ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

 

နေပြည်တော်   ဇန်နဝါရီ   ၁၆


ဧရာဝတီတိုင်းဒေသကြီး      မြို့နယ်များအတွင်းရှိ    ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင် ၉၀၊ အုပ်ချုပ်သူ လေးဦး စုစုပေါင်း ၉၄ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည် တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထား ပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော် များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။


ရှင်းလင်းပြောကြား


ဦးစွာ   ရှင်းလင်းဆောင်၌   မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး  ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင် ပညာရှင်များက မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှု၊   လက်ရှိထိန်းသိမ်းဆောင်ရွက် နေမှု၊  ခေတ်မီစက်ကိရိယာများအသုံးပြု၍  ကျောက်စာရုံစေတီတော် များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနား ကြီးများ    စည်ကားသိုက်မြိုက်စွာ   ကျင်းပနိုင်ခဲ့မှု    အခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး          မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယို မှတ်တမ်းကို ပြသသည်။


ထို့နောက် ဘုရားဖူးလာဂေါပကအဖွဲ့ဝင်များက  ရုပ်ပွားတော်မြတ် ကြီး တည်ဆောက်ပူဇော်ခဲ့မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေးစိတ် ရှင်းလင်းပြောကြားပေးမှုများအပေါ် ကျေးဇူးတင်စကားများ ပြောကြား ကြသည်။   ထို့နောက်  ဘုရားဖူးလာဂေါပကအဖွဲ့ဝင်များက   ရုပ်ပွား တော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှု အခြေအနေနှင့် စပ်လျဉ်း၍  သိရှိလိုသည်များကိုမေးမြန်းကြရာ  တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားသည်။


အလှူငွေများပေးအပ်လှူဒါန်း


ယင်းနောက် ဂေါပကအဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်း ကြသည်။    ဆက်လက်၍   ဘုရားဖူးလာဂေါပကအဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညို ကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍  တည်ဆောက်ထားသည့်   ဂန္ဓကုဋိ၊  မော်ကွန်းတိုက်၌   မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ပုံစံငယ်ပြသထားမှု၊ မှတ်တမ်း ဓာတ်ပုံများ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီ တော်များနှင့် အခြားသာသနိက အဆောက်အအုံများကို ဖူးမြော်လေ့လာ ကြည်ညိုခဲ့ကြသည်။ 


ထို့အတူ   မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား   အနယ်နယ် အရပ်ရပ်မှ    ရဟန်းရှင်လူ  ဘုရားဖူးပြည်သူများ    လာရောက်ဖူးမြော် ကြည်ညိုလျက်ရှိကြသည်။


ယနေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက် ဖူးမြော်ခဲ့ကြသည့်  ‌ဂေါပကအဖွဲ့ဝင်များ၏  ရင်တွင်းစကားသံများကို ယခုလို ကြားသိခဲ့ရသည်-


