
ဂျကာတာ ဇွန် ၁၇
ဂျာမနီသမ္မတ ဖရန့်ဝေါ်တာ စတိန်းမီးယာသည် အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုနှင့် လျှပ်စစ် ကား ကဏ္ဍရင်းနှီးမြှုပ်နှံမှု၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ကာဗွန်အခွန်များ အပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အတွက် ဇွန် ၁၆ ရက်က တွေ့ဆုံ ကြသည်။
အင်ဒိုနီးရှား နိုင်ငံအတွင်း တစ်ပိုင်းလျှပ်ကူး ပစ္စည်းစက်ရုံ များ ဖွံ့ဖြိုးတိုးတက်ရန်နှင့် အဆိုပါ လုပ်ငန်းကို ကမ္ဘာလုံး ဆိုင်ရာ ချစ်ပ်ထောက်ပံ့ရေး လုပ်ငန်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာစေရန် ဂျာမနီစက်မှု လုပ်ငန်းများကို တိုက်တွန်းထား ကြောင်း ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားသည်။
တွေ့ဆုံဆွေးနွေးမှုတွင် ရာသီ ဥတု ပြောင်းလဲမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အားကောင်းလာစေ ရန်၊ စွမ်းအင်အကူးအပြောင်း ဆိုင်ရာ ဘဏ္ဍာငွေထောက်ပံ့အဖွဲ့ ဖွဲ့စည်းရန်နှင့် ကာဗွန် စျေးကွက် ဖြစ်ပေါ်လာစေရန် စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
ဂျာမနီနိုင်ငံကို ကျွန်းစု အင်ဒို နီးရှားနိုင်ငံ၏ ပြန်လည်ပြည့်ဖြိုး မြဲ စွမ်းအင်ရင်းမြစ်များ ပျိုးထောင် ရာတွင် အင်ဒိုနီးရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ဂျိုကို ဝီဒိုဒိုက တောင်းဆိုခဲ့သည်။
ညှိနှိုင်းဆွေးနွေးပွဲတွင် အင်ဒို နီးရှားနှင့် ဂျာမနီနိုင်ငံတို့ကြား နီးကပ်သော ဆက်ဆံရေးရှိ ကြောင်းနှင့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက် တိုးမြင့်လာမည်ဟု မျှော်လင့်မိ ကြောင်း ဂျာမနီသမ္မတ စတိန်း မီးယာက ပြောကြားသည်။
ဂျာမနီသမ္မတ စတိန်းမီးယာ သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ဂျာမနီသမ္မတအဖြစ် ပြန်လည် ရွေးကောက်ခြင်းခံရသည်။ ယခု နှစ်သည် အင်ဒိုနီးရှားနှင့် ဂျာမနီ နိုင်ငံတို့ကြား သံတမန်ဆက်ဆံ ရေး နှစ် ၇၀ မြောက် အထိမ်း အမှတ်ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