ဂျော်ဒန်နိုင်ငံတွင် အမေရိကန်တပ်ဖွဲ့ဝင်သုံးဦးသေဆုံးမှုနှင့်ပတ်သက်၍ တုံ့ပြန်ရန်ဆုံးဖြတ်ပြီးဟု ဘိုင်ဒင်ပြော

 

ဝါရှင်တန်   ဇန်နဝါရီ    ၃၁


ဂျော်ဒန်နိုင်ငံတွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ရခြင်းနှင့်ပတ်သက်၍ မည်သို့တုံ့ပြန်သွားရမည်ကို ဆုံးဖြတ်ချက်ချပြီးဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောသည်။ 


ဂျော်ဒန်နိုင်ငံ  အရှေ့မြောက်ပိုင်း  ဆီးရီး ယားနယ်စပ်အနီးရှိ  အမေရိကန် ကင်းစခန်း တစ်ခုကို     ဇန်နဝါရီ  ၂၈  ရက်က      ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အီရန်ကျောထောက် နောက်ခံပြုထားသည့်    စစ်သွေးကြွများက အဆိုပါတိုက်ခိုက်မှုကို      ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း အမေရိကန်က ပြောသည်။ 


ယင်းသို့    တိုက်ခိုက်ခံရမှုကို     မည်သို့ တုံ့ပြန်မည်နည်းဟု အိမ်ဖြူတော်တွင် သတင်း ထောက်များက   မေးမြန်းရာ   တုံ့ပြန်သွားရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း   ဂျိုးဘိုင်ဒင်က ပြောသည်။ သို့သော်လည်း အသေးစိတ်အချက် အလက်များကို     ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိချေ။ 


ယင်းသို့တိုက်ခိုက်မှု     ကျူးလွန်ခဲ့သူများ ကို လက်နက်ထောက်ပံ့ပေးသူတွင် တာဝန်ရှိ သည်ဟု ဘိုင်ဒင်က  ပြောသည်။   အရှေ့အလယ် ပိုင်းတွင် ပို၍ကျယ်ပြန့်သောစစ်ပွဲကို မလိုလား ကြောင်း      ၎င်းက     ဆက်လက်ပြောကြားခဲ့ သည်။


အင်န်အိတ်ချ်ကေ