
ဘာလင် ဧပြီ ၁၆
ဂျာမနီနိုင်ငံသည် ဧပြီ ၁၅ ရက်က နိုင်ငံအတွင်းရှိ နောက်ဆုံးကျန်ရှိနေသော နျူကလီးယား ဓာတ်အားပေးစက်ရုံ သုံးရုံကို ပိတ်သိမ်းခဲ့ပြီး နျူကလီးယားစွမ်းအင်အသုံးပြုမှုမှ နုတ်ထွက်ရန် အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့သည်။
၂၀၁၁ ခုနှစ် ဂျပန်နိုင်ငံ ဖူကူရှီးမားဒိုင်အိချိ နျူက လီးယားစက်ရုံ မတော်တဆဖြစ်ရပ်အပြီးတွင် ဂျာမနီ ဝန်ကြီးချုပ် အင်ဂျလာမာကယ်က နျူကလီးယား စွမ်းအင် အသုံးပြုမှုကို ရပ်တန့်ရန် မူဝါဒချမှတ်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း နိုင်ငံအတွင်း နျူကလီးယားဓာတ်အားပေးစက်ရုံများ ပိတ်သိမ်းရန် ကနဦး ရည်ရွယ်ခဲ့သည်။
ဧပြီ ၁၅ ရက်က နိုင်ငံအတွင်း နောက်ဆုံး ကျန်ရှိ နေသည့် နျူကလီးယား ဓာတ်အားပေးစက်ရုံ သုံးရုံ အနက်တစ်ရုံဖြစ်သည့် နက်ကာဝက်စ်တိုင်း နျူက လီးယားဓာတ်အားပေးစက်ရုံအနီးတွင် ဒေသခံ အဖွဲ့ အစည်းများ စုစည်းခဲ့သည်။ ၎င်းတို့သည် နျူက လီးယားစွမ်းအင်အသုံးပြုမှု အဆုံးသတ်သွားပြီ ဟူသောဆိုင်းဘုတ်များ ကိုင်ဆောင်ခဲ့သည်။ နျူက လီးယားစက်ရုံကြောင့်ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ် များ အဆုံးသတ်သွားပြီ ဖြစ်သည့်အတွက် ဝမ်းသာ ကြောင်း တက်ရောက်လာသူများက ပြောသည်။
သို့သော်လည်း မကြာသေးမီက ကောက်ယူခဲ့ သည့် စစ်တမ်းအရ ဂျာမနီနိုင်ငံအတွင်းရှိ ၅၉ ရာခိုင်နှုန်းသော ပြည်သူများမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံများ ပိတ်သိမ်းခြင်းကိုဆန့်ကျင် ကြသည်။ ၃၄ ရာခိုင်နှုန်းကမူ စက်ရုံများပိတ်သိမ်းခြင်း ကို ထောက်ခံကြသည်။ အဆိုပါမူဝါဒနှင့်ပတ်သက်၍ စိုးရိမ်မိကြောင်း တိုင်းပြည်အတွင်းရှိ စီးပွားရေး အသိုက်အဝန်းများက ထုတ်ဖော်ပြောကြားကြသည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များ တိုးချဲ့ နေချိန်တွင် ရေရှည် စိတ်ချရသည့် စွမ်းအင် ထောက်ပံ့ မှုများရရှိရန် စိန်ခေါ်မှုများနှင့် ကြုံတွေ့နိုင်သည်ဟု လေ့လာသူများက ပြောသည်။ ရေဒီယိုသတ္တိကြွ နျူကလီးယားအညစ်အကြေးများ စွန့်ပစ်ခြင်းကို ကိုင်တွယ်ဖြေရှင်းရန်လည်း လိုအပ်လျက်ရှိသည်။
အင်န်အိတ်ချ်ကေ