ဧရာဝတီတိုင်းဒေသကြီးသည် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်တည်ငြိမ်အေးချမ်းရေးမှအစပြု၍ ဘက်ပေါင်းစုံတွင် ကောင်းမွန်သည့် အခြေအနေတွင်ရှိနေပြီး နိုင်ငံတော်အတွက် အားကိုးအားထားရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်

 

နေပြည်တော်   ဩဂုတ်  ၁၁


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ခရီးစဉ်တွင်လိုက်ပါလာသည့်  အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယနေ့ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ မြို့မိ၊ မြို့ဖများအား အစိုးရအဖွဲ့ရုံး ဧည့်ရိပ်သာ၌တွေ့ဆုံ၍   ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးသည်။                       


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  ဆွေးနွေးပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီးသည် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်   တည်ငြိမ်အေးချမ်းရေးမှအစပြု၍ ဘက်ပေါင်းစုံတွင်  ကောင်းမွန်သည့် အခြေအနေတွင် ရှိနေပြီး  နိုင်ငံတော်အတွက် အားကိုးအားထားရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊     ထိုကဲ့သို့သော အခြေအနေတွင်       ရပ်တည်နိုင်နေခြင်းမှာလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့  ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်အဆင့်  ဌာနဆိုင်ရာတာဝန်ရှိသူများအားလုံး ၏   ကောင်းမွန်သည့်လုပ်ဆောင်ချက်များနှင့် ဒေသခံ ပြည်သူလူထုတို့၏ ဝိုင်းဝန်းပူးပေါင်းပါဝင်မှုကြောင့် ပင်ဖြစ်ကြောင်း၊      ထိုကဲ့သို့    ကောင်းမွန်သည့် လုပ်ဆောင်ချက်ကောင်းများနှင့် အစဉ်အလာကောင်း များကို  ဆက်လက်ထိန်းသိမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။


ပညာရေးကိုအားပေးမြှင့်တင်လျက်ရှိ


ဆန်ဖူလုံမှုသည်လည်း မြင့်မားမှုရှိသည်ကို တွေ့ရှိ ရပြီး   အရည်အသွေးကောင်းသည့်   စပါးမျိုးများကို    ပိုင်ဆိုင်ထားကြောင်း၊      ပညာရေးနှင့်ပတ်သက်၍ လည်း  ဧရာဝတီတိုင်းဒေသကြီးသည် ကျောင်းတက် ရောက်သူဦးရေ  အများဆုံး၊  ကျောင်းနေထိုင်မှုနှင့်   အောင်ချက်ရာခိုင်နှုန်း အမြင့်ဆုံးဖြစ်သည်ကို တွေ့ရှိ ရပြီး ဂုဏ်ယူဖွယ်ရာပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပညာရေးကို   အားပေးမြှင့်တင်လျက်ရှိပြီး    စိုက်ပျိုး မွေးမြူရေးနှင့်    စက်မှုနည်းပညာ   အထက်တန်း ကျောင်းများကို    ခရိုင် ၅၀ ၌   ဖွင့်လှစ်ထားရှိပြီး    ဆက်လက်တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ မိမိ အနေဖြင့်လည်း ဧရာဝတီတိုင်းဒေသကြီး၏ ဆောင်ရွက် ချက်များအားလုံးကို    အသိအမှတ်ပြုအားပေးပါ ကြောင်းနှင့်  တက်ရောက်လာကြသည့် မြို့မိ၊ မြို့ဖ များအနေဖြင့်လည်း  မိမိတို့ တိုင်းဒေသကြီး  ဖွံ့ဖြိုး တိုးတက်ရေးအတွက်      လိုအပ်ချက်များကို   ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးပြောကြား ကြစေလိုကြောင်း  ဆွေးနွေးပြောကြားသည်။


