ဧရာဝတီတိုင်းဒေသကြီးမှ အငြိမ်းစားဝန်ထမ်းဟောင်းများနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သင်တန်းသား သင်တန်းသူများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

 

နေပြည်တော်  ဖေဖော်ဝါရီ  ၁၀


ဧရာဝတီတိုင်းဒေသကြီးမှ   အငြိမ်းစား ဝန်ထမ်းဟောင်းများ၊   ကြီးကြပ်သူများ နှင့်    လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သင်တန်းသား   သင်တန်းသူ  စုစုပေါင်း ၁၄၇  ဦးတို့သည်  ယနေ့  နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ    နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ  ဗုဒ္ဓဥယျာဉ်  ဝတ္ထု ကံတော်တွင်     တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက်     ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့်  မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား လာရောက်ဖူးမြော် ကြည်ညိုကြသည်။


ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး  တည်ဆောက် ပူဇော်ခြင်းနှင့်    ထိန်းသိမ်းခြင်းလုပ်ငန်း များတွင်     ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက   မာရဝိဇယ ဘုရားကြီး  တည်ထားကိုးကွယ်ပူဇော်ရ ခြင်း ရည်ရွယ်ချက်၊  ရုပ်ပွားတော်မြတ် ကြီးအား   လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာ    တည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိ   ထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများ    အသုံးပြု၍ ကျောက်စာရုံစေတီတော်များ  တည်ထား ဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက် စွာ     ကျင်းပနိုင်ခဲ့မှုအခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး    မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး   အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန်      အဆင့်ဆင့် ဆောင်ရွက်ခဲ့မှုဗီဒီယိုမှတ်တမ်းကို ပြသ သည်။ 


ထို့နောက် အငြိမ်းစားဝန်ထမ်းဟောင်း များ၊ ကြီးကြပ်သူများနှင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သင်တန်းသား သင်တန်းသူ များသည် ယခုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီး အား အဆင်ပြေချောမွေ့စွာလာရောက် ဖူးမြော်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးမှုများနှင့် ရုပ်ပွားတော်မြတ်ကြီးတည် ဆောက်ပူဇော်ခဲ့မှုလုပ်ငန်းစဉ်   အဆင့် ဆင့်ကို အသေးစိတ် ရှင်းလင်းပြောကြားပေးမှုများအပေါ် ကျေးဇူးတင်စကားများ ပြောကြားကြပြီး ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ   တည်ထားပူဇော်နိုင်ခဲ့မှု အခြေအနေနှင့် စပ်လျဉ်း၍ သိရှိလိုသည် များကို မေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်းဖြေကြား သည်။   


ဆက်လက်၍   ဘုရားဖူးအငြိမ်းစား ဝန်ထမ်းဟောင်းများ၊ ကြီးကြပ်သူများနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သင်တန်း သား  သင်တန်းသူများသည်   မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက် ဖူးမြော်ကြည်ညိုကြပြီး   ဘုရားရင်ပြင် တော်ပတ်လည်၌    စကျင်ကျောက်များ အသုံးပြု၍    တည်ဆောက်ထားသည့် ဂန္ဓကုဋိ ၊   မော်ကွန်းတိုက်၌   မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ် တော်   ပုံစံငယ်ပြသထားမှု၊   မှတ်တမ်း ဓာတ်ပုံများ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန် တော်ကြီး၊ ကျောက်စာရုံစေတီတော်များ နှင့်  အခြားသာသနိက  အဆောက်အအုံ များကို ဖူးမြော်လေ့လာကြည်ညိုကြပြီး အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။ 


ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား    အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ      ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော် ကြည်ညိုလျက်ရှိသည်။


