ဧရာဝတီတံတား( မကွေး ) ရေလမ်း ပြောင်းလဲမည်

နေပြည်တော် ဇန်နဝါရီ ၁၃ ဧရာဝတီတံတား(မကွေး) ရေလမ်းတွင် ရေယာဉ်များ ဖြတ်သန်းသွား လာရန် အစုန်ရေလမ်းကြောင်းကို ရေလယ်တိုင်အမှတ်(၁၇)နှင့် (၁၈)အကြားမှလည်းကောင်း၊ အဆန်ရေလမ်းကြောင်းကို ရေလယ်တိုင် အမှတ် (၁၆)နှင့် (၁၇)အကြားမှလည်းကောင်း သတ်မှတ်ပေးထား သည်။ ယခုအခါ တံတားဦးစီးဌာနမှ မြစ်ကြမ်းပြင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သောကြောင့် တံတားရေလမ်း ကြောင်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှစ၍ အစုန်၊ အဆန် ရေလမ်းအဖြစ် ရေလယ်တိုင် အမှတ်(၁၇)နှင့် (၁၈)အကြားမှ ပြောင်းလဲဖွင့်လှစ်မည် ဖြစ်သည်။ ပြောင်းလဲမည့် ရေလမ်းကြောင်း၏ ကင်းလွတ်အကျယ်မှာ မီတာ ၁၁၀ရှိပြီး ကင်းလွတ်အမြင့်မှာ အမြင့်ဆုံး ရေမျက်နှာပြင်အထက် ၁၇ မီတာရှိသည်။  ရေယာဉ်များ ဖြတ်သန်းရမည့် ဝင်ပေါက်တွင် နေ့အခါ အစိမ်းရောင်တြိဂံအမှတ်အသားပြသ၍ ညအခါ မီးစိမ်းထွန်း ပြသထားပါမည်။ မဝင်ရမည့် ရေလမ်းတွင် နေ့အခါ အနီရောင် ကြက်ခြေခတ်အမှတ်အသားပြသ၍ ညအခါ မီးနီထွန်းပြသထားမည်။ တံတားတိုင်များ၏ အောက်ခြေပိုင်တိုင် အုတ်ခုံမှာ ရေလယ် တိုင်များ၏ တစ်ဖက်တစ်ချက်တွင် ၁၅ပေခန့် ထိုးထွက်နေသဖြင့် ရေယာဉ်များ ရေလယ်တိုင်နှစ်တိုင်အကြားမှ ယှဉ်ပြိုင်ခုတ်မောင်း ခြင်း မပြုရန်နှင့် တွဲတွန်းရေယာဉ်များ တစ်တွဲချင်းသာ ချိတ်ဆွဲ ဖြတ်သန်းကြရန်အပြင် အစုန်ဦးစားပေး၍ ဝင်ပေါက်သို့ ချဉ်းကပ်ရာ တွင် လုံလောက်သောအကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန် ဖြင့် ထိန်းသိမ်းခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေး နှိုးဆော်ချက် ထုတ်ပြန်ထားကြောင်း သိရသည်။ သတင်းစဉ်