ဦးကျော်စွာဝင်း   (မဟာကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော် မြတ်ကြီး ဘဏ္ဍာတော်ထိန်းတာဝန်ခံ ဂေါပက)
ဧရာဝတီတိုင်းဒေသကြီး   ငပုတောမြို့နယ်    ဟိုင်းကြီးကျွန်းမြို့၊   မော်တင်စွန်းဒေသကနေ  ဒီမာရဝိဇယဘုရားကြီးဆီကို လာရောက်ပြီး တော့ဖူးမြော်တာဖြစ်ပါတယ်။    အရင်ကတော့တစ်ခါမှ    လာရောက် ဖူးမြော်ဖူးခြင်း   မရှိပါဘူး။  တီဗွီတွေ၊  မြန်မာ့အသံ၊ ရုပ်မြင်သံကြားတွေ၊ သတင်းတွေမှာသာ   ဒီမာရဝိဇယဘုရားကြီးကို   တွေ့မြင်ဖူးမြော်ခဲ့ရ တာပါ။  ဒီမာရဝိဇယ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး စတင်တည်ထားကိုးကွယ်စဉ်အခါကတည်းက ကိုယ်တိုင်လာရောက် ဖူးမြော်ချင်နေတာ ဖြစ်ပါတယ်။ ခုအချိန်မှာတော့ လာရောက် ဖူးမြော် ချင်တဲ့ ဆန္ဒတွေလည်း  ပြည့်မြောက်သွားပြီ   ဖြစ်ပါတယ်။ ကျွန်တော်နဲ့ အတူ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ တန်ခိုးကြီးစေတီတော် မြတ်ကြီးတွေရဲ့ ဂေါပကအဖွဲ့ဝင်တွေ၊ စေတီတော်တစ်ဆူဆိုရင် ဂေါပက အဖွဲ့ဝင်  သုံးဦး၊  လေးဦး အဲဒီလိုမျိုးစနစ်ကလေးတွေနဲ့  လာရောက် ဖူးမြော်နိုင်အောင်  တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ စီစဉ်ပေးပါတယ်။ ယခုလာရောက်ဖူးမြော်တာ express ကားကြီးနှစ်စီးနဲ့ ဖြစ်ပါတယ်။  တစ်စီးမှာဆိုရင်  ၄၅  ဦးနဲ့  ဦးရေ ၉၀ လာရောက်ပြီးတော့  ဖူးမြော် ကြည်ညိုတာ ဖြစ်ပါတယ်။  ဒီလိုကြည်ညိုဖူးမြော်နိုင်အောင်လို့  နိုင်ငံ တော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကနေ   ဒီလိုမျိုး ဘုရားအဆူဆူ၊  စေတီတော်တွေက  ဂေါပကအဖွဲ့ဝင်တွေကို   လာရောက်ကြည်ညိုနိုင်အောင်၊   ပြီးတော့   မိမိတို့ဒေသမှာရှိတဲ့ ဘုရားစေတီတော်တွေကို ဘယ်လိုပြုပြင်ထိန်းသိမ်း ရမယ်၊  ဘယ်လိုဆောင်ရွက်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လာရောက် ပြီးတော့ ဖူးမြော်ကြည်ညိုနိုင်အောင် စီစဉ်ပေးတာလို့သိရတဲ့အတွက် အထူးလည်း ဝမ်းသာပီတိဖြစ်မိပါတယ်။ 
အခုလိုဒီဘုရားကြီးကို လာရောက်ဖူးမြော်ခွင့်ရရှိခြင်းက အသိပညာ များစွာရရှိပါတယ်။   ဘာကြောင့်လဲဆိုတော့   ကျွန်တော်တို့ဘက်က  ဘုရားက  ရေငန်ငွေ့တွေနဲ့အမြဲတမ်းတိုက်ခတ်ပြီးတော့ ရာသီဥတုဒဏ် တွေကို  ခံနေရတဲ့  စေတီတော်တစ်ဆူဖြစ်ပါတယ်။  အခုဆိုရင်  ဒီက နည်းပညာတွေနဲ့၊ ရှင်းပြပေးတဲ့ အင်ဂျင်နီယာပညာရှင်တွေရဲ့ အကြံပေး ပြောပြမှုတွေနဲ့  ကျွန်တော်တို့ စေတီတော်ကြီးကို ပြန်ရောက်တဲ့အခါ ကျရင်  ဘယ်လိုပြုပြင်  ထိန်းသိမ်းစောင့်ရှောက်သွားရမလဲဆိုတာကို  ကျွန်တော်တို့   ဟိုမှာလည်း   သတင်းတွေပြန်လည်  မျှဝေပေးမယ်။ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီးရဲ့ဘုရားပွဲကို တပေါင်း လဆန်း ၁ ရက်နေ့  ကနေ  တပေါင်းလပြည့်နေ့အထိ ဘုရားပွဲကျင်းပဖို့ ရှိပါတယ်။  ဒီဘုရားပွဲမကျင်းပမီအချိန်မှာ  ဆံတော်ရှင်မြတ်မော်တင် စေတီတော်မြတ်ကြီးရဲ့  ရင်ပြင်တော်တိုးချဲ့ခြင်းလုပ်ငန်းတွေကို နိုင်ငံ တော်အကြီးအကဲရဲ့လမ်းညွှန်မှုနဲ့အတူ ဆောင်ရွက်နေတဲ့အချိန်ကာလ လည်း  ဖြစ်ပါတယ်။   ဒီကနည်းပညာတွေနဲ့  ပြောပြပေးတဲ့ဗဟုသုတ တွေကို   ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီးရဲ့   ရင်ပြင်တော် တိုးချဲ့ခြင်းလုပ်ငန်းတွေမှာ စနစ်တကျပေါင်းစပ်ပြီး ဆောင်ရွက်လိုက် မယ်ဆိုရင်၊  ဆံတော်ရှင်မြတ်မော်တင်  စေတီတော်မြတ်ကြီးဟာလည်း ဒီမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့ နည်းပညာကိုယူပြီး ထိန်းသိမ်း စောင့်ရှောက်သွားမယ်ဆိုရင်   အားလုံး  အများသူငါ    ဖူးမြော်နိုင်တဲ့ စေတီတစ်ဆူဖြစ်လာဖို့လည်း  ကျွန်တော့်အနေနဲ့  မျှော်လင့်ပါတယ်။ ဒါ့ကြောင့်    ယခုလိုလာရောက်ပြီးတော့   ဖူးမြော်နိုင်အောင်လို့  စီစဉ် ညွှန်ကြားပေးတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တကွ     တပ်မတော်အရာရှိပုဂ္ဂိုလ်များ   အားလုံးကို ဂေါပကအားလုံးရဲ့ကိုယ်စား အထူးပဲကျေးဇူးတင်ရှိပါကြောင်း ပြောကြား လိုပါတယ်။ 


