ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဘိုကလေးမြို့နယ်မှ အခြေခံပညာ ဆရာ ဆရာမများနှင့် တွေ့ဆုံ

 

ဘိုကလေး  မတ်  ၆


ဧရာဝတီတိုင်းဒေသကြီး  ဝန်ကြီး ချုပ်         ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီး     ဝန်ကြီးများသည်  ယနေ့  မွန်းလွဲ    ၂  နာရီတွင် ဘိုကလေးမြို့ အမှတ် (၂)  အခြေခံ ပညာအထက်တန်းကျောင်း ခန်းမ ၌ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးသိန်း ဇော်ဦး၊      မြို့နယ်ပညာရေးမှူး ဦးကျင်ရွှေနှင့်  ဘိုကလေးမြို့ပေါ်  ကျောင်းများမှ အခြေခံပညာဆရာ ဆရာမများနှင့်  တွေ့ဆုံ၍   လက်ရှိ ပညာသင်ကြားနေမှု   အခြေအနေ များ၊ ကျောင်းသား  ကျောင်းသူများ ၏   ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများကို       တွေ့ဆုံ မေးမြန်းခဲ့ရာ   သက်ဆိုင်ရာကဏ္ဍ အလိုက်        တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း   ဖြေကြားပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ်က ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် နှာခေါင်းစည်းများ ပေးအပ် လှူဒါန်းရာ  မြို့နယ်ပညာရေးမှူး ဦးကျင်ရွှေက လက်ခံရယူသည်။


ဆက်လက်၍  ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ရရှိရန်ပုံငွေကျပ်သန်း  ၇၇၉  ဖြင့်  တည်ဆောက်လျက်ရှိ သည့်    ဘိုကလေး- စက်ဆန်း   ကားလမ်းမပေါ်မှ           ဘုရား ချောင်းတံတား     တည်ဆောက် နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးရာ လမ်းတံတားအထူး အဖွဲ့  ၁၆  မှ တာဝန်ခံအင်ဂျင်နီယာ ဦးဌေးဝင်းက တံတားဆောက်လုပ် ဆောင်ရွက်ပြီးစီးမှု  အခြေအနေ များကို    ရှင်းလင်းတင်ပြကြောင်း သိရသည်။    


 မိုးစက်(ဘိုကလေး)