ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျုံပျော်ခရိုင်ရုံးနှင့် မြန်အောင်ခရိုင်ရုံးတို့အား တက်ရောက်ဖွင့်လှစ်ပေး

 

ပုသိမ်   ဇူလိုင်   ၁


ခရိုင်အဆင့်တိုးမြှင့်သည့် အထွေ ထွေ      အုပ်ချုပ်ရေးဦးစီးဌာန ကျုံပျော်ခရိုင်ရုံးနှင့်   မြန်အောင် ခရိုင်ရုံး    ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျုံပျော်မြို့ နယ်နှင့်   မြန်အောင်မြို့နယ်တို့၌ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်    ဦးတင်မောင်ဝင်း၊ ဝန်ကြီးများနှင့်   တိုင်းဒေသကြီး၊    ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

 


ဖွင့်လှစ်


ရှေးဦးစွာ  အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ကျုံပျော်ခရိုင်ရုံးကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဝန်ကြီး ချုပ်က        ရုံးဆိုင်းဘုတ်ကို ဆက်လက်ဖွင့်လှစ်ပေးကာ အမွှေး နံ့သာရည်များ ပက်ဖျန်းပေးသည်။  အလားတူ    တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် မြန်အောင်ခရိုင် အထွေထွေ အုပ်ချုပ်ရေး   ဦးစီးဌာနရုံးအား ဆက်လက်ဖွင့်လှစ်ပေးခဲ့သည်။

 

 
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်     အဖွဲ့သည် မြန်အောင်မြို့  အားကစားခန်းမ ၌     ကျင်းပသည့်    မိုးရာသီ နေကြာမျိုးစေ့ထုတ် စိုက်ပျိုးသည့် တောင်သူများနှင့်  တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး အနေဖြင့်   စားသုံးဆီဖူလုံစေရေး ဆောင်ရွက်လျက်ရှိရာ   မိုးရာသီ နေကြာမျိုးစေ့ထုတ်  ဧက  ၃၀၀၀ ကို ဇွန် ၁ ရက်မှ စတင်စိုက်ပျိုးပြီး  ၂၅    ရက်တွင်   ထွန်တုံးပိတ်  စိုက်ပျိုးပြီးဖြစ်ကြောင်း၊ မိုးနေကြာ ဖြစ်ထွန်း    အောင်မြင်စေရေး    တောင်သူများ၊     ဌာနဆိုင်ရာများ၊   စိုက်ပျိုးရေးထုတ်လုပ်မှု      တိုးတက်မြင့်မားရေး ကြီးကြပ်မှု ကော်မတီမှ ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။

 


ရှင်းလင်းတင်ပြ


 ဆက်လက်၍  ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးက    မိုးရာသီ နေကြာ    မျိုးစေ့ထုတ်စိုက်ပျိုး ဆောက်ရွက်နေမှုများကို  ရှင်းလင်း တင်ပြသည်။

 


ထို့နောက်   တိုင်းဒေသကြီး ဝန်ကြီးချုပ်က        မြန်အောင် မြို့နယ်ရှိ မိုးရာသီနေကြာ မျိုးစေ့ ထုတ် စိုက်ပျိုးသည့်တောင်သူများ အတွက်   ဓာတ်မြေသြဇာအိတ် ၁၃၀၀ ကို  ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။ 


လှမင်းထွဋ်(ပြန်/ဆက်)