EV(လျှပ်စစ်ကား)နှင့် ICE Vehicle (လောင်စာဆီသုံး အင်ဂျင်ကား)တို့ ကွာခြားမှုအားသာချက်များအကြောင်း

အင်ဂျင်နီယာထွန်း (စက်မှုစီးပွားထူးချွန်ဆု) Former Part- Time Professor, D.S.T.A

 

နိုင်ငံတော်အကြီးအကဲက ယနေ့ မြန်မာနိုင်ငံတွင် လျှပ်စစ်ယာဉ် (EV- Electric Vehicle) များ သုံးစွဲ နိုင်ရေး ကြိုးပမ်းကြရန် တိုက်တွန်းရခြင်းသည် အောက်ဖော်ပြပါ အကြောင်းများကြောင့်ဆိုလျှင် မမှားနိုင်ပေ။ 


လျှပ်စစ်ယာဉ်သုံးစွဲခြင်း အားသာချက်များ


လျှပ်စစ်ယာဉ် (EV-Electric Vehicle) များ သုံးစွဲခြင်းဖြင့် ပြည်ပမှ လောင်စာဆီ ဝယ်ယူတင် သွင်းနေရသည့် နိုင်ငံခြားငွေသုံးစွဲရမှု လျော့နည်း ပပျောက်စေခြင်း၊ လောင်စာဆီသုံးယာဉ်များ (ICE-  Internal Combustion Engine) Vehicle ၏ မောင်းနှင်အသုံးပြုနိုင်ရန် အင်အားဖြစ်ပေါ်ရေး အတွက် လောင်ကျွမ်းမှုမှ ထွက်ပေါ်လာသော အဆိပ်ဓာတ်ငွေ့ ကာဗွန်ဒိုင်အောက်ဆိုက်ကြောင့် လူ၊ သတ္တဝါများနှင့် သစ်ပင်များ ထိခိုက်ပျက်စီး သေကျေကြရမှု လွတ်ကင်းစေခြင်း၊ EV ယာဉ်များ သွားလာရာတွင် ICE ယာဉ်များကဲ့သို့ ဆူညံသံ မဖြစ်ပေါ်စေခြင်းနှင့် မောင်းနှင်ရန် လိုအပ်သည့် စွမ်းအင်ရရှိစေဖို့  စုဖွဲ့တည်ဆောက်ထားသည့် ပစ္စည်းအစိတ်ပိုင်းအုပ်စု   ပါဝင်မှုနည်းပါးပြီး လွယ်ကူရှင်းလင်းပေါ့ပါးသည့်အတွက် ICE ယာဉ် များကဲ့သို့ ရှုပ်ထွေးများပြား လေးလံသည့်အင်ဂျင် အုပ်စု စုဖွဲ့တည်ဆောက်ထားသည့် အစိတ်အပိုင်း များထက် EV ယာဉ်များတည်ဆောက်မှုတွင် Induction Motor & Inverter စသော နည်းပါး သည့် အစိတ်အပိုင်းများဖြင့်သာ ပေါ့ပါးစွာ စုဖွဲ့ တည်ဆောက်ထားသဖြင့်  ပျက်စီးချို့ယွင်းနိုင်မှု နည်းပါး၍ ပြုပြင်ထိန်းသိမ်းရန် လွယ်ကူသော ကြောင့်   ယာဉ်ပြုပြင်ထိန်းသိမ်းစရိတ်များစွာ လျော့နည်းစေပါသည်။
EV ယာဉ်နှင့် ICE ယာဉ်တို့၏ အလေးချိန်နှင့် စွမ်းအားပေးနိုင်မှုအချိုး   နှိုင်းယှဉ်ရာတွင် EV ယာဉ်မှာ (8.5 KW/kg) စွမ်းအားရရှိပြီး ICE ယာဉ်မှာ (0.8 KW/kg) သာ  စွမ်းအားရရှိသည့် အတွက် မောင်းနှင်ကုန်ကျစရိတ်မှာ EV ($0.03/ mile) ဖြစ်ပြီး   ICE Vehicle ($0.1/mile) ဖြစ်သဖြင့် အကွာအဝေးများများမောင်းလေ EV ယာဉ်ဖြင့် သွားလာစရိတ်ကုန်ကျမှုသည် ICE ယာဉ် အသုံးပြု ကုန်ကျစရိတ်ထက်   များစွာသက်သာကြောင်း နိုင်ငံတကာတွင် စမ်းသပ်တွေ့ရှိထားသည့်အတွက် EV ယာဉ်များကို   သုံးစွဲကြည့်ရန်  အလေးထား စဉ်းစားနိုင်ရန် ရှင်းလင်းတင်ပြခြင်း ဖြစ်ပါသည်။ 


EV ယာဉ်သည် ICE ယာဉ်ထက် ပေါ့ပါးပြီး ကမ္ဘာမြေ၏ ဗဟိုချက်သို့   ဆွဲငင်သည့်အား (CG -Center of Gravity) မှာ မြေပြင်နှင့် ပိုမိုနီးကပ် သဖြင့် အရှိန်ဖြင့်ကွေ့ရာတွင် တိမ်းမှောက်နိုင်မှုကို ကာကွယ်နိုင်ခြင်း၊   အရှိန်ဖြင့်မောင်းနှင်သွား လာရာတွင်လည်း    တော်ရုံတန်ရုံတိမ်းမှောက်မှု မရှိခြင်း၊ ကားဘီးများပွန်းစားမှု လျော့နည်းစေမှု ကြောင့်  ကားဘီးသက်တမ်း  ကြာရှည်ခံသဖြင့် ကုန်ကျစရိတ် လျော့နည်းစေခြင်းတို့ကလည်း EV ယာဉ်၏ အားသာချက်များ ဖြစ်ပါသည်။
ဈေးကြီးသည့် နိုင်ငံခြားဖြစ် စက်သုံးဆီအပြင် အင်ဂျင်ဝိုင်အစရှိသည့်     အစိတ်ပိုင်းအုပ်စုများ လည်ပတ်ဖို့ ထည့်ပေးရသော ချောဆီများကို EV ယာဉ်များ မောင်းနှင်အသုံးပြုရာတွင် မလိုအပ်တော့ သဖြင့်   ကုန်ကျစရိတ် များစွာသက်သာစေပါသည်။


