
ဟင်္သာတ ဇန်နဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ သည် ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှု လျော့နည်းစေရန် ကာကွယ်ဆေး ထိုးနှံပေးနေမှုများကို ယနေ့ နံနက် ၉ နာရီက ဟင်္သာတမြို့ တာကလေးရပ်ကွက် ဦးအောင် မြတ်ကျော် ဘုရားဝင်း ပြည်လုံး ချမ်းသာခန်းမသို့ လာရောက် ကြည့်ရှုအားပေးသည်။
ဆက်လက်ထိုးနှံ
ဟင်္သာတမြို့နယ်တွင် ကာ ကွယ်ဆေး မထိုးနှံရသေးသည့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများကို ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့နယ်အတွင်း ကိုဗစ်ကာကွယ် ဆေးထိုးနှံခြင်းကို အသက်(၁၈)နှစ်နှင့်အထက်နှင့် သက်ကြီး ရွယ်အိုများ၊ ဌာနဆိုင်ရာ ဝန်ထမ်း များ၊ ဈေးသူဈေးသားများ၊ဟိုတယ် တည်းခိုခန်းဝန်ထမ်းများ၊ စက်ရုံ အလုပ်ရုံဝန်ထမ်းများ၊ အလုပ် သမားအဖွဲ့များ၊ အကျဉ်းသား များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော သတ်မှတ် ဦးတည်အုပ်စုများအလိုက် နေ့စဉ် ဆက်လက် ထိုးနှံပေးလျက်ရှိ ကြောင်း၊ ပြည်သူများကလည်း မိမိတို့ ကျန်းမာရေးအတွက် အထူး ဂရုပြု၍ လာရောက်ထိုးနှံကြစေ လိုကြောင်း၊ ယခုအခါ ကိုဗစ် မျိုးကွဲသစ် အိုမီခရွန်ပိုးသည် မိမိတို့ နိုင်ငံအတွင်း ကူးစက်မှုများ ရှိလာနေပြီဖြစ်၍ ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ အတိုင်း ပြည်သူများအနေဖြင့် လိုက်နာနေထိုင်ကြရန် လိုအပ် ကြောင်း ပြောကြားကာ ကာကွယ် ဆေး ထိုးနှံပေးနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ ကြောင်း သိရသည်။
ကိုဇော် - ဟင်္သာတ