ကျွန်တော်ကတော့  ဧရာဝတီတိုင်း ဒေသကြီး ကျုံပျော်ခရိုင်  ရေကြည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ     ဦးစီးနဲ့ ပင်စင်ယူထားတဲ့    ဦးမြင့်စိုးဖြစ်ပါတယ်။ အကြီးအကဲတွေရဲ့ လမ်းညွှန်မှုနဲ့ အငြိမ်း စားတွေအားလုံးကို ဒီတန်ခိုးကြီး ဘုရား ကြီးကို လာရောက်ဖူးမြော်ခွင့် ပြုနိုင်အောင် စီမံပေးတဲ့အတွက်လည်း  ကျေးဇူးတင် ပါတယ်။ တီဗွီထဲမှာ   ကြည့်ကတည်းက ဒီဘုရားကြီးကို     စတည်ကတည်းက ပီတိတွေဖြစ်တာပေါ့။     ကျွန်တော်တို့ က     ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက် ကျွန်တော် ကံ၊ ကံ၏အကျိုးကို ယုံတယ်။ အကြောင်းနဲ့အကျိုး ပဋ္ဌာန်းဆက်တွေကို လည်းယုံတယ်။ အခုခေတ်ဒီလိုမျိုးအချိန်မှာ ဒီလိုမျိုးထူးခြားတဲ့ စကျင်ကျောက်တုံးကြီး ကို  တွေ့ရှိတယ်။ ဒါကလည်း  အကြောင်း တရားနဲ့ပဲတွေ့ကြတာ။ ယခုပူဇော်ထုဆစ် ထားတဲ့    ကျောက်တုံးက   ကမ္ဘာမှာ တကယ့်အံ့ဖွယ် စကျင်ကျောက်တုံးကြီးကို ရရှိတယ်။ ရရှိပြီးတော့ အလှူဒါကာကြီး ဦးဆောင်ပြီးတော့      ကျန်တဲ့အလှူရှင် အားလုံးရဲ့ စိတ်တိုင်းကျ  မုနိပုံကိုလည်း ဖော်ပြီးတော့       ထုဆစ်နိုင်တာက တစ်ကြောင်း။ နောက်ပြီးတော့ ဒီမှာ ၂၅၅ ဧကရှိတဲ့    မြေကွက်တွေမှာပေါ့နော်။ လိုလေသေးမရှိအောင် သာသနိကပစ္စည်း တွေ၊ အဆောက်အအုံတွေ၊ ပန်းပင်တွေ၊ ရေကန်တွေ၊ ရေဖဝါးတွေနဲ့ အလှူဒါယကာ ကြီးနဲ့     အလှူရှင်များရဲ့     လိုချင်တဲ့ ပုံစံရအောင်  ဖော်ထုတ်ပေးတဲ့  တကယ့် မြန်မာနိုင်ငံ       အင်ဂျင်နီယာတွေနဲ့၊ တပ်မတော်သား အင်ဂျင်နီယာအားလုံး ကိုလည်း    တကယ်လုံးဝချီးကျူးတယ်။ နိုင်ငံခြားအကူအညီမပါဘဲ   မြန်မာနိုင်ငံ မှာရှိတဲ့ ပညာရှင်တွေနဲ့ ထုဆစ်ပုံဖော်ထား တဲ့ ဘုရားကြီးကို လာရောက်ဖူးမြော်ကြ ပါလို့ မေတ္တာရပ်ခံလိုပါတယ်။ 


ကျွန်မကတော့    လျှပ်စစ်ဓာတ်အားထုတ်လွှတ်ရေးလုပ်ငန်း  နမ်ချိုရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံက  အငယ် တန်း အင်ဂျင်နီယာ(၂) လျှပ်စစ် ဒေါ်စုမြတ် ဖြူစင်ပဲဖြစ်ပါတယ်။  ဒီလိုမျိုးသင်တန်း သားတွေအားလုံး လာရောက်ဖူးမြော်ခွင့် ရအောင်  လျှပ်စစ်ဝန်ကြီးဌာနကနေပြီး တော့ စီစဉ်ပေးတာပဲ ဖြစ်ပါတယ်။ ဒီလို ဝန်ကြီးဌာနက စီစဉ်ပြီးတော့ စနစ်တကျ သင်တန်းသားတွေ လာရောက်ဖူးမြော်ရ တဲ့အချိန်မှာ ဒီကနေပြီးတော့ Documen-tary နဲ့တကွ အသေးစိတ်ရှင်းပြတဲ့အတွက် မသိတာတွေ   သိရပြီး   တကယ်ကိုပဲ စနစ်တကျနဲ့   လာရောက်ဖူးမြော်ရတဲ့ အတွက် ပီတိဖြစ်ရပါတယ်။ ဒီမှာ လေ့လာ စရာတွေလည်း အများကြီးပါပဲ။ ဒီလိုမျိုး ကိုယ်တိုင်    လာရောက်ဖူးမြော်ရတာနဲ့ အပြင်မှာ   ပုံတော်ကို  ဖူးမြော်ရတာ  မတူ ဘူး။ အဲဒါကြောင့်မလို့ အနီနားက လူတွေ ရော၊   အဝေးကလူတွေရော    ကိုယ်တိုင် လာရောက်ဖူးမြော်ဖို့အတွက်  ဖိတ်ခေါ် ချင်ပါတယ်။     ဗုဒ္ဓဘာသာဝင်တစ်ဦး အနေနဲ့ ဒီဘုရားကြီးကို လာရောက်ဖူးမြော် ရတဲ့အတွက်   အတိုင်းမသိ    ဝမ်းသာမိ ပါတယ်။ 


