
ပုသိမ် ဧပြီ ၁၅
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကြတ်နေ့တွင် ကမ်းနားလမ်း တစ်လျှောက်ရှိ လမ်းလျှောက် သင်္ကြန်အပါအဝင် ဌာနဆိုင်ရာများ နှင့် ရပ်ကွက်များမှ မဏ္ဍပ် ၁၀ ခု၌ ရေပက်ခံထွက်သူ၊ လာရောက် ရေကစားသူများဖြင့် ယနေ့တွင် စည်ကားလျက်ရှိပြီး တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများ နှင့်ဇနီးများက ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်များသို့ သွားရောက် ၍ ယိမ်းအဖွဲ့များ၏ သီဆိုကပြ ဖျော်ဖြေမှုများအား ကြည့်ရှုအားပေး ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများသည် အနောက်တောင်တိုင်း စစ်ဌာနချုပ် ဖျော်ဖြေရေး သင်္ကြန်မဏ္ဍပ်သို့ သွားရောက်၍ အနောက်တောင် တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်းတပ်ဖွဲ့ များ၏ နိဗ္ဗာန်ဈေး၊ စတုဒိသာ မဏ္ဍပ်မှ တည်ခင်းဧည့်ခံထား သော စားသောက်ဖွယ်ရာများ အား သုံးဆောင်ချီးမြှင့်အားပေးခဲ့ပြီး ယိမ်းအဖွဲ့များ၏ သီဆိုကပြ ဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီးတို့က ဖျော်ဖြေရေး ယိမ်းအဖွဲ့များနှင့် နဒီဧရာတေးဂီတ အဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမ်းနား လမ်းရှုခင်းသာရင်ပြင်ရှိ ဗဟိုမဏ္ဍပ် သို့ သွားရောက်၍ ဧရာဝတီတိုင်း ဒေသကြီး ကိုယ်စားပြုငြိမ်းချမ်း ရေး ဂီတပွဲတော် အဆိုတော် ဇင်သူဇာထွန်း၊၂၀၂၂ ခုနှစ် စိန်ရတု ပြည်ထောင်စုနေ့ “တူယှဉ်နွှဲပျော် ဂီတပွဲတော်” Winner ဆုရှင် ဇင်သူသူထွန်း၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ စန္ဒရားအတီး ရွှေတံဆိပ်ဆုရှင် မောင်ဝေယံ လမင်း၊ တိုင်းဒေသကြီး အဆင့် ဆို၊ က၊ ရေး၊ အတီး အကပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် ခင်လပြည့်ဝန်း နှင့် တေးသံရှင်များ၏ သီဆို ဖျော်ဖြေမှုများ၊ ပုသိမ်မြို့ခံ ယိမ်းအဖွဲ့များနှင့် မြောင်းမြခရိုင်မှ လာရောက်ဖျော်ဖြေသည့် ယိမ်းအဖွဲ့ များ၏ သီဆိုကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုဆုငွေ များ အသီးသီးပေးအပ် ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကမ်းနားလမ်းရှိ လမ်းလျှောက် သင်္ကြန်ပွဲတော်တွင် ပြည်သူများနှင့် အတူ ချစ်ကြည်ရင်းနှီးစွာ ပါဝင် ဆင်နွှဲခဲ့ပြီး ရေကစားသူ ပြည်သူ များအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးခဲ့သည်။ (ဝဲပုံ) ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များ တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်၌ ပျော်ရွှင်စွာ သင်္ကြန်ရေကစားသူများဖြင့် စည် ကားလျှက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)