ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များကို အမယ် လေးမျိုး ထောက်ပံ့ပေးအပ်ခြင်းနှင့် ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံ၊ ကျောင်းသုံး စာရေးကိရိယာများ ထောက်ပံ့ပေးအပ်

နေပြည်တော် ဇွန်  ၂၉


ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ညောင်တုန်း မြို့နယ်နှင့်  ဓနုဖြူမြို့နယ်များရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ  စားရေးအဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး  ထောက်ပံ့ခြင်းနှင့် မိသားစုဝင်    ကျောင်းသား    ကျောင်းသူများကို ကျောင်းဝတ်စုံ၊    ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို     ယနေ့နံနက်ပိုင်းတွင် မအူပင်မြို့     နယ်မြေခံတပ်ရင်းခန်းမ၌     ပြုလုပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ်  ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်    အောင်ခင်ဇော်နှင့်  တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်း     အဖွဲ့ဝင်များ၊   မိသားစုဝင်   ကျောင်းသား  ကျောင်းသူများနှင့်   ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။


ဦးစွာ   ဒုတိယတိုင်းမှူးက  အဖွင့်အမှာစကား ပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ စားရေး အဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးကို ထောက်ပံ့ပေးအပ်ရာ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်တစ်ဦးက    လက်ခံရယူသည်။  ထို့နောက် ကျောင်းသား   ကျောင်းသူများကို  ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ရာ ကျောင်းသား  ကျောင်းသူများက  အသီးသီးလက်ခံ ရယူကြသည်။


ထို့ပြင်    မွန်းလွဲပိုင်းတွင်    ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ဖျာပုံမြို့ နယ်မြေခံတပ်ရင်းခန်းမ၌ ဖျာပုံမြို့နယ်၊    ဘိုကလေးမြို့နယ်နှင့်  ကျိုက်လတ် မြို့နယ်များရှိ   စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များကိုစားရေးအဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးကို သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။                

သတင်းစဉ်