
ပုသိမ် ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီးအတွင်း အသက် ၆၅ နှစ် နှင့် အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ပုသိမ်မြို့ အ.ထ.က(၁) ၊ အ.ထ.က(၄)နှင့် မြို့တော်ခန်းမ(၃)နေရာ၌ ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးသည်။
ပုသိမ်မြို့ရှိ ဆေးထိုးနှံသည့် အ.ထ.က(၁) စုရပ် နေရာတွင် အမှတ်(၃)၊ (၅)၊ (၁၁)၊ (၁၃)၊ (၁၅) ရပ်ကွက် (၅)ခု၊ အ.ထ.က(၄) စုရပ်နေရာတွင် အမှတ်(၆)၊(၇)၊ (၈) ၊ (၉)၊ (၁၂) ရပ်ကွက်(၅)ခု၊ မြို့တော်ခန်းမ စုရပ် နေရာတွင် အမှတ်(၁)၊ (၂)၊ (၄)၊ (၁၀)၊ (၁၄) ရပ်ကွက် (၅)ခု စုစုပေါင်း ရပ်ကွက်(၁၅)ခုရှိ အသက် ၆၅ နှစ် နှင့်အထက်ရှိ ပြည်သူ ၆၀၀ အား ထိုးနှံပေးသွား မည်ဖြစ်သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးသည့် နေရာ များတွင် ကာကွယ်ဆေးထိုးခြင်းမပြုမီ လက်သန့် ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ဆေးမထိုးရ အုပ်စု မှန်/မမှန် စိစစ်ပြီး ကာကွယ်ဆေး ထိုးပြီးလျှင် ဆေးနှင့် ဓာတ်မတည့်ခြင်းနှင့် ဘေးထွက် ဆိုးကျိုးလက္ခဏာများ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါ က ချက်ချင်းအရေးပေါ် တုံ့ပြန်နိုင်ရန်အတွက် မိနစ် ၃၀ အကြာ စောင့်ကြပ်ကြည့်ရှုပေးရန် စသည်ဖြင့်စီစဉ် ဆောင်ရွက်ပေးထားကြသည်။
ကိုတွတ်(ပြန်/ဆက်)