
ပုသိမ် ဖေဖော်ဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီးနယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများ မြန်မာ အီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဖေဖော်ဝါရီ ၇ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကျုံပျော်မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၉၇ ခုမှ ပြည်သူ ၆၂၈ ဦး၊ မော်လမြိုင်ကျွန်းမြို့နယ် ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၂၁ ခုမှ ပြည်သူ ၅၀၁ ဦး စုစုပေါင်း ၁၁၂၉ ဦး တက်ရောက် ပြီး လက်တွေ့ စမ်းသပ်မဲပေး လေ့လာကြသည်။
တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ တာဝန်ရှိသူများက MEVM စက်ဖြင့် စမ်းသပ်မဲပေးမှု အဆင့်ဆင့်ကို ရှင်းလင်းပြသ ဆောင်ရွက်ကြပြီး တက်ရောက် လာကြသည့် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီး ဌာနတို့မှ ဝန်ထမ်းများ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများက စိတ်ပါ ဝင်စားစွာဖြင့် လက်တွေ့စမ်းသပ် မဲပေးခဲ့ကြသည်။
စမ်းသပ် မဲပေးသူများက ယခင်ကျင်းပခဲ့သည့် ရွေးကောက် ပွဲများတွင် မဲရုံအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံ များအရ နောင်ကျင်းပမည့် ရွေးကောက်ပွဲများအတွက် ပိုမို ကောင်းမွန်စေမည့် အကြံပြုချက် များပေးခဲ့ကြောင်းနှင့် မြန်မာ အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာ ခြင်း အစီအစဉ်ကို ဧရာဝတီတိုင်း ဒေသကြီးနယ်မြေရှိ မြို့နယ် များတွင် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ သတင်းစဉ်