ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 

ပုသိမ်   ဇူလိုင်   ၁၆


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင် ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ကန်ကြီး ထောင့်၊  ရေကြည်၊   ကျောင်းကုန်းမြို့နယ်များသို့ ယမန်နေ့နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည်    ကန်ကြီးထောင့် မြို့နယ် ကွင်းယားအရှေ့ကျေးရွာအုပ်စု ကွင်းယား အရှေ့ကျေးရွာ ဦးမျိုးမြင့်၏ လယ်မြေတွင် ဆင်းသုခ မျိုးစပါးစိုက်ပျိုးနေမှုများကို   ကြည့်ရှုအားပေးသည်။ 

 


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ရေကြည်မြို့နယ်  ငသိုင်းချောင်းမြို့  ငဝန်တာ တွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနမှ   ဆောင်ရွက်သည့်  ရေဘေးကာကွယ်ရေး သရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားတက်ရောက်ခဲ့ပြီး  ဝန်ကြီးချုပ်က  မိုးရာသီမြစ်ရေ မြင့်တက်မှုကြောင့်    ဖြစ်ပေါ်လာမည့်  ရေဘေး အန္တရာယ်များကို    ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ထိခိုက် ဆုံးရှုံးမှု    အနည်းဆုံးဖြစ်စေရေးအတွက်  ရေဘေး ကာကွယ်ရေးအစီအမံများ စနစ်တကျ ရေးဆွဲဆောင် ရွက်လျက်ရှိကြောင်း ပြောကြားသည်။

 


ယင်းနောက်    ဆည်မြောင်းနှင့်   ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန    လက်ထောက်ညွှန်ကြား ရေးမှူးက ခရိုင်အတွင်း ရေဘေးကာကွယ်ရေးလုပ်ငန်း များ     ဆောင်ရွက်ထားရှိမှုများနှင့်   ဇာတ်တိုက် လေ့ကျင့်မှု ဆောင်ရွက်ခြင်းများကို ရှင်းလင်းတင်ပြ ကာ ဝန်ကြီးချုပ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ရေဘေးကာကွယ်ရေး တာတမံများ၏ အရေးပေါ် အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုအစီအစဉ်အရ လွှင့်ထူ ရမည့်     သတိပေးအချက်ပြအလံများ   ပေးအပ် သည်။

 


ထို့နောက် ရေကြည်မြို့နယ် ဆီဆုံကုန်းကျေးရွာ၌  ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်နည်းစနစ် လေးမျိုး စမ်းသပ်ကွက်တွင် ဆင်းသုခ(SR)မျိုးစပါးများ စနစ် တကျ   စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး နည်းပညာပြန့်ပွားရေးစင်တာတွင် တောင်သူများနှင့် တွေ့ဆုံ၍ တစ်ဧက တင်း ၁၀၀ ထွက်ရှိရေး ဧက ၁၀၀ စံပြကွက်  တောင်သူများသို့  ဓာတ်မြေသြဇာအိတ် ၁၀၀ ပေးအပ်သည်။

 


ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေကြည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန   အစည်း အဝေးခန်းမတွင်   ပြုလုပ်သည့်   သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင် ကျေးရွာစီမံကိန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်း ကျေးရွာနှင့် Cash for  work  ကျေးရွာတို့အတွက် စီမံကိန်းရန်ပုံငွေပေးအပ်ပွဲအခမ်းအနား တက်ရောက် ၍ အမှာစကားပြောကြားခဲ့ပြီး မြစိမ်းရောင်ကျေးရွာ စီမံကိန်း ကျေးရွာတစ်ရွာအတွက် ရန်ပုံငွေကျပ်သိန်း ၃၀၀ ၊  ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်း ကျေးရွာ ၁၅ ရွာအတွက် ကျေးရွာတစ်ရွာလျှင် ငွေကျပ် သိန်း ၁၀၀နှင့် Cash for work ကျေးရွာတစ်ရွာအတွက် ရန်ပုံငွေကျပ်သိန်း ၁၀၀ တို့ကို ကျေးရွာတာဝန်ခံများ အား ပေးအပ်ကြောင်း သိရသည်။


လှမင်းထွဋ်(ပြန်/ဆက်)