ဧရာဝတီတံတား(မကွေး) ရေလမ်း ပြောင်းလဲသတ်မှတ်ထား

 

နေပြည်တော်   မေ   ၄
ဧရာဝတီတံတား(မကွေး)ရေလမ်းတွင် ရေယာဉ်များ   ဖြတ်သန်း သွားလာရန် ရေလမ်းကြောင်းကို အစုန်လမ်းအဖြစ် ရေလယ်တိုင် အမှတ်(၁၇)နှင့် (၁၈)အကြားမှ လည်းကောင်း၊ အဆန်လမ်းအဖြစ် ရေလယ်တိုင် အမှတ်(၁၆)နှင့် (၁၇)အကြားမှ လည်းကောင်း ဖွင့်လှစ် ထားသည်။ ယခုအခါ  တံတားမြစ်ကြမ်းပြင်  မြစ်ရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မည်ဖြစ်သောကြောင့် ရေယာဉ်များ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို  ၂၀၂၂ ခုနှစ်   မေ ၄ ရက်မှစ၍ အစုန်၊  အဆန် ရေလမ်းအဖြစ် ရေလယ်တိုင်အမှတ်(၁၇) နှင့် (၁၈) အကြား ပြောင်းလဲဖွင့်လှစ်ထားသည်။
ပြောင်းလဲထားသည့် ရေလမ်းကြောင်း၏ ကင်းလွတ်အကျယ်မှာ မီတာ ၁၁၀ ရှိပြီး ကင်းလွတ်အမြင့်မှာ အမြင့်ဆုံး  ရေမျက်နှာပြင် အထက် ၁၇ မီတာရှိသည်။ ရေယာဉ်များ ဖြတ်သန်းရမည့်  ဝင်ပေါက် တွင် နေ့အခါ  အစိမ်းရောင်တြိဂံအမှတ်အသားပြသ၍   ညအခါ             မီးစိမ်းထွန်းပြသထားသည်။ မဝင်ရမည့်ရေလမ်းတွင်  နေ့အခါ အနီ ရောင် ကြက်ခြေခတ်အမှတ်အသားပြသ၍ ညအခါ မီးနီထွန်း ပြသ ထားသည်။
တံတားတိုင်များ၏ အောက်ခြေပိုင်တိုင်အုတ်ခုံမှာ ရေလယ်တိုင် များ၏ တစ်ဖက်တစ်ချက်တွင်  ၁၅   ပေခန့် ထိုးထွက်နေသဖြင့် ရေယာဉ်များ ရေလယ်တိုင် နှစ်ခုအကြားမှ ယှဉ်ပြိုင်ခုတ်မောင်းခြင်း မပြုရန်နှင့် တွဲတွန်းရေယာဉ်များ တစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်း ကြရန်အပြင်  အစုန်ဦးစားပေး၍   ဝင်ပေါက်သို့   ချဉ်းကပ်ရာတွင် လုံလောက်သောအကွာအဝေးမှ    ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ထိန်းသိမ်းခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့်   မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေးနှိုးဆော်ချက် သတင်း ထုတ်ပြန်ထားကြောင်း သိရသည်။
သတင်းစဉ်