ဧရာဝတီတိုင်းဒေသကြီးနယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းဆောင်ရွက်

ပုသိမ် ဖေဖော်ဝါရီ  ၁၆
ဧရာဝတီတိုင်းဒေသကြီးနယ်မြေ ရှိ  မဲဆန္ဒရှင်ပြည်သူများ   မြန်မာ အီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဖေဖော်ဝါရီ ၇ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဇလွန်မြို့နယ်ရှိ     ရပ်ကွက်နှင့် ကျေးရွာအုပ်စု  ၇၁   ခုမှ    ပြည်သူ ၅၄၃ ဦး၊ ဒေးဒရဲမြို့နယ်ရှိ ရပ်ကွက် နှင့် ကျေးရွာအုပ်စု ၉၃ ခုမှ ပြည်သူ ၄၅၆    ဦး   စုစုပေါင်း   ၉၉၉   ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ် မဲပေးလေ့လာကြသည်။
တိုင်းဒေသကြီး၊     ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ  တာဝန်ရှိသူများက MEVM စက်ဖြင့် စမ်းသပ်မဲပေးမှု အဆင့်ဆင့်ကို     ရှင်းလင်းပြသ ဆောင်ရွက်ကြပြီး   တက်ရောက် လာကြသည့် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊  ပညာရေးဝန်ကြီး ဌာနတို့မှ ဝန်ထမ်းများ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများက   စိတ် ပါဝင်စားစွာဖြင့်       လက်တွေ့ စမ်းသပ်မဲပေးကြသည်။
စမ်းသပ်မဲပေးသူများက ယခင် ကျင်းပခဲ့သည့်   ရွေးကောက်ပွဲ များတွင်    မဲရုံအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ခဲ့သည့်  အတွေ့အကြုံ များအရ      နောင်ကျင်းပမည့် ရွေးကောက်ပွဲများအတွက်   ပိုမို ကောင်းမွန်စေမည့် အကြံပြုချက် များပေးခဲ့ကြောင်းနှင့်    မြန်မာ အီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာ ခြင်းအစီအစဉ်ကို ဧရာဝတီတိုင်း ဒေသကြီးနယ်မြေရှိ    မြို့နယ် များတွင် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း    သတင်း ရရှိသည်။                  သတင်းစဉ်