
ဧရာဝတီ ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ကြံခင်းမြို့နယ် ဇီးပင်ကွင်းအုပ်စု အုပ္ပုံစုပေါင်းစစ်ဆေးရေးဂိတ်သို့ရောက်ရှိလာရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုကြသည်။
အဆိုပါဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချင်းမြောင် အုပ်စု ကြိုးကြာတန်းလမ်းမှ သောကြာဒူးအုပ်စု ကရင်စုကျေးရွာတွင် ၂၀၂၂-၂၀၂၃ ခုနှစ် ကြံခင်းမြို့နယ် အတွင်း ဆီထွက်သီးနှံမိုးနေကြာမျိုးစေ့ထုတ် စိုက်ပျိုး ဧက ၁၀၀၀ စိုက်ပျိုးရာတွင် ပထမဆုံး စတင်စိုက်ပျိုး သော ကွင်းအမှတ်(၄) ဦးပိုင်းအမှတ် (၁၁၃/၂) တောင်သူဦးကြည်ညွန့်၏ တစ်ဧကတွင် မိုးနေကြာ စိုက်ပျိုးဖြစ်ထွန်းမှုကို ကြည့်ရှုပြီး တောင်သူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ မေးမြန်းပြီး ပေါင်းစပ် ညွှန်ကြားပေးသည်။
ဆက်လက်ပြီး သောကြာဒူးကျေးရွာအုပ်စု သောကြာဒူးကျေးရွာရှိ ကွင်းအမှတ်(၁) ဦးပိုင်အမှတ် (မ/၂၂) တောင်သူဦးသန်းဇော်ဝင်း၏ တစ်ဧကတွင် ဆီထွက်သီးနှံ မိုးနေကြာစိုက်ပျိုးထားမှု အပင်ရှင်သန် အထွက်နှုန်းကောင်းမွန်ရေးကို ကြည့်ရှုမှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိုနှိုင်းပေးသည်။
မြို့နယ် (ပြန်/ဆက်)