ကျွန်မကတော့ ဧရာဝတီတိုင်းဒေသ ကြီး ငပုတောမြို့နယ် စီမံကိန်းရေးဆွဲရေး ဦးစီးဌာနကနေ  ဒုတိယညွှန်ကြားရေးမှူး နဲ့   အငြိမ်းစားယူထားတဲ့  ဒေါ်တင်သိန်း ဖြစ်ပါတယ်။   နိုင်ငံ့ဝန်ထမ်း   အငြိမ်းစား တွေကို     မာရဝိဇယဘုရားဖူးခရီးစဉ်မှာ ပထမဆုံး ပါဝင်ခွင့်ရတဲ့အတွက်    အများ ကြီး  ဂုဏ်ယူဝမ်းမြောက်သလို  ကျေးဇူး လည်း တင်ပါတယ်။    ကျွန်မ  ဒီဘုရားနဲ့  ပတ်သက်ပြီးတော့ ရင်ထဲကခံစားချက်လေး ကို ပြောချင်ပါတယ်။ အဲတာဘာလဲဆို တော့ ဘုရားပုံတော်ကြီး      တိမ်တွေကြား ထဲမှာ   လွင့်ပြီးတော့    အဲဒီပုံတော်ကို မြင်လိုက်တဲ့အချိန်မှာ မြဝတီ တီဗွီထဲက မြင်တာပါ။  အဲလိုမြင်လိုက်တဲ့အချိန်မှာ ကျွန်မလွန်ခဲ့တဲ့   နှစ်ပေါင်းများစွာကတည်း က  အိပ်မက်ခဏခဏမက်ခဲ့တဲ့  ဘုရား ပုံတော်ကြီးဖြစ်နေတာ။   အဲဒီလိုဘုရား ပုံတော်ကြီးဖြစ်နေတဲ့အခါကျတော့ ဪ အိပ်မက်တဲ့ ဘုရားကြီးက ကိုယ့်ရှေ့မှာ ရှင်းရှင်းကြီး  ပေါ်နေပါ့လားဆိုပြီးတော့ အဲဒီအချိန်ကျမှ   ကျွန်မက    တီဗွီမှာ ကျောက်တုံးသယ်တာ ကနေစပြီးတော့ နေ့တိုင်းလွှင့်တဲ့ဟာကို  ကြည့်ဖြစ်တယ်။

   ကြည့်တဲ့အခါ  အံ့မခန်းတွေဖြစ်ပြီးတော့   ကျောက်တုံး   သယ်တာကနေပြီးတော့ ကျောက်တုံးကြီးကို   တည့်မတ်တဲ့အထိ ဒီဂရီဘယ်လောက်  တည့်သွားပြီ၊   ဒီနေ့ ကတော့      ဒီဂရီ ဘယ်လောက်တည့်သွားပြီ စသဖြင့်ပေါ့။  အဲဒါတွေကို  အစအဆုံး ကြည့်တယ်။  ကြည့်ပြီးတော့    နောက် ပိတ်ဆုံး အနေကဇာတင်ဘုရားပေါ့နော်။   ဒီစေတီကြီး နောက်ဆုံးအဆင့်ပွဲအထိကို    တီဗွီမှာ နေ့တိုင်းကြည့်တယ်။  အမြဲတမ်း ကြည့်တယ်။  ဒီဘုရားကြီးက   တကယ်ကို ဆုတောင်းပြည့်ပါတယ်။