EV ယာဉ်များသုံးစွဲမှု တိုးတက်လာမည်


EV ယာဉ်များ၏ အဓိကစွမ်းအားဖြည့်ပေးရ သည့်ဘက်ထရီ Li-ion မှာ ဈေးမြင့်နေသော်လည်း နည်းပညာတိုးတက်လာသည်နှင့် ဈေးလျော့ကျပြီး အရည်အသွေးတိုးမြင့်လာသည့် Li-Fe Battery, LiFePO4 Battery, Iron-Graphite Foils Battery စသည်ဖြင့်       တိုးတက်ပြောင်းလဲသုံးစွဲနိုင်ရန် လည်း ပညာရှင်များက ကြိုးပမ်းတီထွင်ပေးလျက် ရှိသည့်အတွက် များမကြာမီခေတ်ကာလတွင် EV ယာဉ်များသုံးစွဲမှုမှာ   အံ့မခန်းတိုးတက်လာမည် ဖြစ်ပါသည်။ ထို့ပြင် ၂၀၂၁ ခုနှစ် ဒုတိယလေးလပတ် မှစပြီး BYD မှ EV ကားများအတွက် အဆင့်မြင့် တီထွင်ထားသည့် BYD New Blade Battery များကို ကျယ်ပြန့်စွာ ထုတ်လုပ်ရောင်းချသွားမည့်အကြောင်း သိရှိရပါသည်။ 


၂၀၂၀ ပြည့်နှစ်တွင် SAIC နှင့် US car giant General  Motors (GM)တို့    Joint Venture ထုတ်လုပ်သည့် Mini EV ကားများသည်     USD  4100 - USD 5600 ခန့်ဈေးနှုန်းများမှအစပြု၍ အခြား အဆင့်မြင့် EV ကားများမှာ အမျိုးအစားအလိုက် ဈေးနှုန်းအစားစားရှိကြပါသည်။
နာမည်ကြီး ကားကုမ္ပဏီများမှ ထုတ်လုပ်သော ကားများထက် BYD တရုတ်ပိုင်  ကားကုမ္ပဏီနှင့် ၎င်းနာမည်ကြီး ကားကုမ္ပဏီများဖြစ်သော Tesla, GM, Ford, Chavolet, Mercedes, Volkswagen, Hundai, Toyota, Renault, etc တို့နှင့် Joint Venture များပြုလုပ်ပြီး   Integrated High Technology ဖြင့် ယခင်ထက်ဈေးနှုန်းသက်သာစွာ    ထုတ်လုပ်ဖြန့်ဖြူးလာနိုင်ပြီဖြစ်ပါသည်။


အစီအစဉ်များကို စီမံပေးနိုင်ပါလျှင်


ကျွန်တော့်လို EV ယာဉ်များအကြောင်း ဗဟု သုတရသူများ၊ EV ကားများကို ပိုင်ဆိုင်မောင်းနှင် ချင်သူများ အများအပြားရှိလာနိုင်မည်ဖြစ်သော် လည်း ချက်ချင်းငွေပေးချေ (Cash Down) ဝယ်ယူ နိုင်ရန် အခက်အခဲရှိကြပါလိမ့်မည်။ လောင်စာဆီ သုံး အင်ဂျင်ကားများထက် EV လျှပ်စစ်ကားများကို သက်သာသောဈေးနှုန်းဖြင့် အများပြည်သူဝယ်ယူ ခွင့်ရရှိအောင် သက်ဆိုင်ရာက မူဝါဒချမှတ်ပေးခြင်း၊ သုံးစွဲသူတို့ အဆင်ပြေချောမွေ့မှုရှိစေရန် အချိန်တို အတွင်း Charging  ဖြည့်သွင်းနိုင်သော  Fast Charging  System များ၊ Servicing များကိုလည်း သက်ဆိုင်ရာဌာများနှင့် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီး မြှုပ်နှံလိုသူလုပ်ငန်းရှင်များ ပူးပေါင်းကာ ပေါင်းစပ် စီမံဖြည့်ဆည်းပေးခြင်း၊ အစိုးရဌာနများနှင့် အဖွဲ့ အစည်းများရှိ ဝန်ထမ်းများ ကျယ်ပြန့်စွာသုံးစွဲနိုင်ကြ ရန်အတွက်  Down payment and Installment ပေါင်းစပ်ရောင်းချပေးနိုင်ခြင်း စသည့်အစီအစဉ်များ ကို စီမံပေးနိုင်ပါလျှင် မြန်မာပြည်သူများ ခေတ်မီ အဆင့်မြင့်စွာဖြင့် EV ယာဉ်များ  သုံးစွဲလာသူ တစ်စတစ်စတိုးပွားလာမည်ကို  မြော်တွေးမိပါ ကြောင်း တင်ပြလိုက်ရပါသည်။     ။