ဦးနိုင်ရဲဝင်း  (တိလောကဥသျှောင် ရှင်သာလျောင်းဘုရားကြီး ဂေါပက အဖွဲ့ဝင်)


မာရဝိဇယဘုရားကြီးကို အဝေးကြီးကနေမြင်ပြီး စတင်ဖူးမြော် ရကတည်းက စိတ်ထဲမှာ အလွန်ပဲဝမ်းသာပီတိ ဖြစ်မိပါတယ်။ အခုလို အနီးကပ်ဖူးမြော်ခွင့်ရလိုက်တဲ့အခါ  ရင်ထဲမှာပီတိဖြစ်ပြီး   ဝမ်းနည်း၊ ဝမ်းသာတောင်ဖြစ်မိပါတယ်။  
ဒီမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို   ယခုလိုကိုယ်တိုင်ကိုယ်ကျ အနီးကပ်ဖူးမြော်ရပြီး ဒီမှာရှိတဲ့ တာဝန်ရှိသူတွေက မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်ပုံအဆင့်ဆင့်ကို        လိုက်လံရှင်းပြတဲ့အခါမှာ မြန်မာနိုင်ငံမှာ ဒီလိုမျိုးထူးကဲတဲ့ဘုရားကြီးရှိတယ်ဆိုပြီး ကျွန်တော့် အနေနဲ့ ဝမ်းသာဂုဏ်ယူမိပါတယ်။ နောက်ပြီး ဘုရားကြီးကို နိုင်ငံတော် အကြီးအကဲရဲ့ လမ်းညွှန်မှုနဲ့ ကမ္ဘာမှာ  မြန်မာဟေ့ဆိုပြီး ဗုဒ္ဓဘာသာ အတွက် သမိုင်းတစ်ခု ထူထောင်နိုင်တဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူမိ ပါတယ်။ ဒီဘုရားကြီး  စပြီးဖူးတဲ့အခါမှာ ခေတ်အဆက်ဆက်က မြန်မာ မှုတွေကိုလည်း အများကြီးလေ့လာတွေ့ရှိရတယ်။ ကမ္ဘာကို ရင်ပေါင် တန်းနိုင်တဲ့ သိပ္ပံပညာနဲ့  နည်းပညာတွေကိုလည်း  တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာလူမျိုးဖြစ်ရတဲ့အတွက်လည်း ဝမ်းသာမိပါ တယ်။ နောက်ပြီး မြန်မာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်တွေကို မပျောက်ကွယ်အောင်  ထိန်းသိမ်းဖို့အတွက် ကျွန်တော်တို့ မြန်မာလူမျိုး အားလုံးမှာ တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်။


