
တီဘီလီဆီ ဧပြီ ၄
ဂျော်ဂျီယာအစိုးရသည် နိုင်ငံခြားရေးဝန်ကြီးသစ် အဖြစ် အီလီယာ ဒါချီယာရှ်ဗီလီကို တနင်္လာနေ့က ခန့်အပ်လိုက် သည်။ အဆိုပါ နိုင်ငံခြားရေးဝန်ကြီးသစ် သည် အမေရိကန်နိုင်ငံဆိုင်ရာ ဂျော်ဂျီယာသံအမတ် အဖြစ် ခန့်အပ်ခြင်းခံရသော ဒေးဗစ်ဇာလ်ကာလီယာနီ ၏ လုပ်ငန်းတာဝန်များကို လွှဲပြောင်းရယူရမည်ဖြစ် ကြောင်း မြို့တော်တီဘီလီဆီ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဂျော်ဂျီယာဝန်ကြီးချုပ် အီကာလီ ဂါရီဘာရှ်ဗီလီက ပြောကြားလိုက် သည်။
ဒါချီယာရှ်ဗီလီသည် ၂၀၂၁ ခုနှစ် မတ်လ ကတည်းက ဂျော်ဂျီယာအစိုးရ စီမံအုပ်ချုပ်ရေး အဖွဲ့အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ဆင်ဟွာ