ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် မြန်မာ့တပ်မတော် ထောက်ခံပွဲများ ပြုလုပ်

 

နေပြည်တော်   ဖေဖော်ဝါရီ    ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့်      မြန်မာ့ တပ်မတော်အား ထောက်ခံပွဲတို့ကို ယနေ့တွင် ဧရာ ဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တို့၌ အသီးသီး  ပြုလုပ် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ထိုသို့  ဆန္ဒဖော်ထုတ်ရာတွင်  “နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရ၏     (၂)    နှစ်ပြည့် အုပ်ချုပ်မှုကိုထောက်ခံပါသည်၊ အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီကို ကြိုဆိုပါသည်၊ အမျိုး ဘာသာ၊ သာသနာစောင့်ရှောက်ရေး ဒို့အရေး၊ NUG ၊ CRPH  ၊  PDF   အကြမ်းဖက်သမားများ  အလိုမရှိ၊ ပြည်တွင်း၊ ပြည်ပ အဖျက်သမား မှန်သမျှ ဆန့်ကျင် ကြ၊ ဗုဒ္ဓဘာသာရဟန်းတော်များအား ကာကွယ်ကြ၊  ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဒို့အရေး၊  ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နေသည့် တပ်မတော်အား  ထောက်ခံပါသည်၊  အကြမ်းဖက် PDF အလိုမရှိ၊ NUG ၊ CRPH အကြမ်းဖက်သမားများ အလိုမရှိ၊ NUG ၊ PDF ပြည်သူအပေါ် အကြမ်းဖက်မှု ချက်ချင်းရပ်” စသည့် စာသားပါ ဆိုင်းဘုတ်များအား  ကိုင်ဆောင်ကြွေးကြော်၍ အေးချမ်းစွာ ဆန္ဒဖော်ထုတ် ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်