ထို့နောက် တက်ရောက်လာကြသည့် မြို့မိ၊ မြို့ဖ များက      ယခုကဲ့သို့   နိုင်ငံတော်အကြီးအကဲနှင့် တိုက်ရိုက်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားခွင့် ရသည်မျိုးမှာ ယခင်က  မရှိခဲ့ပါကြောင်း၊ နိုင်ငံ့အကျိုး၊ ဒေသအကျိုးအတွက် အောက်ခြေအထိဆင်း၍ အကွက် ကျကျ  ဆောင်ရွက်နေသဖြင့်  အားကိုးဂုဏ်ယူမိပါ ကြောင်း၊ တိုင်းဒေသကြီးအတွင်း  ဆောင်ရွက်လျက်ရှိ သည့် စိုက်ပျိုးရေးလုပ်ငန်းများ  အထွက်နှုန်းတိုးတက် ရေး၊     မြေအရည်အသွေး      ထိန်းသိမ်းရေးဆိုင်ရာ လိုအပ်ချက်များ၊  ပုလဲ၊  ယူရီးယားနှင့်  အခြားသော ကွန်ပေါင်းဓာတ်မြေဩဇာများစွာကို  ကာလရှည်ကြာ အသုံးပြုခဲ့သဖြင့် မြေအရည်အသွေးကို ထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိသဖြင့်    မြေအရည်အသွေးမြှင့်တင် ရေးကို ဆောင်ရွက်သွားရန်လိုအပ်ချက်များ၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးတက္ကသိုလ် တစ်ခု     ဆောင်ရွက်ပေးစေလိုမှု၊    ဧရာဝတီတိုင်း ဒေသကြီးအနေဖြင့်  လမ်းပန်းဆက်သွယ်ရေးတွင် ကောင်းမွန်လျက်ရှိပြီးဖြစ်သော်လည်း   အချို့သော လမ်းပိုင်းနေရာများ၌ အဆင့်မြှင့်တင်ပေးရန်လိုအပ် လျက်ရှိမှုတို့ကို  ဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးပြောကြားသည်။


မြေအရည်အသွေးကောင်းမွန်ရေး
ထိန်းသိမ်းဆောင်ရွက်ရန်လို


ဆွေးနွေးမှုများအပေါ်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ်က အထွက်နှုန်းတိုးတက်ရေးအတွက်     သွင်းအားစုများ ဖြစ်သည့်  ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများကို ပြည့်ဝစွာ  ထည့်သွင်းရမည်ဖြစ်သကဲ့သို့  မြေအရည် အသွေးကောင်းမွန်ရေးအတွက်လည်း   ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊    ပိုက်ဆံလျှော်စိုက်ပျိုး ခြင်းဖြင့် သဘာဝမြေဩဇာကို  ရရှိစေနိုင်ပြီး မြေဆီ မြေနှစ်များလည်း  ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ဒေသတွင်း၌ ရှိပြီးဖြစ်သည့် မျိုးရင်းများ မပျောက် ကွယ်စေရေးနှင့် အရည်အသွေးကျဆင်းမှုမရှိစေရေး သုတေသနပြုလုပ်ငန်းများ  အမြဲမပြတ် ဆောင်ရွက် နေရန်လည်းလိုကြောင်း၊ ယနေ့ခေတ်သည် ဈေးကွက် စီးပွားရေးစနစ်ဖြစ်သဖြင့်  အစိုးရက  ဆောင်ရွက် မှုများသည်သာမက     ဒေသအလိုက်   စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်လည်း တစ်ဦးချင်း ကြိုးစား အားထုတ်ရန်လိုကြောင်း၊  အစိုးရအနေဖြင့် မူဝါဒပိုင်း ဆိုင်ရာများကို အကောင်းဆုံးဖြစ်အောင် ဖော်ဆောင် ပေးသွားမည်ဖြစ်ကြောင်း။


