
လီဗရာဘီးလ် ဇန်နဝါရီ ၂၁
ဂါဘွန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ်မော်ဆာ အဒမ်မိုသည် အစိုးရအဖွဲ့ အစည်းအဝေးတက် ရန် စောင့်ဆိုင်းနေစဉ် နှလုံး ဖောက်ပြန်မှုကြောင့် ဇန်နဝါရီ ၂၀ ရက်တွင် သေဆုံးခဲ့ကြောင်း အစိုးရနှင့် သမ္မတရုံး သတင်း ရင်းမြစ်၏ ဖော်ပြချက်အရ သိရသည်။
အသက် ၆၂ နှစ်အရွယ် မော်ဆာအဒမ်မို နှလုံးဖောက်ကာ မသေဆုံးမီ ပါရဂူများက သတိပြန် လည်လာအောင် ကြိုးစားလုပ် ဆောင်ခဲ့ကြကြောင်း သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် အစိုးရက ပြောသည်။ ၎င်းသည် အစိုးရအဖွဲ့ အစည်းအဝေး မစတင်မီ ၎င်း၏ လုပ်ဖော်ကိုင်ဖက်များ၏ ရှေ့မှောက်၌ စောင့်ဆိုင်းခန်း အတွင်း ထိုင်နေခဲ့ကြောင်း သမ္မတ အိမ်တော်နှင့် နီးစပ်သည့် သတင်း ရင်းမြစ်တစ်ခုက အေအက်ဖ်ပီသို့ ပြောသည်။
၎င်းသတိလစ်မေ့မြောနေစဉ် တပ်မတော်ဆေးရုံသို့ ပို့ဆောင်ခဲ့ သော်လည်း မွန်းလွဲပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ၎င်းသေဆုံးမှုနှင့် ပတ်သက်ပြီး သမ္မတ ဘွန်ဂိုက မော်ဆာအဒမ်မို သည် အမြော်အမြင်ကြီးမားသော နိုင်ငံ့ခေါင်းဆောင်ကောင်း တစ်ဦး ဖြစ်ခြင်းကြောင့် ဂါဘွန်နိုင်ငံအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်ကြောင်း တွစ်တာမှတစ်ဆင့် ပြောသည်။
အေအက်ဖ်ပီ