

 

၃၅။     မြန်မာနိုင်ငံအတွက်တော့   နောက်ထပ်ကွဲလွဲမှုသည်လည်း အရေးကြီးသည့်   အချက်ဖြစ်ပါတယ်။      နိုင်ငံ၏တာဝန်ရှိမှုနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ဥပဒေကော်မရှင် ပြဋ္ဌာန်းချက်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များအတွင်း  Article IX သည် ထိခိုက်နစ်နာသည့် နိုင်ငံများအကြား  ဖြစ်ပွားသည့်  အငြင်းပွားမှုများတွင်  အပြည်ပြည် ဆိုင်ရာတရားရုံး၏ စီရင်ပိုင်ခွင့်ကို မူလကတည်းက ကန့်သတ်ထားပါ တယ်။ အမှန်တော့  ဤပြဋ္ဌာန်းချက်သည်  အငြင်းပွားမှု၌ ထိခိုက်ခံရ မှုမရှိသော  နိုင်ငံနှင့်စပ်လျဉ်း၍  အပြည်ပြည်ဆိုင်ရာတရားရုံး၏ စီရင်ပိုင်ခွင့်အား  ထည့်သွင်းဖော်ပြထားခြင်း မရှိပါ။ ဒီကိစ္စဟာ ၎င်းတို့ ၏ ကိုယ်ပိုင်အခွင့်အရေးနှင့်  အကျိုးစီးပွားကို  ချိုးဖောက်ခံရမှုမရှိဘဲ စာချုပ်ဝင်အခြားနိုင်ငံအားလုံးအတွက် တာဝန်ရှိခြင်း  (erga omnes partes) ကို အခြေခံ၍ ဆောင်ရွက်မှုပြုလုပ်သည့်နိုင်ငံများ၏ ကိစ္စသာ ဖြစ်ပါတယ်။ 

 

၃၆။    မြန်မာနိုင်ငံအနေဖြင့်    နှစ်ဖက်သဘောတူညီချက်ဆိုင်ရာ ပြဋ္ဌာန်းထားချက်ကို    သက်သေအဖြစ်        တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ကွန်ဗင်းရှင်းအတည်ပြုသည့်   အချိန်လောက်တွင် အတည်ပြုခဲ့သော European Convention on Human Rights ၏ Article 24 ပြဋ္ဌာန်း ချက်နှင့် တူညီမှုမရှိဘဲ Article IX ၏ ပြဋ္ဌာန်းချက်သည်  အဖွဲ့ဝင်နိုင်ငံများ အကြား အငြင်းပွားမှု တစ်စုံတစ်ရာအပေါ် တရားရုံးက  စီရင်ပိုင်ခွင့် ရှိကြောင်း အခိုင်အမာ မပြောနိုင်ပါ။ အခွင့်အရေးကြောင့် ကွဲပြားခြား နားချက် ဖြစ်မလာပါ။   လေ့လာတွေ့ရှိချက်များအရ  ၁၉၄၈  ခုနှစ် ကွန်ဗင်းရှင်းရှိ စကားရပ်များသည်  ထိုအချိန်က ယေဘုယျဥပဒေ၏ နောက်ခံအကြောင်းအရာများနှင့် ကိုက်ညီမှု ရှိနေပါတယ်။ 

 

၃၇။     ၎င်းအချက်က Article IX ၏ ယခုလက်ရှိ အဓိပ္ပာယ်ဖွင့်ဆိုချက် တည်ရှိကြောင်းကို ငြင်းဆိုလိမ့်မည်ဖြစ်ပါတယ်။  ယနေ့ကာလတွင် Article IX သည် နိုင်ငံ၏ ကိုယ်ပိုင်အခွင့်အရေးနှင့်  အကျိုးစီးပွားကို ချိုးဖောက်ခံရမှုမရှိဘဲ စာချုပ်ဝင်အခြားနိုင်ငံအားလုံးအတွက် တာဝန်ရှိ ခြင်း   (erga omnes partes) စပ်လျဉ်းသည့်   အငြင်းပွားမှုအထိ အပြည်ပြည်ဆိုင်ရာတရားရုံးက  စီရင်ပိုင်ခွင့်ရှိသည်ဟူ၍ နားလည် ထားကြပါတယ်။  တရားရုံးက  ၂၀၁၂ ခုနှစ်တွင် ဆုံးဖြတ်ခဲ့သည့် Beligium v. Senegal အမှုတွင် Convention against Torture, 1984 နှင့် Genocide Convention သည် တူညီကြောင်း  ပြောထား ပါတယ်။ တရားရုံးက ၁၉၈၄ ခုနှစ် ကွန်ဗင်းရှင်းအရ Beligium နိုင်ငံ၏ တရားရုံး၌တရားစွဲဆိုနိုင်မှုကို အသိအမှတ်ပြုထားပါတယ်။ ထိုအချက် သည် မိမိတို့ပြဿနာကို ဖြေရှင်းနိုင်ပြီလားဆိုလျှင် မလိုအပ်ပါ။ 