ငါးမွေးမြူရေးပြုလုပ်ရန် ကောင်းမွန်သည့်ဒေသတစ်ခုဖြစ်


စိုက်ပျိုးရေးလုပ်ငန်းများနှင့် တွဲဖက်၍  မွေးမြူ ရေးလုပ်ငန်းများကိုလည်း     ဆောင်ရွက်သွားရန် လိုကြောင်း၊  စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းသည် တစ်ခုနှင့်တစ်ခု   ဆက်စပ်လျက်ရှိပြီး   မွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိလာသည့်  စွန့်ပစ်ပစ္စည်းများ ကို သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင်မည်ဖြစ်သကဲ့  သို့ စိုက်ပျိုးရေးလုပ်ငန်းများမှ  ကုန်ကြမ်းများဖြင့် လည်း  တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ ငါးမွေးမြူရေးနှင့် ပတ်သက်၍ ဧရာဝတီ တိုင်းဒေသကြီးသည်      ငါးမွေးမြူရေးပြုလုပ်ရန် ကောင်းမွန်သည့်ဒေသတစ်ခုဖြစ်ကြောင်း၊  အဆင့်မြင့် ငါးထုတ်ကုန်များကို ရောင်းချနိုင်မည့် ဈေးကွက်သည် လည်းရှိပြီးဖြစ်ကြောင်း၊ နွားမွေးမြူရေးနှင့် ပတ်သက် ၍လည်း   အောင်မြင်စွာဆောင်ရွက်နိုင်မည့်   အခြေ အနေတွင်ရှိပြီးဖြစ်သဖြင့်    တိုးချဲ့ဆောင်ရွက်မည် ဆိုပါက ဒေသနှင့် တိုင်းပြည်အတွက် များစွာအကျိုးရှိ စေမည်ဖြစ်ကြောင်း။


အထွက်နှုန်းကောင်းမွန်ရေးအတွက် ဓာတ်မြေ ဩဇာ  များစွာထည့်သွင်းအသုံးပြုခြင်းသည်    မူလ မျိုးကောင်းမျိုးသန့်များ၏ အရည်အသွေးကို ထိခိုက် လာစေသည်ကို တွေ့ရှိရကြောင်း၊ သဘာဝမြေဩဇာ ကို အတတ်နိုင်ဆုံးသုံးစွဲခြင်းဖြင့် မြေအရည်အသွေး နှင့်     မျိုးအရည်အသွေးကို   ထိန်းသိမ်းသွားရန် လိုကြောင်း၊ မိမိတို့နိုင်ငံ၌   လယ်ယာစိုက်ပျိုးမှုများ သည်    အကွက်ငယ်များဖြင့်     စိုက်ပျိုးကြသဖြင့် အနည်းဆုံး  ဧကကွက်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် စက်မှုလယ်ယာစနစ်ကို အကောင် အထည်ဖော်နိုင်မည်ဖြစ်သကဲ့သို့  အထွက်နှုန်းများ သည်လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊  မြေများ ကို   စနစ်တကျပြုပြင်၍   ကောက်ကွက်များပြည့်မီ အောင်    စိုက်ပျိုးမည်ဆိုပါက     အထွက်နှုန်းများ ကောင်းလာမည်ဖြစ်ကြောင်း၊  စိုက်ပျိုးရေးလုပ်ငန်း များ   ဆောင်ရွက်ရာတွင်    မျိုးကောင်းမွန်ရမည်၊ မြေအရည်အသွေးကောင်းမွန်အောင်    စနစ်တကျ ပြုပြင်ရမည်၊  စိုက်ပျိုးရေ၊  အောင်ရေလုံလောက်စွာ ရရှိနိုင်ရမည်၊   စိုက်နည်းစနစ်များ   မှန်ကန်ရမည် ဖြစ်ကြောင်း၊ အထက်ပါ အချက်လေးချက်ဖြင့် ပြည့်စုံ ပါက    စိုက်ပျိုးရေးလုပ်ငန်းများ     အောင်မြင်နိုင် မည်ဖြစ်ကြောင်း။


