
ပုသိမ် နိုဝင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ရှင်ဥပဂုတ္တရဟန္တာ မထေရ်မြတ်ကြီးအား ငဝန်မြစ်အတွင်းသို့ ဖောင်မျှောပူဇော်ပွဲကို နိုဝင်ဘာ ၁၇ ရက် ညနေ ၄ နာရီခွဲက ပုသိမ်မြို့ ကမ်းနားလမ်း မြို့တော်ခန်းမရှေ့ ရှုခင်းသာရင်ပြင်၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ရွှေမုဋ္ဌောမဟာစေတီတော်မြတ် ကြီး၏အနောက်ဘက် ရေဆင်းတန်ဆောင်းတွင်ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီး ပူဇော်ပွဲအခမ်း အနားအား နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ ပြီး ညောင်ပင်သာကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တ ဝိဿုတ (နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီး) ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာ တော် သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူ သော မေတ္တသုတ်ပရိတ်တရားတော်အား နာယူ ကြည်ညိုသည်။
ထို့နောက် အခမ်းအနားသို့ ကြွရောက်တော်မူ လာကြသော ဆရာတော် သံဃာတော်များထံ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့််တိုင်းဒေသ ကြီး ဝန်ကြီးများက လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး မရမ်းချိုကျောင်းတိုက်ပဓာန နာယက ဆရာတော် ဘဒ္ဒန္တသောဘိတ (တိုင်းဒေသကြီး သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ) ထံမှ အနုမောဒနာတရား နာကြားကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
ဆက်လက်၍ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီး အား ဖောင်တော်သို့ ပင့်ဆောင်ပြီး အမှတ်(၂) ငဝန်တံတားနေရာမှစတင်၍ ဖောင်တော်ကို ရေမျှော ပူဇော်ပြီး ဖောင်တော်အား ဌာနဆိုင်ရာ အဖွဲ့အစည်း များက ဆီမီးခွက်များဖြင့် ရေမျှောပူဇော်ခဲ့ကြ ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)