ဧရာဝတီတိုင်းဒေသကြီးတွင် ငှက်ပျောချည်မျှင်ဖြင့် လူသုံးကုန်ပစ္စည်းများထုတ်လုပ်နိုင်ရန် စီစဉ်လျက်ရှိ

 

ပုသိမ်    ဖေဖော်ဝါရီ  ၅

 


ဧရာဝတီတိုင်း   ဒေသကြီးသည် ငှက်ပျောပင်အများအပြား စိုက် ပျိုးလျက်ရှိသော   တိုင်းဒေသကြီး ဖြစ်ရာ   ငှက်ပျောပင်   ပင်စည်မှ ထွက်ရှိသည့်    ကုန်ကြမ်းပစ္စည်း ဖြင့်   လူ့အသုံးအဆောင်ပစ္စည်း များ      ထုတ်လုပ်ရောင်းချသွား ရန်   တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးတင်မောင်ဝင်း၏         လမ်းညွှန်မှု ဖြင့်  တိုင်းဒေသကြီး  အသေးစား စက်မှုလက်မှု     လုပ်ငန်းဦးစီး ဌာနက စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း တိုင်းဒေသကြီး အသေး စား   စက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနမှူး ဦးစိုးနိုင်ထူးထံမှ  သိရ သည်။

 


ငှက်ပျောပင်မှ   စွန့်ပစ်ပစ္စည်း ဖြစ်သည့်  ပင်စည်ကို  အသုံးပြုကာ စျေးကွက်ဝင်တန်ဖိုးမြင့်     ကုန် စည်များအဖြစ်  ပြုပြင်ပြောင်းလဲထုတ်လုပ်သွားရန်နှင့်  ငှက်ပျော ချည်မျှင်ဖြင့်    လူသုံးကုန်ပစ္စည်း များဖြစ်သည့်   အဝတ်အထည်၊ လက်ကိုင်အိတ်၊   ဖိနပ်နှင့်စက္ကူ စသောလူအသုံးအဆောင်ပစ္စည်း များအပြင်  ကိုဗစ်-၁၉  ကာကွယ် ရေးသုံးပစ္စည်းဖြစ်သော နှာခေါင်း စည်းများကိုပါ   ထုတ်လုပ်သွား နိုင်ရေး  စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ ငှက်ပျောချည် မျှင်ကိုအသုံးပြုကာ     လက်မှု ပညာဖြင့်   လူ့အသုံးအဆောင် ပစ္စည်းများ   ထုတ်လုပ်ရောင်းချ သွားနိုင်ရေးအတွက်   လက်မှုထည် ထုတ်လုပ်ခြင်းကို စီမံကိန်းချမှတ် ကာ  ၂၀၂၁ -၂၀၂၂   ခုနှစ်အတွင်း အကောင်အထည်     ဖော်နိုင်ရေး ကြိုးစား           ဆောင်ရွက်လျက်ရှိ ကြောင်းနှင့်      အဆိုပါလုပ်ငန်း အကောင်အထည်ဖော်နိုင်ရေး အတွက်    စိတ်ပါဝင်စားသူများအား  အသေးစား   စက်မှုလက်မှုဦးစီး ဌာနရုံးတွင်        သင်တန်းများ      ခေါ်ယူ သင်ကြားပြသပေးလျက်ရှိ ကြောင်း   သိရသည်။                        

                        
ခရိုင်(ပြန်/ဆက်)