 


၃၈။     မြန်မာနိုင်ငံအတွက်တော့ ၁၉၄၈ ကွန်ဗင်းရှင်းအရ လွှဲပြောင်းမှု ပြုလုပ်ခြင်းနှင့်စပ်လျဉ်း၍ Article VIII အား  အဓိပ္ပာယ်ဖွင့်ဆိုရာတွင် အထူးပြဋ္ဌာန်းချက်များက  ယေဘုယျပြဋ္ဌာန်းချက်ကို  လွှမ်းမိုးသည် ဟူသည့် မူသဘောတရား (Lex specialis) က လွှမ်းမိုးမှာ ဖြစ်ပါတယ်။ ယင်းအချက်က မည်သည့်အတိုင်းအတာအထိရှိသလဲဆိုရင် မိမိတို့၏ အမှုမှာတော့ ယင်းအပိုဒ်ကိုခြွင်းချက်ပြုထားပါတယ်။ ထိုသို့ခြွင်းချက် ပြုထားခြင်းက   ဂမ်ဘီယာနိုင်ငံ၏   တရားရုံး၌  တရားစွဲဆိုခွင့်ကို ဖယ်ထုတ်ထားပါတယ်။ တရားရုံးအနေဖြင့် Article IX ကိုအခြေခံပြီး စီရင်ပိုင်ခွင့်  ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မြန်မာနိုင်ငံက Article VIII ကို ခြွင်းချက်ပြုလုပ်ထားသောကြောင့် တရားရုံးက စီရင်ပိုင်ခွင့်ရှိမှာ မဟုတ်ပါဘူး။   

 


၃၉။    မြန်မာနိုင်ငံက   ၎င်းခြွင်းချက်ပြုခြင်းသည်  Article VIII အရ လွှဲအပ်ခြင်းကို   ဖယ်ထုတ်ထားသည်ဟု    လျှောက်လဲတင်ပြနေခြင်း မဟုတ်ပါ။  အမှန်တော့  ၎င်း၏ ခြွင်းချက်ပြုခြင်းသည်  ခြွင်းချက်ပြု သောနိုင်ငံ၏ ကိုယ်ပိုင်ဆန္ဒနှင့် ရည်ရွယ်ချက်အရ အဓိပ္ပာယ်ဖွင့်ဆို ထားသည့်  တတိယနိုင်ငံ (Third States) ၏ ကြားဝင်မှုနှင့် စပ်လျဉ်း၍ International Law Commission ၏ ဝေါဟာရအဓိပ္ပာယ်ဖွင့်ဆိုချက် တွင်  ထိခိုက်မှုမရှိသောနိုင်ငံများက    အပြည်ပြည်ဆိုင်ရာတရားရုံးသို့ လျှောက်ထားခြင်းကိုသာလျှင် ချန်လှပ်ထားသည်ဟု မှတ်ယူပါတယ်။ တစ်နည်းဆိုရလျှင် Article VIII ကို ခြွင်းချက်ပြုခြင်းသည် Article IX ၏   အကျုံးဝင်မှုကို  အကျိုးသက်ရောက်မှုရှိနိုင်မည် မဟုတ်ပါ။ ထိခိုက်မှုရှိသည့်နိုင်ငံက လွှဲပြောင်းမှုပြုနိုင်ပြီး တရားရုံးက စီရင်ပိုင်ခွင့် ရှိလာမည်ဖြစ်သည်။  

 


