ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျောင်းကုန်း၊ အိမ်မဲ၊ မြောင်းမြမြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းကြည့်ရှုအားပေး

 

ပုသိမ်   ဧပြီ    ၁၈


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ်     ဦးတင်မောင်ဝင်းသည်    တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊  မြို့နယ်အဆင့် ဌာနဆိုင်ရာ များနှင့်အတူ    ယနေ့   နံနက် ပိုင်းက     ကျောင်းကုန်းမြို့နယ်  သို့     စိုက်ပျိုးရေးလုပ်ငန်းများ နှင့်     ဒေသဖွံ့ဖြိုးရေး     လုပ်ငန်း များ     ကွင်းဆင်း    ဆောင်ရွက် သည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်း မြို့နယ် ဇရပ်ကွင်းကျေးရွာအုပ်စု စာဖြူစုရွာရှိ မုန်းသီတာကုမ္ပဏီသို့ သွားရောက်ပြီး အရည်အသွေး မြင့်      ဆန်များ     ထုတ်လုပ်၍ ပြည်တွင်း ပြည်ပ တင်ပို့ရောင်းချ နိုင်ရေး၊    မျိုးကောင်းမျိုးသန့် မျိုးစပါးများ     ပိုမိုထုတ်လုပ်၍ တောင်သူများထံ ဖြန့်ဖြူးပေးနိုင် ရေး၊ မျိုးစပါးထုတ်လုပ်ရောင်းချမှု နှင့် တောင်သူများမှ ဝယ်ယူသုံးစွဲမှု အခြေအနေများအား   စနစ်တကျ မှတ်တမ်းထားစေရေး    မှာကြား သည်။ ထို့နောက် ၂၀၂၃ - ၂၀၂၄ မိုးရာသီအတွက်      သစ်စိမ်း မြေသြဇာ(ပိုက်ဆံလျှော်) ပေးအပ် ပွဲနှင့်     ကြဲပက်ပွဲအခမ်းအနား တက်ရောက်ပြီး     တောင်သူများ ထံ သစ်စိမ်းမြေသြဇာ (ပိုက်ဆံ လျှော်)    ပေးအပ်ကာ     အစိုးရ အဖွဲ့ဝင်များ၊     ဌာနဆိုင်ရာများ၊တောင်သူများနှင့်အတူ    သစ်စိမ်း မြေသြဇာ(ပိုက်ဆံလျှော်) ကြဲပက် ပေးသည်။


ဆက်လက်၍     ဇရပ်ကွင်း ကျေးရွာအုပ်စုရှိ       တောင်သူ ဦးမျိုးမင်းဇော်၏  လယ်မြေ  ၁၇ ဧကတွင်  ယခင်တစ်နှစ်   နှစ်သီး စိုက်ပျိုးရာမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်    ယခုနှစ်တွင် သုံးသီး   တိုးတက်စိုက်ပျိုးထား သည့်     တတိယသီးနှံ    နွေစပါး  (ပခမ်းရွှေဝါ)မျိုးစပါး    စိုက်ပျိုး ဖြစ်ထွန်း    အောင်မြင်နေမှုများ နှင့်  တောင်သူ   ဦးဝင်းအောင်၏ လယ်မြေ ၁၀ ဧကတွင်    ပြုလုပ် သည့်    ဧရာဝတီတိုင်းဒေသကြီး    ၂၀၂၃ ခုနှစ်   နွေစပါး   စံကွက် ရိတ်သိမ်းပွဲ    တက်ရောက်၍ နွေစပါး    (ဆာဖိုးသာ)   မျိုးစပါး     ၀  ဒသမ  ၁၀  ဧက အား   ရိတ်သိမ်း ခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြွေလှေ့ ရာ   တစ်ဧက   ၁၆၄ တင်းနှုန်း ထွက်ရှိခဲ့မှုအား  ကြည့်ရှုအားပေး သည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိမ်မဲ မြို့နယ် မဲဇလီစာဖြူစုကျေးရွာရှိ မြို့နယ်  စိုက်ပျိုးရေးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှု ကော်မတီမှ     ဆောင်ရွက်သည့် နေကြာ      စံပြစိုက်ကွက်အား ကြည့်ရှုအားပေးပြီး   စိုက်ပျိုးရေ လုံလောက်စွာ ပေးသွင်းစေရေးနှင့် အောင်မြင်အောင် ဆောင်ရွက်စေ ရေး  မှာကြားသည်။   


ထို့နောက် မြောင်းမြမြို့နယ် ကျုံဝါးကျေးရွာ တွင် ပြုလုပ်သည့် ၂၀၂၃- ၂၀၂၄   မိုးရာသီအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)       ပေးအပ်ပွဲနှင့်    ကြဲပက်ပွဲအခမ်း အနား တက်ရောက်ပြီး    တောင်သူ များထံ       သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)     ပေးအပ်ကာ  အစိုးရအဖွဲ့ဝင်များ၊    ဌာနဆိုင်ရာ များ၊     တောင်သူများနှင့်အတူ     သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)       ကြဲပက်ပေးသည်။(ဝဲပုံ)  ဧရာဝတီ တိုင်းဒေသကြီးတွင်  ၂၀၂၃-၂၀၂၄ ခုနှစ်၊   ရေတော်မိုးတော်   မိုးစပါး   စိုက်ပျိုးရာသီအတွက်သစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်)    ဧက   တစ်သိန်း    ထည့်သွင်းစိုက်ပျိုး နိုင်ရေး    ဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ စိုက်ဧက ၂၂၇ ဧက   ကြဲပက်ပြီးဖြစ်ကြောင်း     သိရ သည်။      


တိုင်းဒေသကြီး(ပြန်/ဆက်)