ဦးသိန်းအောင်(ရှင်ပင်ချမ်းသာကြီးဘုရား ဂေါပက ဥက္ကဋ္ဌ)


လွန်ခဲ့တဲ့တစ်လလောက်ကတော့ ဒီမာရဝိဇယဘုရားကြီးကို ပထမ အကြိမ်   လာရောက်ဖူးမြော်ပြီးပါပြီ။   ဘုရားကြီးနဲ့   ပတ်သက်ပြီး လာရောက်ဖူးမြော်ရတဲ့အခါ အင်မတန် ဝမ်းသာကြည်နူးပီတိဖြစ်မိပါ တယ်။ ပထမတစ်ခေါက်ကရော အခုဒုတိယအကြိမ်လာရောက်ဖူးမြော် ခွင့်ရတဲ့အခါမှာလည်း ထပ်တူခံစားမိပါတယ်။ အခုလာရောက်ဖူးမြော် ရတဲ့  ရည်ရွယ်ချက်ကတော့   နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့လမ်းညွှန်ချက်၊ ဧရာဝတီတိုင်းဒေသကြီး   တိုင်းမှူးရဲ့ညွှန်ကြားချက်၊   ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ်ရဲ့ညွှန်ကြားချက်နဲ့အညီ ဧရာဝတီတိုင်းဒေသကြီး ၂၆   မြို့နယ်မှာရှိတဲ့   ဘုရားစေတီဂေါပကအဖွဲ့ဝင်များအားလုံးကို           ဒီမာရာဝိဇယဘုရားကြီးကို         လာရောက်ဖူးမြော်နိုင်ရေးအတွက်   စီစဉ်ပေးတဲ့အတွက် လာရောက်ဖူးမြော်ကြတာဖြစ်ပါတယ်။   ဒီအတွက် လည်း နိုင်ငံတော်ဝန်ကြီးချုပ်နဲ့တကွ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့များအားလုံးကို  ကျေးဇူးတင်ရှိပါတယ်။ ဘုရားကြီးကို ဖူးမြော်ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်ကို   ပြန်ရောက် တဲ့အခါမှာ  မြို့သူ၊ မြို့သား၊ နယ်သူ၊ နယ်သားအပေါင်းတို့ကိုလည်း နေပြည်တော်မှာရှိတဲ့ ဒီဘုရားကြီးနဲ့  ပတ်သက်လို့   ကြည်နူးဝမ်းမြောက် စရာများရှိတဲ့   အကြောင်းကိုလည်း    ပြန်လည်ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ဘုရားကြီးကို ဖူးမြော်တဲ့အခါ မှာ လေ့လာတွေ့ရှိချက်ကတော့  နဂါးရုံဘုရားနဲ့ပတ်သက်ပြီး  အများအားဖြင့်  နဂါးရုံရဲ့အပေါ်မှာပဲ တည်ထားတာ တွေ့ဖူးပြီး မာရဝိဇယဘုရားကြီးမှာရှိတဲ့  နဂါးရုံဘုရားဟာ ဆိုရင် ဘုရားကိုယ်တော်မြတ်ကြီးကို  ပါဠိကျမ်းဂန်နဲ့အညီဆောင်ရွက် တယ်လို့   သိရတဲ့အတွက် ထူးဆန်းမှုတစ်ခုဖြစ်ပါတယ်။   ကျောက်စာ ပေါင်းများစွာကိုလည်း   တွေ့ရတဲ့အတွက်   ဗုဒ္ဓဘာသာထွန်းကားရေး အတွက်ကို    ဒီလောက်ဆောင်ရွက်ထားတဲ့အတွက်   များစွာဝမ်းသာ   ဂုဏ်ယူမိပါတယ်။ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။