၄၀။    ခြွင်းချက်ပြုခြင်းဟူသည်   တစ်ဖက်သတ်လုပ်‌ဆောင်မှု ဖြစ်ပါ တယ်။ ထို့ကြောင့် ခြွင်းချက်ပြုခြင်းကို  အဓိပ္ပာယ်ကောက်ယူသည့်အခါ နှစ်ဖက်လုပ်ဆောင်ချက်ကို  အဓိပ္ပာယ်ဖွင့်ဆိုခြင်းထက် ခြွင်းချက်ပြု သည့်နိုင်ငံ၏ သဘောဆန္ဒက ပို၍ အရေးပါသည့် အခန်းကဏ္ဍတွင် ရှိရမှာဖြစ်ပါတယ်။  ထိုအချက်သည် ပို၍ပင်အရေးပါသည်သာမက အဆုံးအဖြတ်ပေးသည့် အခန်းကဏ္ဍတွင် ရှိရမှာဖြစ်ပါတယ်။

 


၄၁။    ထိုအချက်ကို    တရားရုံးက ၁၉၉၈ ခုနှစ်၊   စပိန်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့အကြား   ဖြစ်ပွားသည့်   Fisheries Jurisdiction အမှုတွင်  လက်ခံအသိအမှတ်ပြုခဲ့ပါသည်။ “တရားရုံး၏ စီရင်ပိုင်ခွင့်ကို လက်ခံခဲ့သည့်အချိန်က လက်ခံသည့် သက်ဆိုင်ရာနိုင်ငံ၏ ရည်ရွယ် ချက်” ကို  အလေးထားထည့်သွင်းစဉ်းစား​ပေးရမည်ဟု ဆိုခဲ့ပါတယ်။ တရားရုံးက  ဖြည့်စွက်ဖော်ပြခဲ့သည်မှာ “ တရားရုံးဥပဒေ (Statute) အပိုဒ် ၃၆၊   စာပိုဒ် ၂ အရ   ပြုလုပ်သည့်   မြွက်ဟကြေညာချက် (Declaration) ပြုလုပ်ခြင်းထက်  ခြွင်းချက်ပြုခြင်း (Reservation)  အတွက် အခြေခံလိုအပ်သည်မှာ ခြွင်းချက်ပြုခြင်းကို ပြုလုပ်ရာတွင် ပြုလုပ်သည့်နိုင်ငံက ဖြစ်စေလိုသည့် အကျိုးသက်​ရောက်မှုနှင့်ကိုက်ညီ မည့်ပုံစံဖြင့်  အဓိပ္ပာယ်ကောက်ယူသင့်သည်” ဟူသောအချက် ဖြစ်ပါ တယ်။ 

 


၄၂။     အပိုဒ် ၃၆၊  စာပိုဒ် ၁ နှင့် စာပိုဒ် ၂ တို့အရ ပြုလုပ်သည့် ခြွင်းချက် တို့အကြား   ခြားနားမှုမရှိသည်မှာ   ထင်ရှားနေပါတယ်။ optional declaration သို့မဟုတ် arbitration clause   သတ်မှတ်ချက်အတွက် ပြုလုပ်ထားသည့်  ခြွင်းချက်ပြုခြင်းအကြားကို ဆိုလိုခြင်းဖြစ်ပါတယ်။ 

 


၄၃။     မိမိအနေဖြင့်   တစ်ဖက်သတ်သဘောဆန္ဒကသာ  မလွဲမသွေ အဆုံးအဖြတ်ပေးရသည်ဟု တင်ပြနေခြင်းမဟုတ်ပါ။ အဘယ့်ကြောင့် ဆိုသော် မြန်မာနိုင်ငံအနေဖြင့် ၎င်းခြွင်းချက်ပြုထားသည့် နယ်ပယ်ကို ချဲ့ထွင်ရန်နှင့်  ထိုမှတစ်ဆင့် တရားရုံး၏ စီရင်ပိုင်ခွင့်ကို သွယ်ဝိုက်၍ လျှော့ချရန်   ကြိုးပမ်းနေခြင်းမဟုတ်၍   ဖြစ်ပါတယ်။ အမှန်တော့ မြန်မာနိုင်ငံအနေဖြင့်   ၎င်းခြွင်းချက်ပြုသည့်    အတိုင်းအတာကို ထိန်းထားခြင်းအားဖြင့် တရားရုံး၏ စီရင်ပိုင်ခွင့်ကို တိုးမြှင့်ရန်သာ ရည်ရွယ်ခြင်းဖြစ်ပါတယ်။  ဤအချက်ကို လိုလားနှစ်သက်မှု မရှိဘဲ မြန်မာနိုင်ငံက    ဖော်ပြခဲ့သည့်    စကားလုံးကိုသာ   ကောက်ယူမည် ဆိုပါက  မိမိအတွက်  အံ့သြစရာဖြစ်ပါတယ်။   အခြားနည်းလမ်းက မည်သို့ရှိမည်နည်း။    မြန်မာနိုင်ငံ၏   ခြွင်းချက်ပြုခြင်းကို   ပို၍ အကျိုးသက်ရောက်စေလိုပါသလား။ ဤအချက်အပေါ်  ယုံကြည်ရန် ခက်ခဲပါတယ်။ 