 ဘာဖြစ်လို့လဲ ဆိုတော့  ကျွန်မ  တီဗွီထဲမှာ   လွှင့်သမျှ ဘုရားကို    အမြဲတမ်းရှိခိုးအာရုံပြုပြီး ဒီဘုရားကြီးကို ကျွန်မကိုယ်တိုင်ကိုယ်ကျ တစ်နေ့မှာ   ဖူးခွင့်ရပါစေလို့    တီဗွီထဲ မှာပဲ ကြည့်ပြီး  ဆုတောင်းခဲ့တာ။  အခု လိုမျိုး   ဖူးခွင့်ရတဲ့အတွက်    ဒီဘုရားနဲ့ ပတ်သက်ပြီးတော့ ပဋ္ဌာန်းဆက်ရှိသမျှ ပုဂ္ဂိုလ်အပေါင်းတို့ကလည်း  နိုင်ငံတော်ရဲ့ စီစဉ်ပေးမှုနဲ့   ဘုရားတည်ကတည်းက မြို့နယ်တွေပါမကျန်၊   ကျေးရွာတွေမှာ မကျန်  အလှူငွေတွေ  ပါဝင်ခွင့်ရအောင် အစိုးရအဖွဲ့အသီးသီးက ဆောင်ရွက်ပေး ခဲ့ပါတယ်။   ဒီဘုရားထဲမှာ   လှည်းနေလှေ အောင်းမြင်းဇောင်းမကျန် ပါဝင်ခွင့်ရခဲ့ကြ တယ်။   ဒါကြောင့်မလို့  အများပြည်သူ လည်း ဖူးမြော်စေချင်တယ်။ နောက်ပြီး ကျွန်မတို့လို    ဝန်ထမ်းအငြိမ်းစားတွေ အနေနဲ့လည်း ကိုယ်ဘာသာကိုယ်လာဖူး ဖို့ဆိုတာ    တော်ရုံနဲ့   မရောက်ဖြစ်ဘူး။ မဝေးသော်ငြားလည်း မရောက်ဖြစ်ဘူး။ အခုလိုစီစဉ်ပေးတဲ့အတွက် နိုင်ငံတော် အဆင့် အကြီးအကဲများ၊ ဧရာဝတီတိုင်း ဒေသကြီးက ဝန်ကြီးချုပ်နဲ့တကွ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ပုဂ္ဂိုလ်များအားလုံး ကို ကျေးဇူးတင်ပါတယ်။ နောက်ပြီးတော့ ဒီဘုရားကြီး ရေရှည်ထိန်းသိမ်းဖို့ အရှည် တည်တံ့ဖို့အနေနဲ့လည်း ကျွန်မတို့မြန်မာ နိုင်ငံသူ၊   မြန်မာနိုင်ငံသားတွေဟာ   ဗုဒ္ဓ ဘာသာဝင်တွေဖြစ်တဲ့အတွက်   ဥပမာ တစ်ခုပြမယ်ဆိုရင် ကျွန်မတို့ ဧရာဝတီ တိုင်းဒေသကြီးမှာရှိတဲ့   မြတ်မော်တင်စွန်း ဘုရားဟာဆိုရင်   မြတ်စွာဘုရားရှင်  သက်တော်ထင်ရှားရှိစဉ်အခါကတည်းက ဆံတော်အစစ်ကို ဌာပနာထားတဲ့ဘုရား ဖြစ်ပါတယ်။  အဲဒါ     မျက်မြင်ကြည့်ခြင်း အားဖြင့်  ဟိုတုန်းကထက်   တစ်ဆင့်နဲ့ တစ်ဆင့် တိုးတက်ပြီးတော့    ပြောင်းလဲ လာတဲ့ဘုရားကို မြင်ကြရမှာပါ။ ဒါကြောင့် မလို့  ဒီမာရဝိဇယဘုရားကြီးဟာ  ရှေ့ အရှည်မှာ သာသနာတည်တံ့ရေးအတွက် အခုလိုပဲ နောင်လာနောက်သားတွေက လက်ဆင့်ကမ်း     ဆောင်ရွက်ပြီးတော့     တိုးတက်သထက်   တိုးတက်၊  သာသနာ  ပြန့်ပွား သထက် ပြန့်ပွား၊  ကမ္ဘာတည်တဲ့   အထိအောင်ရှိမယ်ဆိုတာ ကျွန်မ ယုံကြည် ပါတယ်လို့   ပြောကြားချင်ပါတယ်။   ဒါ ကျွန်မ ရင်ထဲက  ပီတိစကားပါ။     
   

သတင်းစဉ်