
ပုသိမ် အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး ပုသိမ် မြို့ရှိ တန်ခိုးကြီးဘုရားများဖြစ် သည့် ရွှေမုဋ္ဌောမဟာစေတီတော် မြတ်ကြီး၊ ရွှေစည်းခုံစေတီတော် မြတ်နှင့် တာဝတိံသာဘုရားတို့ တွင် အဘိဓမ္မာအခါတော်နေ့ သီတင်းကျွတ် လပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင် ပြည်သူများက ပန်း၊ ရေချမ်း၊ ဆီမီးများ ပူဇော် ခြင်း၊ ဝတ်အသင်းအဖွဲ့များက အဘိဓမ္မာပူဇော်ခြင်းနှင့် ဘုရားသို့ လာရောက်ဖူးမြော် ပူဇော် ကြည်ညိုသူများနှင့် စည်ကား လျက်ရှိသည်။ ယနေ့ညတွင် ပုသိမ်မြို့ တာဝတိံသာ အနောက် ဘက် မင်းရပ်တန်းလမ်းနေ ဦးမြင့်အောင်မိသားစုက တာဝတိံ သာ ဘုရားကြီးတွင် ဆီမီး တစ်ထောင် ပူဇော်မည်ဖြစ်ပြီး လပြည့်ကျော် ၁ ရက်နေ့တွင် လည်း ဆက်လက်ပူဇော်မည် ဖြစ်သည်။
ယနေ့ညနေပိုင်းတွင် ပုသိမ် မြို့ ကမ်းနားလမ်းရှိ ပုသိမ်တံတား၊ ညဈေးရင်ပြင်၊ မြို့တော်ခန်းမ ရှေ့ရင်ပြင်၊ တိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့ရုံးရှေ့ ရင်ပြင် တို့တွင် အများပြည်သူ အနားယူ အပန်းဖြေရင်း အမှတ်တရ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးသူ များဖြင့် စည်ကားလျက်ရှိသည်။ ယင်းသို့ အများပြည်သူ စိတ်အေး ချမ်းစွာ ဘုရားစေတီများတွင် ဘုရားဖူးမြော် ကြည်ညိုနိုင်ရေး နှင့် လွတ်လပ်ပျော်ရွှင်စွာ အနားယူ အပန်းဖြေနိုင်ရေး အတွက် လုံခြုံရေးအဖွဲ့များက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)