EU နှင့် ဂျပန် စီးပွားရေးပူးပေါင်းမှု၌ နယ်စပ်ဖြတ်ကျော် သတင်းအချက်အလက်စီးဆင်းမှုဆိုင်ရာ စည်းမျဉ်းများထည့်သွင်းရန်ညှိနှိုင်း

 

ဘရပ်ဆဲလ်   နိုဝင်ဘာ  ၄


အီးယူနှင့်ဂျပန်တို့သည် ၎င်းတို့လက်မှတ်ရေးထိုးထားသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု  သဘောတူ စာချုပ် (Economic Partnership Agreement-EPA) တွင်   သတင်းအချက်အလက်စီးဆင်းမှုဆိုင်ရာ စည်းမျဉ်းများ ထပ်မံထည့်သွင်းနိုင်ရန်  စေ့စပ်ညှိနှိုင်းမှုများ   ပြုလုပ်ခြင်းဖြင့်    နှစ်နိုင်ငံဆက်ဆံရေးကို နောက်တစ်ဆင့်တက်ရန် သဘောတူခဲ့ကြသည်။

 


နှစ်နိုင်ငံအကြား တရားဝင်ညှိနှိုင်းဆွေးနွေးပွဲများကို ဘရပ်ဆဲလ်မြို့တွင် အောက်တိုဘာ ၂၄ ရက်က စတင်ကျင်းပခဲ့သည်။ ဂျပန်နှင့် EU တို့၏ သဘောတူညီချက်တွင် ခေတ်မီဒစ်ဂျစ်တယ်ကုန်သွယ်မှု စည်းမျဉ်း များကို ထည့်သွင်းခြင်းဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများနှင့် ဂျပန်ရှိ စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းများကို အကျိုးရှိစေမည် ဖြစ်ပါသည်။ အီးယူ-ဂျပန်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် အသက်ဝင် ပြီးနောက် သုံးနှစ်အတွင်း နယ်စပ်ဖြတ်ကျော် သတင်းအချက်အလက်စီးဆင်းမှုဆိုင်ရာ ပြဋ္ဌာန်းချက်များ ထည့်သွင်းရန် အကဲဖြတ်မှုကိုပြုလုပ်ခဲ့ပြီး အီးယူနှင့်ဂျပန်တို့သည် ယခုအခါ တရားဝင်ညှိနှိုင်းမှုများစတင်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။