ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်ကို ဆက်သွယ်ပေးမည့် ချောင်းဝတံတား တည်ဆောက်မှု ၄၅ ရာခိုင်နှုန်း ပြီးစီး

ငပုတော   အောက်တိုဘာ   ၁၇


ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်ကို ဆက်သွယ်ပေးမည့် ချောင်းဝတံတား တည်ဆောက်ရေးစီမံကိန်းအား    ဆောင်ရွက်လျက်ရှိရာ  ယခုအခါ  တံတား တစ်စင်းလုံး တည်ဆောက်ပြီးစီးမှု ၄၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ် ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။


ကမ်းခြေပတ်လမ်း၏ တစ်စိတ်တစ်ပိုင်း


ချောင်းဝမြစ်ကိုဖြတ်သန်း၍ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတော မြို့နယ် ငရုတ်ကောင်းမြို့ရှိ ငရုတ်ကောင်း-ဂေါ်ရန်ဂျီကျွန်းလမ်းပေါ်၌ တည်ရှိ သော ချောင်းဝတံတား တည်ဆောက်ရေးစီမံကိန်းအတွက် ဧရာဝတီတိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ ခန့်မှန်းတန်ဖိုး ငွေကျပ်သန်းပေါင်း ၇၀၄၀ အကုန်ကျခံဆောင်ရွက်နေခြင်းဖြစ်သည်။ ငရုတ်ကောင်းမြို့မှ မြောက်ဘက် ဂွမြို့နယ်အထိ ငရုတ်ကောင်း - ဆင်မ - ငွေဆောင် - ချောင်းသာ - ရွှေသောင်ယံ - မကျီးဇင် - ကျောက်ချွန် - ဂွ ကမ်းခြေပတ်လမ်းအား လမ်းဦးစီးဌာနမှ လက်ရှိဆောင်ရွက် လျက်ရှိရာ ချောင်းဝတံတားသစ် မှာလည်း ကမ်းခြေပတ်လမ်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာမည်ဖြစ်၍ ကမ်းခြေပတ်လမ်းနှင့် ချောင်းဝတံတားသစ် ဆောင်ရွက်ပြီးစီး ပါက ငရုတ်ကောင်းတောင်ဘက်ပိုင်းရှိ          

 

m ရှေ့ဖုံးမှ 


ဂေါ်ရန်ဂျီကျွန်းအထိ လမ်းများတစ်ဆက်တစ်စပ်တည်း ဖြစ်သွားမည်ဖြစ်ကြောင်း တံတားအထူးအဖွဲ့(၁၆)မှ သိရသည်။
အဆိုပါ နှစ်လမ်းသွားတံတားသစ်မှာ စုစုပေါင်း မီတာ  ၃၉၀(ပေ ၁၂၈၀)ရှိမည် ဖြစ်ပြီး ယာဉ်သွားလမ်းအကျယ် ၂၄ ပေရှိကာ လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၃ ပေ ၆ လက်မစီပါဝင်ကြောင်း၊ ရေလမ်းကင်းလွတ်အမြင့် ၁၂ ဒသမ ၂ မီတာနှင့် အကျယ် ၂၅ ဒသမ ၅ မီတာရှိ၍  Design loading (တံတားခံနိုင်ဝန်) HL-93 ဖြစ် ကြောင်း၊ တံတားခန်းဖွင့်အနေဖြင့် ခန်းဖွင့်တစ်ခန်းလျှင် အကျယ် မီတာ ၂၀ စီ ရှိသော တံတားခန်းဖွင့် ၁၂ ခန်းနှင့် အကျယ် မီတာ ၃၀ စီရှိသော တံတားခန်းဖွင့် ငါးခန်းတို့ဖြင့် ပါဝင်ဖွဲ့စည်းတည်ဆောက်ထားပြီး တံတားအောက်ခံအုတ်မြစ်များအား ဘိုးပိုင်များ ဖြင့် တည်ဆောက်ထားကာ တံတားကိုယ်ထည်မှာ  RC ကွန်ကရစ်တံတား ဖြစ်သည်။ 


တံတားသစ်တည်ဆောက်ရေးလုပ်ငန်းပိုင်းအတွက် ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရရှိရန်ပုံငွေကျပ် သန်းပေါင်း ၅၅၀ ဖြင့် ငရုတ်ကောင်းဘက်ကမ်းရှိ A1၊P1၊ P2 နှင့်P3 တို့၏ ဘိုးပိုင်လုပ်ငန်းများအပါအဝင် Cap(ပိုင်တိုင်ထိပ်အုပ်) ၊ Shaft တိုင် လုပ်ငန်းနှင့် Cross Beam (ကန့်လန့်ရက်မ) လုပ်ငန်းများအလုံးစုံ ဆောင်ရွက်ပြီးစီးခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရရှိရန်ပုံငွေကျပ် သန်းပေါင်း ၂၁၀၆ ဒသမ ၅ သန်းဖြင့် ရေလယ် တိုင် ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းများမှာလည်း အလုံးစုံဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ရာ လာမည့် Mini Budget  ၌ ဂေါ်ရန်ဂျီကျွန်းဘက်ကမ်းရှိ  A2 အုတ်မြစ်နှင့် ကိုယ်ထည် တည်ဆောက်ခြင်းလုပ်ငန်းအပါအဝင် ရေလယ်ပိုင်းရှိ တံတားကိုယ်ထည်လုပ်ငန်း(Sub Structure) များအတွက် ရေလယ်တိုင်ပိုင်တိုင်ထိပ်အုပ် (Cap)၊ Shaft တိုင်လုပ်ငန်း နှင့် Cross Beam (ကန့်လန့်ရက်မ) လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ 


တံတားတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ်  မတ် ၁ ရက်က စတင်ဆောင်ရွက်ခဲ့ပြီး၂၀၂၃ ခုနှစ် မတ် ၃၁ ရက်၌ တည်ဆောက်ပြီးစီးရန်လျာထား ကြောင်း သိရသည်။                          

 

   သတင်း-ပွင့်သစ္စာ၊ ဓာတ်ပုံ- စိုးမြင့်အောင်