ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (၃၁/၂၀၂၁) အစည်းအဝေး ကျင်းပ

ပုသိမ်  ဩဂုတ်    ၃

 


ဧရာဝတီတိုင်းဒေသကြီး    အစိုးရ အဖွဲ့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့်     အရေးပေါ်တုံ့ပြန်ရေး ကော်မတီ(၃၁/၂၀၂၁)   အစည်း အဝေးကို ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီး    အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁) ၌ ကျင်းပ ရာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက  ကာကွယ် ဆေး ထိုးနှံပေးရေးဆိုင်ရာများနှင့်   ရောဂါရှာဖွေ   ကုသရေးဆိုင်ရာ        လုပ်ငန်းများအား  မြေပြင်စာရင်း ဇယားများ မှန်ကန်စွာ တင်ပြနိုင် ရေး၊ အောက်ဆီဂျင်လိုအပ်ချက် များ   အတတ်နိုင်ဆုံး  ဖြည့်ဆည်း ပေးနိုင်ရေး စသည်တို့ကို ပြောကြား သည်။ 

 


ထို့နောက်   တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊      တိုင်းဒေသကြီး   အစိုးရအဖွဲ့ဝင်       လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး     ကျော်စွာလှိုင်က      ယခင်နေ့ အစည်းအဝေး မှတ်တမ်း အပေါ်  လုပ်ငန်းဆောင်ရွက်ထားရှိ မှုနှင့် ကော်မတီ၏ လုပ်ငန်းအဆင့် ဆင့် ဆောင်ရွက်ထားရှိမှုများအား    ရှင်းလင်းတင်ပြပြီး    တိုင်းဒေသ ကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသ ရေးဦးစီးဌာနမှူး   ဒေါက်တာ         ဇော်မင်းထွန်းက    ကျန်းမာရေး ဆိုင်ရာ လုပ်ငန်းဆောင်ရွက်ထား ရှိမှုအခြေအနေများကို    တင်ပြ ဆွေးနွေးသည်။ ထို့နောက် တက် ရောက်လာသည့်   ကော်မတီဝင် များက အထွေထွေဆွေးနွေးတင်ပြ ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် က နိဂုံးချုပ်အမှာစကား ပြောကြား ပြီး   လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။  

 

ကိုတွတ်(ပြန်/ဆက်)