 


၄၄။     ၁၉၄၈ ခုနှစ်တွင်  နစ်နာသူနိုင်ငံနှင့်   နစ်နာသူမဟုတ်သည့်  နိုင်ငံအကြား ခြားနားမှုမရှိကြောင်း၊ သို့ဖြစ်၍ မြန်မာနိုင်ငံသည် ကွန်ဗင်း ရှင်းကို ခြွင်းချက်ပြုရန် ပြင်ဆင်နေချိန်၌  ထိုသို့မစဉ်းစားခဲ့နိုင်ဘူးလို့ ပြောနိုင်ပါမည်လား။   သို့သော် မြန်မာနိုင်ငံ (ထိုစဉ်က Burma) သည် Genocide Convention အပေါ်     တရားရုံး၏   အကြံပြုချက် ထုတ်ပြန်ပြီး နှစ်အတော်ကြာ ၁၉၅၁ ခုနှစ်မှ ခြွင်းချက်ပြုခဲ့ခြင်း ဖြစ်ပါ တယ်။   ထိုနောက်ပိုင်းမှ   ခြွင်းချက်ပြုခြင်းဟူသော   စကားရပ် အသုံးအနှုန်း၏ ဝိသေသကို သိရှိလာကြခြင်း ဖြစ်ပါတယ်။

 


ခြွင်းချက်ပြုခြင်း (The Reservation)

 

၄၅။     တရားသူကြီးအဖွဲ့ဝင်များအနေဖြင့် မိမိသည် မြန်မြန် ဆန်ဆန် ဖြင့်   အကျိုးအကြောင်း မဖော်ပြဘဲ  ခြွင်းချက်ပြုခြင်း  အကျုံးဝင် ကြောင်း မှတ်ယူနေသည်ဟု ပြောနိုင်ပါတယ်။ မိမိအပေါ် အမြင်မမှား စေဖို့ ဤကိစ္စကို ပိုမိုအသေးစိတ်ကြည့်ကြရပါမယ်။

 


၄၆။     ဤအမှုတွင် စပ်ဆိုင်အကျုံးဝင်နေသည့်  ခြွင်းချက်ပြုခြင်း၏ အကျိုးသက်ရောက်မှုမှာ   မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍  Article VIII ကို အသုံးမပြုရန်ဖြစ်ပါတယ်။   မြန်မာနိုင်ငံ၏   တင်ပြချက်အရ ၎င်းပြုလုပ်ထားသည့်  ခြွင်းချက်သည် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန် သည်ဟူသော  စွပ်စွဲချက်နှင့်ဆက်စပ်ပြီး  နစ်နာသူမဟုတ်သည့် နိုင်ငံ များက ကုလသမဂ္ဂ၏   အဖွဲ့အစည်းတစ်ခုခုထံသို့   တစ်ဖက်သတ် အမှုလွှဲအပ်စွဲဆိုရန် ဖြစ်နိုင်ခြေကို ချန်လှပ်ဖယ်ထုတ်ရန် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ တစ်နည်းဆိုသော်  အဆိုပါကိစ္စရပ်များတွင် မသက်ဆိုင် သည့်   “တတိယနိုင်ငံ”က   ဝင်ရောက်စွက်ဖက်ခြင်းမှ မြန်မာနိုင်ငံကို ကာကွယ်ရန် ဖြစ်ပါတယ်။

 


၄၇။    ထိုခြွင်းချက်ပြုခြင်းမျိုးက တရားဝင်မဟုတ်ပါလော။ ပုဂ္ဂလိက အမြင် (Subjective) သို့မဟုတ်  ပုဂ္ဂလိကအမြင်မဟုတ်ဘဲ  အချက် အလက်ကို  အခြေခံခြင်း  (Objective) နှင့်   ဆက်စပ်နေပါသလား။ အငြင်းပွားသူများအကြား ပြဿနာ သို့မဟုတ် ဥပဒေ၏ အားနည်းချက် ဟာကွက် ဖြစ်နိုင်ပါသလား။

