
ဘာလင် ဖေဖော်ဝါရီ ၂၂
ဂျာမနီနိုင်ငံ အနောက်ပိုင်း အက်ဆန်မြို့တွင် အထပ်မြင့် အဆောက်အအုံ မီးလောင်မှု ကြောင့် တိုက်ခန်း ၃၉ ခန်း ပျက်စီး ခဲ့ရပြီး ဒေသခံသုံးဦး ဒဏ်ရာရရှိ ခဲ့သည်။
မီးဘေးဒဏ်ကို လူပေါင်း ၁၂၈ ဦး ခံစားခဲ့ရကြောင်း မြို့တော် သတင်းထုတ်ပြန်ရေး အဖွဲ့က ဖေဖော်ဝါရီ ၂၁ ရက်တွင် သတင်း ထုတ်ပြန်သည်။ မီးသတ်သမား များရောက်ရှိလာစဉ် မီးအကြီး အကျယ် လောင်ကျွမ်းလျက် ရှိကြောင်း မြို့တော်မီးသတ်ဌာန က သတင်းထုတ်ပြန်သည်။
မီးလောင်မှုနောက်ပိုင်း စုံစမ်း စစ်ဆေးမှုများကို ရဲတပ်ဖွဲ့က ဆက်လက် လုပ်ဆောင်လျက် ရှိသည်။ လေပြင်းတိုက်ခတ်မှု ကြောင့်လည်း မီးလောင်မှုကို ပိုမိုပျံ့နှံ့စေခဲ့ကြောင်း မီးသတ်ဌာန က ပြောသည်။
မီးလောင်မှု အပူဒဏ်ကြောင့် ပြတင်းပေါက်များ အရည်ပျော် ကျ ပျက်စီးခဲ့ရသည်။ ဆင်ဟွာ