ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဟင်္သာတမြို့၌ Grade-5 မြို့နယ်အဆင့် မွမ်းမံသင်တန်းတက်ရောက်နေကြသောဆရာ ဆရာမများနှင့် တွေ့ဆုံ

 

ဟင်္သာတ   မေ   ၁၁


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးတင်မောင် ဝင်းနှင့်အဖွဲ့သည် မေ  ၁၁  ရက်   မွန်းလွဲပိုင်းက ဟင်္သာတမြို့  ဥယျာဉ်မြောက်ရပ်ကွက် မန်းဘခိုင် လမ်းရှိ   အထက(၅)ကျောင်းသို့     ရောက်ရှိပြီး  အမျိုးသားခန်းမဆောင်၌ Grade-5 မြို့နယ်အဆင့် မွမ်းမံသင်တန်းသို့ တက်ရောက်လာကြသော ဆရာ ဆရာမများ၊    ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့်တွေ့ဆုံပွဲ ကျင်းပသည်။

 


တွေ့ဆုံပွဲတွင်   တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား‌‌ပြောကြား၌ ကျောင်းများအချိန်မီ  ဖွင့်လှစ် နိုင်ရေးနှင့် ကျောင်းသား၊ကျောင်းသူများ ရာနှုန်းပြည့်  ကျောင်းတက်နိုင်ရေး  အလေးထားဆောင်ရွက်ရန် မှာကြားသည်။ ထို့‌နောက် တက်ရောက်လာသော ကျောင်းအကျိုးတော်ဆောင်များနှင့် ရပ်မိ၊ ရပ်ဖများ မှ ကျောင်းနှင့်ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည် များကိုတင်ပြရာ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ နှင့်ဝန်ကြီးချုပ်က   ပြန်လည်ဆောင်ရွက်ပေးမည့်  အခြေအနေများကို ရှင်းလင်းပြောကြားသည်။

 


ထို့နောက် မြို့နယ်ပညာရေးမှူး ဦးဦးလှမြင့်က Grade-5 မြို့နယ်အဆင့် မွမ်းမံသင်တန်းဖွင့်လှစ်နေမှု အခြေအနေများ၊ မြို့နယ်အတွင်းရှိ  ကျောင်းများနှင့် ဆရာ  ဆရာမ    ခန့်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းသုံးဗလာစာအုပ်များနှင့်  ထောက်ပံ့ငွေကျပ်   ငါးသိန်းအား  ပေးအပ်ရာ  မြို့နယ်ပညာရေးမှူးက  လက်ခံရယူသည်။

 


အဆိုပါအခမ်းအနားသို့  တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့်  တိုင်းဒေသကြီး  ဝန်ကြီးများ၊  တိုင်း၊  ခရိုင်၊  မြို့နယ်အဆင့်   ဌာနဆိုင်ရာများ၊  ပညာရေးဌာနမှ  တာဝန်ရှိ သူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ရပ်မိ ရပ်ဖများ၊  ကျောင်းသားမိဘများ၊ သင်တန်း တက်ရောက်နေကြသော   ဆရာ   ဆရာမများ  တက်ရောက်ကြောင်း သိရသည်။  

 

ကိုဇော်(ဟင်္သာတ)