ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထားသော မိုးစပါး ဧက ၃၇ သိန်းခွဲကျော် ရိတ်သိမ်းပြီးစီးနေ

 

ပုသိမ်  မတ်  ၂


ဧရာဝတီတိုင်းဒေသကြီးအတွင်း   ၂၀၂၃  ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး  ၃၇၅၇၈၁၅ ဧက စိုက်ပျိုးခဲ့သည့်အနက် ယခုအခါ ဧက ၃၇၅၇၃၀၀  ကို  ရိတ်သိမ်းပြီးစီးနေပြီဖြစ်ကြောင်း   စိုက်ပျိုးရေးဦးစီးဌာန မှ သိရသည်။     


တိုင်းဒေသကြီးအတွင်း      မိုးစပါးများကို ၂၀၂၃  ခုနှစ်   အောက်တိုဘာလလယ်ခန့်မှ စတင်ရိတ်သိမ်းခဲ့ရာ ၉၉ ဒသမ ၉၉   ရာခိုင်နှုန်း ရိတ်သိမ်းပြီးစီးနေပြီဖြစ်ကြောင်း၊ အထွက်နှုန်း အနေဖြင့် တစ်ဧကပျမ်းမျှ  ၈၂  ဒသမ ၂၄ တင်း ထွက်ရှိပြီး ယခုအခါ  နွေစပါးများစိုက်ပျိုးရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း   သိရ သည်။


ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးစပါး ကို ခရိုင်အလိုက်စိုက်ပျိုးမှုမှာ ပုသိမ်ခရိုင်တွင် ၅၀၇၈၄၃ ဧက၊ ကျုံပျော်ခရိုင်တွင် ၃၃၅၃၄၅ ဧက၊    ဟင်္သာတခရိုင်တွင်     ၂၃၅၆၈၅     ဧက၊ မြန်အောင်ခရိုင်တွင်  ၂၇၈၆၂၁ ဧက၊ မြောင်းမြ ခရိုင်တွင် ၅၂၁၉၆၄ ဧက၊ မအူပင်ခရိုင်တွင် ၃၉၂၀၅၂ ဧက၊ ဖျာပုံခရိုင်တွင်  ၈၇၈၃၂၅  ဧက၊ လပွတ္တာခရိုင်တွင်   ဧက  ၅၈၉၉၈၀   စိုက်ပျိုး ခဲ့ကြောင်း သိရသည်။


လက်ရှိအချိန်တွင် ရိတ်သိမ်းပြီးစီးသည့် စပါးများကို ရာနှုန်းပြည့်ပြန်လည်စိုက်ပျိုးနိုင် ရေး၊  ရွှေခရုအန္တရာယ်ကာကွယ်ရေး၊    စပါး ဖျက်ပိုးများ      စပါးခင်းအတွင်း      မကျရောက် စေရေး၊    ရာသီဥတုရေမြေနှင့်    ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့်   စပါးမျိုးများ ရွေးချယ်ရေး၊     ထွက်ရှိလာသောစပါးများ အရည်အသွေးပြည့်ဝစေရေး    စသည့်     အသိ ပညာပေးလုပ်ငန်းများကို       သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနများက တောင်သူများ အား  ကူညီဆောင်ရွက်ပေးနေကြောင်း   သိရ သည်။          

မောင်မောင်မြင့် (ရေနံသာမြေ)