ဦးမောင်မောင်(တိလောကဥသျှောင် 
ရှင်သာလျောင်းဘုရားကြီး ဂေါပကအဖွဲ့ဒုတိယဥက္ကဋ္ဌ)

အခုလို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖူးမြော်ခွင့်ရတဲ့အတွက် အင်မတန်ပျော်ပါတယ်။ အရင် ကတည်းက လာရောက်ဖူးမြော်ချင်ခဲ့တာပါ။ ယခုလို ဧရာဝတီတိုင်းဒေသ ကြီး ဝန်ကြီးချုပ်အစီအစဉ်နဲ့ ပထမဦးဆုံးအကြိမ် လာရောက်ဖူးမြော်ခွင့်ရခြင်းဖြစ်ပါတယ်။ ဘုရားကြီးကို ဖူးမြော်ရတာ အားလုံးအံ့မခန်း ဖြစ်မိပါတယ်။  ဘယ်ကိုကြည့်ကြည့်   မြန်မာမှုလက်ရာတွေနဲ့အပြည့် ဖြစ်နေတာကို တွေ့ရတဲ့အခါမှာ ဘုရားကြီးကို လာရောက်ဖူးမြော်ရတာ အင်မတန်မှတန်ဖိုးရှိလှပါတယ်။ ဒီဘုရားကြီးကို တည်ထားကိုးကွယ်နိုင် အောင်   ဝိုင်းဝန်းဆောင်ရွက်ပေးတဲ့   နိုင်ငံတော်ဝန်ကြီးချုပ်နဲ့တကွ တာဝန်ရှိသူအားလုံးနဲ့     ရှင်းလင်းဆောင်မှာ   ဘုရားကြီးရဲ့သမိုင်းကို   ရက်ပေါင်းတစ်ထောင်ကျော်တည်ဆောက်ခဲ့ပုံ အဆင့်ဆင့်ကို ရှင်းပြတဲ့ အခါ ဘုရားကြီးနဲ့ပတ်သက်ပြီး တော်တော်ကြီးကို အံ့မခန်းဖြစ်မိပါတယ်။  ဘုရားကြီးနဲ့ပတ်သက်ပြီး ကမ္ဘာမှာမြန်မာအနေနဲ့ ဂုဏ်ယူဝင့်ကြွားလို့ ရတာပေါ့။  နိုင်ငံခြားသားပညာရှင်တွေမပါဘဲ  မြန်မာအင်ဂျင်နီယာ ပညာရှင်တွေနဲ့ပဲ   စုပေါင်းလုပ်ကိုင်တည်ထားတဲ့  ဒီဘုရားကြီးဟာ  အင်မတန် အံ့မခန်းလောက်ပါတယ်။ ကျွန်တော်တို့အနေနဲ့  ဒီဘုရား ကြီးကို    လာရောက်ဖူးမြော်တဲ့နေရာမှာ  အင်မတန်ဝေးတဲ့အတွက် တစ်ရက်ဆိုတဲ့အချိန်ဟာ      နည်းပါတယ်။    ကျွန်တော့်အနေနဲ့ နောက်တစ်ခေါက်   မိသားစုစုံစုံလင်လင်နဲ့    အေးအေးဆေးဆေး အချိန်ပေးပြီး လာရောက်ဖူးမြော်ချင်ပါသေးတယ်။                                                             
သတင်းစဉ်