ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အ.ထ.က (ရွှေလောင်း)ကျောင်းဆောင်သစ် ဖွင့်လှစ်ပေးပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ

 

ဝါးခယ်မ   မေ   ၂၁


ဧရာဝတီတိုင်းဒေသကြီး      ဝါးခယ်မ မြို့နယ်    ရွှေလောင်းကျေးရွာအုပ်စု အ.ထ.က (ရွှေလောင်း) ကျောင်းဆောင် သစ်ဖွင့်ပွဲကို ယနေ့ ညနေ ၄ နာရီခွဲက အဆိုပါကျောင်း၌ ပြုလုပ်ရာ ဧရာဝတီ တိုင်းဒေသကြီး  ဝန်ကြီးချုပ်  ဦးတင် မောင်ဝင်းနှင့်    တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးသည်။

 


အဆိုပါ အလျား ပေ ၁၄၀ ၊ အနံ ပေ ၃၀ ၊ အမြင့် ၂၄ ပေ၊ RC နှစ်ထပ်ကျောင်း ဆောင်သစ်     (ကစ္ဆပနဒီဆောင်)ကို ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံ ငွေကျပ်  သိန်း ၂၃၃၀  ဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ဆောက်လုပ် ခဲ့ခြင်းဖြစ်ကြောင်း၊ ဖွင့်ပွဲတွင် ဧရာဝတီ တိုင်းဒေသကြီး   ဝန်ကြီးချုပ်   ဦးတင် မောင်ဝင်းနှင့်   အဖွဲ့က    ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး    ကမ္ပည်းမော်ကွန်းအား    အမွှေးနံ့သာရည်များ        ပက်ဖျန်းကာ ကျောင်းဆောင်သစ်ကို   လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

 


ဆက်လက်ပြီး ရွှေလောင်းကျေးရွာ အုပ်စုမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ ရာတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အခြေခံပညာ   သင်ကြားမှု   သင်ယူမှု ဆိုင်ရာများ၊ ယခုပညာသင်နှစ်အတွင်း ရာနှုန်းပြည့်   ကျောင်းအပ်နှံနိုင်စေရေး ကိစ္စရပ်များ၊   ဆရာ  ဆရာမများအနေ ဖြင့် အလုပ်ရုံဆွေးနွေးပွဲများမှတစ်ဆင့် ကလေးငယ်များအား  အရည်အသွေး ပြည့်ဝသော သင်ကြားမှုများ ထိရောက် စွာ သင်ကြားပို့ချနိုင်စေရေး၊ ကလေးငယ် များအနေဖြင့်    အ​ခြေခံပညာသာမက ဘက်စုံ ထူးချွန်ထက်မြက်သော ကျောင်း သား ကျောင်းသူများ ပေါ်ထွန်းလာစေ ရေး    ပြုစုပျိုးထောင်မှုဆိုင်ရာများကို လမ်းညွှန်မှာကြားသည်။ 

 


ထို့နောက်    ရွှေလောင်းကျေးရွာ ပြည်သူများ၏ကိုယ်စား    ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးမင်းက ဒေသဖွံ့ဖြိုး ရေးလိုအပ်ချက်များကို      ရှင်းလင်း တင်ပြခဲ့ကြောင်းနှင့်    တိုင်းဒေသကြီး ဝန်ကြီးချုပ်က        လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး    ကျောင်းသုံး ဗလာစာအုပ်များ၊  နှာခေါင်းစည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း     သိရ သည်။                    

 

မြို့နယ်(ပြန်/ဆက်)