ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျောင်းကုန်းမြို့နယ် ဂုန်မင်းကျေးရွာတောင်သူများနှင့်တွေ့ဆုံ

 

ကျောင်းကုန်း  မေ   ၁၈


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ်   ဦးတင်မောင်ဝင်းနှင့်   အဖွဲ့ သည် ပုသိမ်ခရိုင် ကျောင်းကုန်း မြို့နယ် ဂုန်မင်းကျေးရွာအုပ်စုမှ  တောင်သူများနှင့်       တွေ့ဆုံပွဲကို    ဂုန်မင်းကျေးရွာ        သာသနာ့ ဇောတိက ကျောင်းတိုက်ဓမ္မာရုံ၌     ယနေ့   မွန်းလွဲပိုင်းက    ပြုလုပ် သည်။

 


ရှေးဦးစွာ     တိုင်းဒေသကြီး ဝန်ကြီးချုပ်က   ဂုန်မင်းကျေးရွာ သာသနာ့ဇောတိကကျောင်းတိုက် ပဓာနနာယက    ဆရာတော်ထံ သင်္ကန်းနှင့်      နဝကမ္မအလှူငွေ  ဆက်ကပ်လှူဒါန်းပြီး      ဓမ္မာရုံ အတွင်း၌       တောင်သူများနှင့် တွေ့ဆုံကာ        တစ်မိုးတစ်သီး စိုက်ပျိုးနေရာကနေ စပါး၊ ပဲ၊ စပါး သုံးသီး     စိုက်ပျိုးသင့်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် မိုးစပါးဧက ၃၇ သိန်းနှင့် နွေစပါး ဧက   ၁၄   သိန်း  စိုက်ပျိုးထား ကြောင်း၊ စက်သုံးဆီစရိတ်သုံးစွဲမှု သက်သာစေရန်    ဆိုလာစနစ် တပ်ဆင်ကြရန်    လိုကြောင်း၊ စားသုံးဆီ       ဖူလုံရေးအတွက်  နေကြာစိုက်ပျိုးကြရန်လိုကြောင်း၊ ဓာတ်မြေဩဇာအစား  E M ဘိုကာ ရှီ  သဘာဝမြေဩဇာကို သုံးစွဲကြ ရန်လိုကြောင်း၊    ပိုက်ဆံလျှော် ကြဲပက်၍   စိုက်ပျိုးသင့်ကြောင်း၊ မြေဆီလွှာအားကောင်းမှ မြေဆီ လွှာဂုဏ်သတ္တိ တိုးလာမည်ဖြစ်ပြီး စပါးပဲ  စသည့်သီးနှံများ  အထွက် နှုန်း    တိုးလာမည်ဖြစ်ကြောင်း ပြောကြားသည်။

 


 ထို့နောက် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက    ရှင်းလင်း ပြောကြားပြီး        တက်ရောက် လာသော        ဂုန်မင်းကျေးရွာမှ တောင်သူ ဦးဟန်မြင့်၊     လှည်းဆိပ် ကျေးရွာမှ တောင်သူ ဦးဌေးပိုင် တို့က   ဒေသအခက်အခဲများကို တင်ပြကြရာ     တာဝန်ရှိသူများက       ပြန်လည်   ဖြေကြားပေးသည်။ ကျောင်းကုန်း   မြို့နယ်အနေဖြင့်   ရပ်ကွက် ငါးရပ်ကွက်နှင့် ကျေးရွာ အုပ်စု ၆၅ အုပ်စု၊  ရပ်ကွက်ကျေးရွာ အုပ်စုပေါင်း ၇၀ ရှိသည်။

 


ဆက်လက်၍  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဂုန်မင်း အခြေခံပညာအထက်တန်းကျောင်း သို့  သွားရောက်ကာ  ကျောင်းသုံး   ဗလာစာအုပ်များ၊   ခဲတံများနှင့်    ကျန်းမာရေးသုံးပစ္စည်း  နှာခေါင်း စည်းတို့ကို ကျောင်းအုပ်ဆရာကြီး ဦးကျော်စိုးထံ ပေးအပ်ကြောင်း သိရသည်။  

ဝင်းကြိုင်(ပြန်/ဆက်)