
ဘာလင် မတ် ၂၆
ဂျာမနီနိုင်ငံ၏နေ့စဉ် ကိုဗစ်-၁၉ ကူးစက်မှုမှာ တရားဝင်စာရင်းထက် နှစ်ဆ ပိုမိုများပြားနိုင်ဖွယ် ရှိသည် ဟု ကျန်းမာရေးဝန်ကြီး ကား လက်တာဘတ်က မတ် ၂၅ ရက် တွင် ပြောသည်။ ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း သတင်း မပို့သည်များလည်းရှိရာ အမှန် တကယ်ကူးစက်ခံရသည့် အရေ အတွက်မှာ နှစ်ဆဖြစ်နိုင်ကြောင်း၊ ယင်းအချက်သည် ကောင်းသော အခြေအနေတစ်ခု မဟုတ် ကြောင်း ၎င်းက ဆက်ပြောသည်။ ၂၄ နာရီအတွင်း ကူးစက်ခံရမှုနှုန်း မှာ ၂၉၆၄၉၈ ဦးရှိသည်ဟု ရောဘတ်ကို့ချ် အင်စတီကျုက ပြောသည်။ သေဆုံးသူ ဦးရေမှာ တစ်နေ့လျှင် ပျမ်းမျှအားဖြင့် ၃၀၀ ဝန်းကျင် ရှိသည်။
နောက်ထပ် ကူးစက်မှုများမှ ရှောင်ရှားရန်အတွက် ကာကွယ် ဆေး မထိုးရသေးသူများလည်း ကာကွယ်ဆေးထိုးရန် လိုအပ် ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောသည်။
သက်ကြီးရွယ်အို ၉၀ ရာခိုင် နှုန်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး စတုတ္ထအကြိမ် မထိုးရသေးချေ။ မတ် ၂၄ ရက်အထိ ကာကွယ်ဆေး အပြည့်ထိုးပြီးသူ ၇၅ ဒသမ ၉ ရာခိုင်နှုန်းရှိသည်။ သို့သော်လည်း တိုင်းပြည်အတွင်း ကာကွယ်ဆေး မထိုးရသေးသည့် ဦးရေမှာ ၁၉ ဒသမ ၅ သန်း ရှိနေဆဲဖြစ် ကြောင်း သိရသည်။
ဆင်ဟွာ