 


၄၈။    ပုဂ္ဂလိကအမြင်အရဆိုလျှင် အမှုတွင် ပါဝင်သည့်အငြင်းပွားသည့် နိုင်ငံများ၏  ဆက်ဆံရေးဆောင်ရွက်ခြင်းနှင့် သက်ဆိုင်နေပါတယ်။ အဓိကအားဖြင့် ခြွင်းချက်ပြုခြင်းအပေါ် ကန့်ကွက်မှုရှိခဲ့သလားဆိုသည့် အကြောင်းခြင်းရာကိစ္စဖြစ်ပါတယ်။ ယခုအမှုတွင် မြန်မာနိုင်ငံက ခြွင်းချက်ပြုထားသည်ကို အခြားသောကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ က ကန့်ကွက်သည်ဖြစ်စေ မကန့်ကွက်သည်ဖြစ်စေ မည်သည့် အတိုင်း အတာအထိ ကန့်ကွက်ကြသည်ကို ဆုံးဖြတ်ရန်လိုအပ်မည် မဟုတ်ပါ။ ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံ၏ ခြွင်းချက်ပြုမှုကို မည်သည့်အခါမျှ ကန့်ကွက်ခဲ့ခြင်း မရှိပါ။ ဂမ်ဘီယာနိုင်ငံ အနေဖြင့် ကန့်ကွက်ရန် ပျက်ကွက်ခြင်းအားဖြင့် ခြွင်းချက်ပြုခြင်း၏ တရားဝင်မှုနှင့် ဥပဒေအရ အတည်ပြု ဆောင်ရွက်နိုင်မှုတို့ကို လက်ခံထားပြီး ဖြစ်သွားပါတယ်။ ထိုအကြောင်းကြောင့်ပင်   ခြွင်းချက်ပြုခြင်းကို  ယင်းစကားရပ်နှင့် ရည်ရွယ်ချက်တို့နှင့်အညီ  ဂမ်ဘီယာနိုင်ငံအပေါ် အသုံးပြုရမှာဖြစ်ပါ တယ်။

 


၄၉။     ပုဂ္ဂလိကအမြင်မဟုတ်ဘဲ   အချက်အလက်ကိုအခြေခံသည့် အပိုင်းကို   တင်ပြလိုပါသည်။   အဆိုပါ   ခြွင်းချက်ပြုခြင်းကို လက်ခံ ခွင့်ပြု၍ ရပါသလား။ အပြည်ပြည်ဆိုင်ရာစာချုပ် ဥပဒေ သို့မဟုတ် အပြည်ပြည်ဆိုင်ရာဥပဒေ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်နေပါသလား။ တရားရုံးက ၂၀၀၆ ခုနှစ်၊ Armed Activities အမှုတွင် Genocide Convention ၏ Article IX ပါ   စီရင်ပိုင်ခွင့်အား   ချန်လှပ်ဖယ်ထုတ် ထားသည့်   ခြွင်းချက်ပြုခြင်းကို   ခွင့်ပြုကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ထိုသို့ဆိုလျှင် နစ်နာသူမဟုတ်သည့်နိုင်ငံများကိုဖယ်၍  နစ်နာသည့် နိုင်ငံများကသာ တရားရုံးသို့ အမှုစွဲဆိုရန် ကန့်သတ်ဖို့   ပို၍ပင်  ဖြစ်ရ မည်ဟု မိမိအနေဖြင့် ကောက်ချက်ချပါသည်။ များများလုပ်ဆောင်နိုင် သူသည် ပိုနည်းတာကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ 

 


၅၀။     ဤသို့ခြွင်းချက်ပြုခြင်းသည် Genocide Convention ၏ ရည်ရွယ်ချက်နှင့် မဆန့်ကျင်ဟု  သဘောသက်ရောက်ပါတယ်။ အများ သိကြသည့် ဤတရားဝင်မှုကို ၁၉၆၉ ခုနှစ်၊ ဗီယင်နာကွန်ဗင်းရှင်း အပိုဒ် ၁၉၊ အပိုဒ်ခွဲ (ဂ) တွင်  ဖော်ပြထားပါတယ်။  နိုင်ငံတကာ ဓလေ့ ထုံးတမ်းဥပဒေတွင်လည်း ထိုအတိုင်းပင် ထင်ဟပ်လျက်ရှိပါတယ်။ 

