ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ‘အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ’ သာသနာပြုဘွဲ့တံဆိပ်တော်ရဆရာတော်အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုပူဇော်ပွဲအခမ်းအနားတက်ရောက်

 

အမာ    ဧပြီ   ၂၄
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့ ဒေါ်ညိမ်း ကျေးရွာအုပ်စု ကမန္တာကျေးရွာ စိတ္တသုခကျောင်း ဓမ္မာရုံ၌ ယနေ့နံနက် ၁၀ နာရီက ‘အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ’      သာသနာပြုဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘဒ္ဒန္တနန္ဒိယမထေရ်မြတ်အား ထပ်ဆင့် ချီးကျူးဂုဏ်ပြုပူဇော်ပွဲအခမ်းအနား ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ‘နမောတဿ’ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို   ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊          အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ   ထန်းပင်ကျောင်း ဆရာတော် ဘဒ္ဒန္တဝေပုလ္လမထေရ်မြတ်ထံမှ သရဏဂုံ သုံးပါးနှင့်တကွ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က စိတ္တသုခ ကျောင်း၏ ဦးစီးပဓာနနာယက ဆရာတော်  ဘဒ္ဒန္တ နန္ဒိယမထေရ်မြတ်အား    ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းခြင်း၊   ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထု ပစ္စည်းများဖြင့်     ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြ ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊    တိုင်းဒေသကြီး ဝန်ကြီးများ၊  ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ အဖွဲ့ဝင် များ၊  အလှူရှင်များ၊  ဒေသခံပြည်သူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ကမန္တာကျေးရွာ ဘုရားလေးကျောင်း တိုက်  ဓမ္မာရုံတွင်   အမာမြို့အဆင့်ဌာနဆိုင်ရာများ နှင့် တွေ့ဆုံပွဲသို့တက်ရောက်၍ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေး မှာကြားခဲ့ကြောင်း  သိရှိရသည်။

အမာ(ပြန်/ဆက်)