
ပုသိမ် ဧပြီ ၁၄
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ၌ သင်္ကြန်အကျနေ့တွင် ကမ်းနား လမ်းတစ်လျှောက်ရှိ လမ်းလျှောက် သင်္ကြန်အပါအဝင် ဌာနဆိုင်ရာ များနှင့် ရပ်ကွက်များမှ မဏ္ဍပ်များ ၌ ရေပက်ခံထွက်သူများ၊ ရေကစား သူများဖြင့် စည်ကားလျက်ရှိပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင် မောင်ဝင်းနှင့် ဇနီး၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီး များနှင့် ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ကမ်းနားလမ်း တစ်လျှောက်ရှိ မဏ္ဍပ်များမှ ယိမ်း အဖွဲ့များနှင့် တေးသံရှင်များ၏ သီဆိုဖျော်ဖြေနေမှုများကို ကြည့်ရှု အားပေးပြီး ချစ်ကြည်ရင်းနှီးစွာ အတာရေစင်များ ပက်ဖျန်းကြ ကာ လမ်းလျှောက်သင်္ကြန်ပွဲတော် အား ပြည်သူများနှင့်အတူ ပါဝင် ဆင်နွှဲခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်အဖွဲ့သည် ကမ်းနားလမ်း ရှုခင်းသာရင်ပြင်ရှိ ဗဟိုမဏ္ဍပ်သို့ သွားရောက်၍ ဌာနဆိုင်ရာများ နှင့် ယိမ်းအဖွဲ့များကို ချစ်ကြည် ရင်းနှီးစွာဖြင့် အတာရေများ ပက်ဖျန်းပေးပြီးနောက် “တူယှဉ် နွှဲပျော်ဂီတပွဲတော်” မှ Winner ဆုရှင်များ၊ ယိမ်းအဖွဲ့များ၏ တေးသီချင်းများဖြင့် သီဆိုကပြမှု များနှင့် ပညာအလင်္ကာတေးဂီတ အဖွဲ့တို့၏ သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး အဆိုရှင် များ၊ ယိမ်းအဖွဲ့များ၊ ပညာ အလင်္ကာ တေးဂီတအဖွဲ့တို့ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တာဝန်ရှိသူ များက ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နွေဦး သင်္ကြန်မဏ္ဍပ်သို့ သွားရောက်၍ တေးသံရှင်များနှင့် ယိမ်းအဖွဲ့များ ၏ သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆု ငွေများ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လမ်းလျှောက် သင်္ကြန်ပွဲတော်ကို ပြည်သူများ နှင့်အတူ ပါဝင်ဆင်နွှဲပြီး ချစ်ကြည်ရင်းနှီးစွာဖြင့် အတာ ရေများ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)