 


၅၁။     ၁၉၄၈ ခုနှစ်၊ Genocide Convention တွင် ခြွင်းချက်ပြုခြင်း နှင့်စပ်လျဉ်း၍  ပြဋ္ဌာန်းချက်  တစ်စုံတစ်ရာ မပါရှိကြောင်း မှတ်သား မိပါတယ်။ ထို့ကြောင့် ကွန်ဗင်းရှင်းက ခြွင်းချက်ပြုခြင်းကို တားမြစ် ထားခြင်း မရှိပါ။ ဤအချက်သည် ၁၉၆၉ ခုနှစ်၊ ဗီယင်နာကွန်ဗင်းရှင်း အပိုဒ် ၁၉၊  အပိုဒ်ခွဲ (က) ၏  ဝိသေသဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေတွင်လည်း    ထိုအတိုင်းပင်   ထင်ဟပ်လျက်ရှိပါ တယ်။

 


၅၂။     ၁၉၅၁  ခုနှစ်တွင်  တရားရုံးမှ  ထုတ်ပြန်ခဲ့သော Advisory Opinion on Reservations to the Convention for Prevention and repression of the crime of genocide အရ ၁၉၄၈ ခုနှစ်၊ Genocide Convention ကို ခြွင်းချက်ပြုနိုင်ကြောင်း အသိအမှတ် ပြုခဲ့ပြီး ဖြစ်ပါတယ်။ 
၅၃။     အထက်တွင်  တင်ပြချက်များအရ မြန်မာနိုင်ငံ၏ ခြွင်းချက်ပြု ခြင်းသည် အကျုံးဝင် စပ်ဆိုင်သည်ဟုကောက်ယူရမှာဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံမှလည်း  ကန့်ကွက်ခဲ့ခြင်း မရှိပါ။  မည်သည့် နိုင်ငံတကာစာချုပ်ဆိုင်ရာဥပဒေမှလည်း  တားဆီးပိတ်ပင်ထားခြင်း  မရှိပါ။ ထိုသို့  ခြွင်းချက်ပြုခြင်းသည်    အကျိုးသက်ရောက်သည်ဆိုလျှင် ၁၉၄၈ ခုနှစ် Genocide Convention ၏ Article VIII အရ တရားရုံးသို့ အမှုလွှဲအပ်စွဲဆိုခွင့်ကို  ပလပ်ရမည်ဖြစ်ပါတယ်။ ဤအမှုတွင် ခြွင်းချက် ပြုခြင်းသည် အဆိုပါပြဋ္ဌာန်းချက်က ပေးထားသည့်လမ်းကြောင်းကို တားဆီးထားပါတယ်။

 


နိဂုံး

၅၄။     မြန်မာနိုင်ငံ၏  ကနဦးကန့်ကွက်လွှာ  တတိယအချက်အရ မြန်မာနိုင်ငံ၏  လျှောက်လဲတင်ပြချက်မှာ တရားရုံးသို့တရားဝင်လွှဲအပ် ၍ မရသဖြင့် တရားရုံးတွင် စီရင်ပိုင်ခွင့်  မရှိကြောင်း  ဟူသောအချက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ၁၉၄၈ ခုနှစ် Genocide Convention ၏ Article VIII ကို ခြွင်းချက်ပြုထားခြင်းကြောင့် ဤအမှုကို ပလပ်ရန် ဖြစ်ပါတယ်။ 

 

၅၅။     ကျွန်တော်၏ ယနေ့တင်ပြချက်ကို ဤမျှဖြင့် အဆုံးသတ် လိုပါ တယ်။ စိတ်ပါဝင်စားစွာ   နားထောင်ပေးသည့်အတွက်   တရားရုံးကို ကျေးဇူးတင်ရှိပါတယ်။ ဥက္ကဋ္ဌခင်ဗျား၊ ဆက်လက်၍ ကနဦး ကန့်ကွက် လွှာ စတုတ္ထအချက်ကို တင်ပြပေးဖို့ မြန်မာနိုင်ငံ၏ရှေ့နေ Professor Mr Christopher Staker ကို လျှောက်လဲခွင့်ပြုပါရန် မေတ္တာရပ်ခံ အပ်ပါတယ်။ 
*************