
ပုသိမ် ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီးအတွင်း နွေစပါးနှင့် မိုးစပါး ဧက ၅၂ သိန်းကျော်၊ ပဲမျိုးစုံဧက ၁၆ သိန်းကျော် စိုက်ပျိုးလျက်ရှိပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ၈၆ ဘီလီယံဖြင့် ယခင်နှစ် နွေစပါးရာသီမှစ၍ တောင်သူများထံသို့ ငွေကျပ်နှစ်သိန်းနှင့်ညီမျှသည့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တောင်သူများထံသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစု များ ထောက်ပံ့ပေးခြင်းကြောင့် ဝယ်ယူကြိတ်ခွဲတင်ပို့သူများ၊ သွင်းအားစု ကိုယ်စားလှယ်များနှင့် တောင်သူများအတွက် များစွာအကျိုးရှိ ကြောင်း၊ တောင်သူများအနေဖြင့်လည်း အထွက်တိုး မျိုးကောင်းမျိုးသန့် များ ပြောင်းလဲအသုံးပြုခြင်း၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာများနှင့် ဓာတ်မြေသြဇာများ အချိုးကျသုံးစွဲခြင်းများ ကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၃ ရက်က ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၃ ခုနှစ် မိုးစပါး စီမံကိန်းတွင် ပါဝင်ဆောင်ရွက်ကြသည့် ဝယ်ယူကြိတ်ခွဲတင်ပို့သူများ၊ သွင်းအားစု ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးတင်မောင်ဝင်းက ပြောကြားသည်။
စနစ်တကျမှတ်တမ်းထားရှိရန်လို
နွေစပါးစိုက်ပျိုးရာတွင် အောင်ရေရရှိရေးအတွက် ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများကိုလည်း တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း၊ စပါးအထွက်နှုန်းများကိုလည်း စပါး အမျိုးအစားအလိုက် စနစ်တကျမှတ်တမ်းထားရှိရန်လိုကြောင်း တိုင်း ဒေသကြီးဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။
လိုအပ်သည်များမှာကြား
ဆက်လက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စပါးဆောင်ရွက် မှုအခြေအနေများနှင့်စပ်လျဉ်းပြီး တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း ဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)၊ ဓာတ်ပုံ - မောင်မောင်မြင့်