
မြန်အောင် သြဂုတ် ၆
ဧရာဝတီတိုင်း ဒေသကြီး သစ်တောဦးစီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းက မြန်အောင် မြို့နယ် မျှင်ဝါးတောင်ကြိုးဝိုင်း အကွက်အမှတ် (၅၂) ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် ၇၆/၅ အနီး၌ ကျင်းပသည်။
သစ်ပင်စိုက်ပျိုး ပွဲတော်တွင် မြန်အောင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူ များ စုစုပေါင်း အင်အား ၅၀၀ ကျော်တို့က ကံ့ကော် ၁၀ ပင်၊ ကျွန်းပင် ၁၃၀၊ ပျဉ်းကတိုးပင် ၅၀၊ မဏီသြဂပင် ၅၀၊ မန်ဂျန်ရှား ပင် ၅၀၀၊ မဟော်ဂနီပင် ၁၀၀၊ ယမနေ ၂၅ ပင်၊ ပိတောက်ပင် ၅၀၊ ကုတ်ဟဲပင် ၁၀၀၊ တောင်သရက် ပင် ၅၀၊ ကညင်ပင် ၅၀ တို့ကို စုပေါင်းစိုက်ပျိုးသည်။
မြန်အောင်ခရိုင်အတွင်း ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ မြို့နယ် အဆင့် ငါးပွဲ၊ ခရိုင် အဆင့်တစ်ပွဲ စုစုပေါင်း ခြောက်ပွဲ ပျိုးပင်ပေါင်း ၄၇၃၀ စိုက်ပျိုးပြီးစီး ကြောင်းနှင့် ၂၀၂၂ ခုနှစ် မိုးရာသီ တွင် နိုင်ငံပိုင်သစ်တော စိုက်ခင်း ဧက ၁၀၀၀ မှ ၉၇၅၅၀၀ ၊ သဘာဝ တောတန်ဖိုးမြှင့် ဧက ၅၀၀ မှ ၃၅၀၀၀၊ စိုက်ခင်းဟောင်း ပြန်လည်ပြုစု ထိန်းသိမ်းခြင်း ၁၂၆၁ ဧကမှ ၆၈၀၉၄၀၊ ဒေသပိုင် ပြည်သူအစုအဖွဲ့ပိုင် သစ်တော တည်ထောင်ခြင်း ၄၅၉ ဧကမှ ၆၈၈၅၀၊ ပုဂ္ဂလိကစိုက်ခင်း တည်ထောင်ခြင်း ၁၁၅ ဧကမှ ၆၉၃၀၀၊ လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေစိုက်ပျိုးခြင်း ၄၁၀၀၀၀ စိုက်ပျိုးပြီး ဖြစ်ကြောင်း မြန်အောင်မြို့နယ် သစ်တော ဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဌေး ထံမှ သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)