ပုသိမ်လေယာဉ်ကွင်းအဆင့်မြှင့်တင်   ဆောင်ရွက်သွားမည်


လမ်းပန်းဆက်သွယ်မှုနှင့်  ပတ်သက်၍  ပုသိမ်-ရန်ကုန် ဖြတ်သန်းသွားလာမှုသည် နေ့စဉ် ယာဉ် အစီးပေါင်းများစွာ     ဖြတ်သန်းသွားလာလျက်ရှိ ကြောင်း၊ နိုင်ငံတကာ  စံနှုန်းသတ်မှတ်ချက်များတွင် နေ့စဉ်ယာဉ်အစီးရေ    သွားလာမှုအပေါ်မူတည်၍ လမ်းများကို       အဆင့်မြှင့်တင်ရသည်ဖြစ်သဖြင့် အဆင့်မြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပုသိမ်လေယာဉ်ကွင်းကိုလည်း  အဆင့်မြှင့်တင်ခြင်း များ   ဆောင်ရွက်သွားမည်ဖြစ်ပြီး    နိုင်ငံတကာမှ လေယာဉ်များဆင်းသက်နိုင်သည်အထိ  ဆောင်ရွက် ပေးနိုင်ရေး    စီမံလျက်ရှိကြောင်း၊   ဧရာဝတီတိုင်း ဒေသကြီးသည်ခရီးသွားလာရေးလုပ်ငန်း ဆောင်ရွက် ရန်အတွက်လည်း သဘာဝအလှအပများ၊ ဒေသထွက် အစားအသောက်များနှင့်    အခြားအခြေခံကောင်း များစွာကို ပိုင်ဆိုင်ထားရှိပြီးဖြစ်ကြောင်း။


မိမိတို့နိုင်ငံ၌    ယခင်က    လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းစီမံကိန်းကြီးများကို အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သော်လည်း    အကြောင်း အမျိုးမျိုးကြောင့်  ရပ်ဆိုင်းခဲ့ရသဖြင့် နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားဖူလုံမှုနှင့်   ပတ်သက်၍   ထိခိုက် နစ်နာခဲ့ရကြောင်း၊     လက်ရှိအချိန်တွင်    လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။


ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်


ပုသိမ်မြို့၏     လူနေမှုစနစ်မြှင့်တင်နိုင်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ  စနစ်တကျဖြစ် အောင် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရမည် ဖြစ်သကဲ့သို့    ဒေသခံများကလည်း     စည်းကမ်း စနစ်တကျအတိုင်း လိုက်ပါဆောင်ရွက်ရန်လိုကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် နိုင်ငံအတွက် အားထား ရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးတွင် စံနမူနာပြတိုင်းဒေသကြီးအဖြစ်  ဖော်ဆောင်ကြရန် လိုကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း  လိုအပ်သည် များကို   ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်   ဖြစ် ကြောင်း ပြောကြားသည်။


ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်များသည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှ မြို့မိ၊ မြို့ဖများ အား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်များသည် ပုသိမ်မြို့အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးကြသည်။


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊   အဖွဲ့ဝင်များ သည်  ပုသိမ်မြို့ ကျက်သရေဆောင် ရွှေမုဋ္ဌော မဟာ စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို ကြရာ    ဂေါပကအဖွဲ့ဝင်များက   ကြိုဆိုနှုတ်ဆက် ကြသည်။  ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်  များသည်    စေတီတော်မြတ်ကြီးအား    ဖူးမြော် ကြည်ညိုကာ  ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော် သည်။ 


အလှူငွေများ ပေးအပ်လှူဒါန်း


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စေတီတော်မြတ်ကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင်      လက်မှတ် ရေးထိုးသည်။   ထို့နောက်   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့ က စေတီတော်မြတ်ကြီးအတွက်  ဘက်စုံအလှူငွေ များနှင့် စေတီတော်ကြီးလုံးတော်ပြည့်  ရွှေသင်္ကန်း ကပ်လှူရန်အတွက်  အလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့မှ   တာဝန်ရှိသူများက   လက်ခံရယူပြီး ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးကို     လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုကြပြီး စေတီတော်မြတ်ကြီး  ရေရှည် တည်တံ့ခိုင်မြဲရေးနှင့်  ကြည်ညိုသပ္ပာယ်ဖွယ်ဖြစ်စေ ရေး    အမြဲမပြတ်    ထိန်းသိမ်းဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များကို      တာဝန်ရှိသူများအား မှာကြားသည်။


 ရင်းရင်းနှီးနှီးနှုတ်ဆက်


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီး      အာရုံခံတန်ဆောင်းအတွင်းရှိ သာသနာရေးဆိုင်ရာပစ္စည်းများနှင့်   ရိုးရာလက်မှု ပစ္စည်း   အရောင်းဆိုင်များကိုလှည့်လည်ကြည့်ရှုအားပေးပြီး         ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား     ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။  

သတင်းစဉ်