
နေပြည်တော် ဇူလိုင် ၁၈
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် GENDER/ CEDAW/ NSPAW/ UNSCR 1325 အသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပ သည်။
အခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူငယ်များဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် လူငယ် ရေးရာမူဝါဒများနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး မူဝါဒ တွင်ပါရှိသည့် ငြိမ်းချမ်းရေးနှင့်ဘဝလုံခြုံရေးကဏ္ဍ၊ ကျား/မ ညီမျှမှုကဏ္ဍနှင့် ဆုံးဖြတ်ချက်ချရမည့်အခန်း ကဏ္ဍများ၌ အမျိုးသမီးများ၏ ခေါင်းဆောင်မှုနှင့် ရပိုင်ခွင့်များကို တန်းတူအခွင့်အရေးပေးရန်၊ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် မျှတသောဖွံ့ဖြိုးတိုးတက်မှု များအတွက် အမျိုးသားနှင့် အမျိုးသမီးများအကြား ထိရောက်စွာမိတ်ဖက်ပြုဆောင်ရွက်သော အလေ့အထ ကို တိုးမြှင့်ခြင်းဖြင့် နှစ်ဦးနှစ်ဖက်အကျိုးရှိကြောင်း သိရှိလာစေရန်အတွက် လူငယ်မူဝါဒတွင် အမျိုးသမီး ကဏ္ဍများကို ထည့်သွင်းရေးဆွဲပြီး အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင် အမျိုးသမီးများနှင့် အမျိုးသမီးငယ်များအတွက် ကဏ္ဍစုံမှဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေးကို ဆောင်ရွက်နေကြပြီဖြစ်ပြီး အမျိုး သမီး၊ အမျိုးသားအားလုံး တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်ကာ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် အမျိုးသမီးထုကြီး၏အင်အားဖြင့် အကောင်အထည်ဖော်ကြရန်လိုကြောင်း ပြောကြား သည်။
လူငယ်မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဝန်ထမ်းများအနေဖြင့် အမျိုးသမီး များ၏ အခန်းကဏ္ဍများကို ပိုမိုသိရှိနားလည်စေရန်၊ လူငယ်မူဝါဒ၏ကဏ္ဍတစ်ခုဖြစ်သည့် ကျား/မ တန်းတူ ညီမျှမှုရရှိစေရေး အမျိုးသမီးငယ်များအားလုံး စွမ်းပကားတိုးမြှင့်စေရေးတို့ကို ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ယခုသင်တန်း ကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းသို့ လူငယ်ရေးရာဦးစီးဌာနမှ သင်တန်းသား သင်တန်းသူ ၃၀ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်