ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ခြောက်လတာလုပ်ငန်းဆောင်ရွက်မှုအပေါ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကျေးရွာနှင့် Cash for work ကျေးရွာတို့အတွက် စီမံကိန်းရန်ပုံငွေ ပေးအပ်ပွဲကျင်းပ

 

ပုသိမ်   ဩဂုတ်   ၁၆


ဧရာဝတီတိုင်းဒေသကြီးအစိုးရဖွဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှ ဇူလိုင်အထိ ခြောက်လတာ လုပ်ငန်းဆောင်ရွက်မှု များအပေါ်  ညှိနှိုင်းအစည်းအဝေး  ဒုတိယနေ့နှင့်   ၂၀၂၂- ၂၀၂၃  ဘဏ္ဍာနှစ်တွင်   အကောင်အထည်ဖော် ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊   ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး  လုပ်ငန်းစီမံကိန်း(VDP)ကျေးရွာနှင့် Cash for work ကျေးရွာတို့အတွက် စီမံကိန်းရန်ပုံငွေပေးအပ်ပွဲကို  ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ ပြုလုပ်သည်။

 


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း က နိုင်ငံတော်မှ ချမှတ်ထားသည့်   ဦးတည်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား     မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်          အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊      ဌာနဆိုင်ရာများ အနေဖြင့် ကိန်းဂဏန်းစာရင်းဇယားအချက်အလက် များ မှန်ကန်တိကျမှုရှိစေရေး အလေးထားဆောင်ရွက် ရန်နှင့် ကိန်းဂဏန်းအချက်အလက်များ မှန်ကန်မှသာ တွက်ချက်သည့်    အချက်အလက်များသည်လည်း မှန်နိုင်မည်ဖြစ်ကြောင်း၊   ပြည်သူများ  အလုပ်အကိုင် အခွင့်အလမ်းများ   ရရှိစေနိုင်ရန်အတွက်    စက်ရုံ၊ အလုပ်ရုံများ ပြန်လည်လည်ပတ်နိုင်ရေး၊ စက်မှုဇုန် များ ထူထောင်ဆောင်ရွက်နိုင်ရေး အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊    တိုင်းဒေသကြီး  စီးပွားရေးတိုးတက်စေရန်နှင့်        အလုပ်အကိုင် အခွင့်အလမ်းများ      ရရှိစေရန်အတွက်     လျှပ်စစ် ထုတ်လုပ်နိုင်ရေး  ဝိုင်းဝန်းပူးပေါင်းဆွေးနွေးစေလိုကြောင်း၊    တိုင်းဒေသကြီး၏   စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များမှ  ပြည်ပဝင်ငွေရရှိစေရေး   ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း   ပြောကြားသည်။

 


ဖြည့်စွက်ဆွေးနွေး


ဆက်လက်၍  စီးပွားရေးရာဝန်ကြီးဌာနအောက်ရှိ စက်မှုကြီးကြပ်ရေးနှင့်     စစ်ဆေးရေးဦးစီးဌာန၊ အဆင့်မြင့်စက္ကူ   (သာပေါင်း)၊   သတင်းစာစက္ကူ (သာပေါင်း)၊ မှန်စက်ရုံ(ပုသိမ်)၊ အမှတ်(၃၂)အကြီးစား စက်ရုံ(ကြံခင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟိုတယ် နှင့်   ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့်  သယံဇာတ ရေးရာဝန်ကြီးဌာနအောက်ရှိ ဌာနများမှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ   ဇူလိုင်လအထိ    ခြောက်လတာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို  ရှင်းလင်း တင်ပြရာ   တိုင်းဒေသကြီးဝန်ကြီးချုပ်က    လိုအပ် သည်များကို      ဖြည့်စွက်ဆွေးနွေး   မှာကြားသည်။ ဆက်လက်၍    တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သမဝါယမနှင့်   ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှ ၂၀၂၂- ၂၀၂၃     ဘဏ္ဍာနှစ်တွင်    အကောင်အထည်ဖော် ဆောင်ရွက်သည့်    မြစိမ်းရောင်ကျေးရွာစီမံကိန်း၊  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး  လုပ်ငန်းစီမံကိန်း (VDP)နှင့် Cash for work ကျေးရွာတို့အတွက်   စီမံကိန်း ရန်ပုံငွေ     ပေးအပ်ပွဲအခမ်းအနားကို   တက်ရောက် အမှာစကားပြောကြားသည်။

 


ရန်ပုံငွေများ လွှဲပြောင်းပေးအပ်


ထို့နောက်  ပုသိမ်ခရိုင်၊ ကျုံပျော်ခရိုင်၊    ဟင်္သာတ ခရိုင်၊    မြန်အောင်ခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်နှင့်လပွတ္တာခရိုင်တို့မှ မြစိမ်းရောင်၊ VDP ၊  Cash For Work စီမံကိန်းလုပ်ငန်းများ ဆောင်ရွက် မည့်ကျေးရွာများအတွက် ရန်ပုံငွေများကို တိုင်းဒေသ ကြီးဝန်ကြီးချုပ်(အပေါ်ပုံ)နှင့်     တာဝန်ရှိသူများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများထံ    အသီးသီးပေးအပ်ခဲ့ သည်။ အဆိုပါအခမ်းအနားတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှ  ၂၀၂၂- ၂၀၂၃   ဘဏ္ဍာနှစ် တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊       ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)နှင့် Cash for work    စီမံကိန်းကျေးရွာများအတွက်  ကျေးရွာ စုစုပေါင်း ၅၀၅ ရွာကို စီမံကိန်းရန်ပုံငွေ  စုစုပေါင်း ကျပ်သန်း   ၅၂၂၀ အား  လွှဲပြောင်းပေးအပ်ကြောင်း သိရသည်။    

              
တိုင်းဒေသကြီး(ပြန်/ဆက်)