
ငရုတ်ကောင်း ဧပြီ ၁
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်း အဆင့်ဌာနဆိုင်ရာ တာဝန်ရှိ သူများသည် ယနေ့ နံနက်ပိုင်းက ငရုတ်ကောင်း / ဂျော်ရန်ဂျီကျွန်း ဆက်သွယ်သော ချောင်းဝတံတား စီမံကိန်း တည်ဆောက်နေမှု အား ကြည့်ရှုစစ်ဆေးပြီး(ယာပုံ) တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ဒေသ ဖွံ့ဖြိုးရေး လိုအပ်ချက်များတင်ပြမှု အပေါ် သက်ဆိုင်ရာ ဌာနများ နှင့် ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငရုတ် ကောင်းမြို့ တိုက်နယ်ဆေးရုံသို့ သွားရောက်ပြီး ဆေးရုံတက်ရောက် ကုသနေသော လူနာများအား နွေးထွေးစွာ လိုက်လံကြည့်ရှု အားပေးပြီး လူနာများအတွက် အာဟာရဖြည့် စားသောက်ဖွယ် ရာများနှင့် ငရုတ်ကောင်းမြို့ တိုက်နယ်ဆေးရုံအတွက် အလှူ ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)