ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်ကို ချိတ်ဆက်သွားလာနိုင်ပြီး ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသော ဂွချောင်းတံတား ဒီဇင်ဘာနောက်ဆုံးပတ်တွင် ဖွင့်လှစ်မည်

 

ရန်ကုန်    ဒီဇင်ဘာ   ၁၀


ဧရာဝတီတိုင်းဒေသကြီးနှင့်       ရခိုင်ပြည်နယ်ကို ချိတ်ဆက်သွားလာနိုင်ပြီး ဒေသဖွံ့ဖြိုးရေး၊  ကုန်စည် စီးဆင်းမှုမြန်ဆန်ချောမွေ့စေရေးနှင့်   ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင်  အရေးပါသော  ဂွချောင်း တံတားတည်ဆောက်ရေးလုပ်ငန်းများ    ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်၍ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလနောက်ဆုံး ပတ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း  သိရသည်။

 


အဆိုပါ    ဂွချောင်းတံတားကို    ၂၀၁၉   ခုနှစ် နိုဝင်ဘာ  ၁၈ ရက်တွင်   စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး တံတားအပေါ်ထည်  P.C Grider , R.C Grider သံကူကွန်ကရစ်ဖြစ်၍ အောက်ထည်မှာ သံကူကွန် ကရစ် ကြမ်းခင်းနှင့်  တံတားအုတ်မြစ်သည်  သံကူ ကွန်ကရစ်ဘိုးပိုင်  အမျိုးအစားဖြစ်သည်။  တံတားနှင့် ချဉ်းကပ်  လမ်းအပါအဝင်  ငွေကျပ်သန်းပေါင်း   ၈၉၈၀    အကုန်ကျခံတည် ဆောက်ထားခြင်းဖြစ်သည်။

 


ဂွချောင်းတံတားသည် ရခိုင်ပြည်နယ်  ဂွမြို့နှင့်  မကျေးငူရွာကို   ဆက်သွယ်တည်ဆောက်ထားခြင်းဖြစ်ပြီး    ဧရာဝတီတိုင်းဒေသကြီး   ငပုတောမြို့နယ်    ငရုတ်ကောင်းမြို့မှ     ရခိုင်ပြည်နယ်    ဂွမြို့အထိ အကောင်အထည်ဖော်   ဆောင်ရွက်နေသော    ဆင်မ-ငွေဆောင်-ချောင်းသာ- ရွှေသောင်ယံ-မကျီးပင်-ကျောက်ချွန်-ဂွမြို့ ကမ်းခြေ ပတ်လမ်း တစ်လျှောက် တွင်     အရေးပါသည့်    တံတားတစ်စင်းဖြစ်သည်။   ဂွချောင်းတံတားကြီး  တည်ဆောက်ခဲ့ခြင်းဖြင့်   ဒေသခံပြည်သူတို့၏   လူမှုစီးပွားဘဝများစွာ     ပြောင်းလဲတိုးတက်လာမည့်အပြင်    လမ်းပန်း ဆက်သွယ်ရေး  ကောင်းမွန်မှုဖြင့်ရခိုင်ပြည်နယ်မှထွက်ရှိသော ဒေသ ထွက်ကုန်များ     ဧရာဝတီတိုင်းဒေသကြီးနှင့်  ရန်ကုန်တိုင်းဒေသကြီးသို့ အချိန်တိုအတွင်း  မြန်ဆန် လွယ်ကူစွာ  ကုန်စည်စီးဆင်းနိုင်မည်ဖြစ်သည်။ 

 


ဂွချောင်းတံတားသည်  အရှည် ၁၃၉၈ ပေ ၉ လက်မရှိပြီး  ယာဉ်သွား လမ်းအကျယ်  ၂၄ ပေနှင့်   လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၃ ပေ ၆  လက်မပါဝင်၍   ရေလမ်းကင်းလွတ်  အမြင့်ပေ  ၂၀ နှင့် ရေလမ်း ကင်းလွတ်  အကျယ်သည် ၈၅ ပေ ရှိသည်။ တံတားခံနိုင်ဝန်အနေဖြင့်  ယာဉ်တစ်စီးလျှင်   ၇၅  တန်ဖြတ်သန်းနိုင်ရန်   တည်ဆောက်ထားပြီး   ဂွမြို့ တစ်ဖက်ကမ်းတွင်ရှိသော   ကမ်းခြေရွာများနှင့်    ဧရာဝတီတိုင်း ဒေသကြီး  ကမ်းခြေပတ်လမ်းတစ်လျှောက်တွင်ရှိသော  မြို့နှင့်ကျေးရွာ များမှ  ဒေသခံများ  အဆိုပါဂွချောင်းတံတားမှ  အချိန်ခါမရွေး ဖြတ်သန်း သွားလာနိုင်မှုဖြင့်     လူမှုစီးပွားဘဝများ    ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ် ရာ  လတ်တလောတွင် အများပြည်သူ       သွားလာရေးအဆင်ပြေချောမွေ့ စေရန်နှင့်   အရေးပေါ်ကဏ္ဍတို့တွင်  အသုံးပြုနိုင်ရန်အတွက် သုံးတန် အောက် ယဉ်ငယ်များကို  ဖြတ်သန်း ခွင့်ပြုထားကြောင်း သိရသည်။              

ညိမ်းသူ(သတင်းစဉ်)