ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ညှိနှိုင်းအစည်းအဝေး ကျင်းပ

ပုသိမ်       ဇူလိုင်     ၂၈

 


ဧရာဝတီတိုင်းဒေသကြီး   သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက် ၁၁ နာရီက တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌  ကျင်းပ သည်။

 


ပြောကြား

 


တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  ဦးရဲမြင့်က သဘာဝဘေး  ကိစ္စရပ်များ  ရုတ်တရက် ဖြစ်ပေါ်လာပါက       ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်နိုင်ကြရန်  အစည်းအဝေးကျင်းပခြင်း ဖြစ်ကြောင်း၊ သဘာဝဘေး ဖြစ်ပေါ်လာပါကပြည်သူ များ၏ အသက်အိုးအိမ်စည်းစိမ်များ အတတ်နိုင်ဆုံး  ဆုံးရှုံးမှုမရှိစေရေး  ကြိုတင်ဆောင်ရွက်ထားကြရန် လိုကြောင်း၊   ပြည်သူများထံသို့   သတင်းအချက် အလက်များ    မှန်ကန်မြန်ဆန်စွာ   ရောက်ရှိရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း၊  ဖြစ်ပေါ်လာပါက  ပြည်သူများသို့ စားနပ်ရိက္ခာစသည့် ထောက်ပံ့ပစ္စည်း များ    အချိန်မီရောက်ရှိရေး   ဆောင်ရွက်ပေးကြရန် လိုကြောင်း၊   ဖွဲ့စည်းထားသော   ကော်မတီများ အနေဖြင့် အချိတ်အဆက်မိမိ ပေါင်းစပ်လုပ်ကိုင်ရန် လိုကြောင်းနှင့် မိမိတို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီကလည်း   လိုအပ်ချက်များအား   အတတ် နိုင်ဆုံး ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း  ပြောကြား သည်။ 

 

 

 


ထို့နောက်  တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊   တိုင်းဒေသကြီး  စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၃) ဦးအုန်းမြင့်က စီမံခန့်ခွဲမှုအဖွဲ့ နှင့်   လုပ်ငန်းကော်မတီ (၁၃)ဖွဲ့   ဖွဲ့စည်းပြီးစီးမှု  အခြေအနေများ၊  စီမံချက်များ ဆောင်ရွက်ထားရှိမှု၊  သဘာဝဘေးကြိုတင်ကာကွယ် ရေးအတွက်   မဖြစ်ပွားမီ၊ ဖြစ်ပွားစဉ်နှင့်  ဖြစ်ပွားပြီး ကာလများ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ကြိုတင် စီမံဆောင်ရွက်ထားရှိကြရန် ပြောကြားသည်။ 

 


ဆက်လက်၍ လုပ်ငန်းကော်မတီများအလိုက်  ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ခရိုင်အုပ်ချုပ် ရေးမှူးများက  ခရိုင်အလိုက်  ဆောင်ရွက်ထားရှိမှု အခြေအနေများကို  အွန်လိုင်း စနစ်ဖြင့်   ရှင်းလင်း တင်ပြကြပြီး    တိုင်းဒေသကြီး  စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း  သိရသည်။ 

 


ကိုတွတ်(ပြန်/ဆက်)