ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် ဒေးဒရဲ-တော်ကမယ်-ကျုံကြပ်- သာယာကုန်း- သံဒီဇီးဖြူကုန်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော်   မတ်   ၆


(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့်  ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သော ဒေးဒရဲ-တော်ကမယ်-ကျုံကြပ်-သာယာကုန်း-သံဒီဇီးဖြူကုန်း ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် အဆိုပါ လမ်းအပိုင်းရှိ လမ်းဖွင့်ပွဲမုခ်ဦးရှေ့၌ ကျင်းပသည်။


အဆိုပါ  အခမ်းအနားသို့  ဆောက်လုပ်ရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးရွှေလေး၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင် ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊   စစ်ဘက်/နယ်ဘက်မှ အရာရှိကြီးများ၊   တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ ရပ်ဖများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ဒေသခံပြည်သူများ၊ ဘင်ခရာအဖွဲ့၊ တိုင်းရင်းသား ရိုးရာအကအဖွဲ့များ တက်ရောက်ကြသည်။


အခမ်းအနားတွင်    ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက မြန်မာနိုင်ငံရှိ လူဦးရေ  ၇၀ ရာခိုင်နှုန်း သည် ကျေးလက်ဒေသများတွင် နေထိုင်ကြသည့် အတွက်

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးသည် အရေး ကြီးသည့် အခန်းကဏ္ဍတွင် များစွာပါဝင်ပါကြောင်း။
ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ချောင်းအင်းအိုင်ပေါများသည့်အတွက် ကျေးလက်လမ်းများကို ကွန်ရက်သဖွယ်ဖောက်လုပ်ထားသော လမ်းမိုင် ပေါင်း ၄၀၀၀ ကျော်နှင့်     တံတားအစင်းပေါင်း ၂၀၀၀  ကျော်ကို တည်ဆောက်ထားပြီး နောက်ထပ် လည်း လမ်းနှင့်တံတားများကို ထပ်မံတည်ဆောက် သွားမည်ဖြစ်ပါကြောင်း။
ယခုဖွင့်လှစ်သည့်   ဒေးဒရဲ-တော်ကမယ်-ကျုံကြပ်-သာယာကုန်း-သံဒီဇီးဖြူကုန်း ကွန်ကရစ် လမ်းသည်   ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပင်လယ်ထွက်ပေါက်ဖြစ်သည့် မဟာဗျူဟာကျသည့် လမ်းတစ်လမ်းဖြစ်ပါကြောင်း၊  ယခုလမ်းသည် အရှည် ၁၄ မိုင်  ၆ ဖာလုံရှည်လျားပြီး ၎င်းလမ်း ပေါ်တွင် တံတား ခုနစ်စင်း ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေရရှိမှုပေါ်မူတည်၍ ဆောင်ရွက်ခဲ့ရာ ယခုအခါ  ၁၄ ပေအကျယ် ကွန်ကရစ်လမ်း  ၄ မိုင်  ၂ ဖာလုံနှင့် အရှည် ပေ  ၄၀ တံတား နှစ်စင်း၊ အရှည် ပေ  ၁၅၀ တံတားတစ်စင်း   စုစုပေါင်း တံတား သုံးစင်း ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ကျန်ရှိသည့် လမ်း အပိုင်းနှင့် တံတားများကိုလည်း ဆက်လက်အကောင် အထည်ဖော်  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်သည့်လမ်းမကြီးကို ကွန်ကရစ်လမ်းမ ကြီးအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့သည့် အတွက်    ကျေးလက်နေပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေမည်ဖြစ်သည့်အတွက် ကျေးလက် နေပြည်သူများကိုယ်စား      ဝမ်းမြောက်မိပါ ကြောင်း။


ယခုကဲ့သို့      ကျေးလက်လမ်း / တံတားများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာပြီး   ကျေးလက် ထုတ်ကုန်များ   ကုန်ကျစရိတ်သက်သာစွာဖြင့် အလွယ်တကူ ကူးသန်းရောင်းဝယ်နိုင်မည်ဖြစ်သည့်  အပြင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည့် အတွက် ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတို့ အဘက်ဘက်မှ တိုးတက်ကောင်းမွန်လာမည်   ဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်း မြစ်ချောင်းအင်းအိုင်များပေါများပြီး ရေလမ်းတစ်ခု တည်းကိုသာ အသုံးပြုရသည့်အတွက် ယခင်ကသွား လာရေးခက်ခဲပါကြောင်း၊ ယခုအချိန်တွင် ကွန်ရက် သဖွယ်ဆောက်လုပ်ထားသောလမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် သွားလာရေး လွယ်ကူ အဆင်ပြေပါကြောင်း ပြောကြားသည်။ 


ထို့နောက် ဒေသခံပြည်သူတစ်ဦး က ဒေးဒရဲ - တော်ကမယ် - ကျုံကြပ် - သာယာကုန်း -သံဒီဇီး ဖြူကုန်း ကွန်ကရစ်လမ်း ဖွင့်လှစ်ပေးသည့်အတွက် နိုင်ငံတော်အစိုးရကို  ကျေးဇူးတင်ပါကြောင်းနှင့် ကွန်ကရစ်လမ်းမကြီး     ရေရှည်တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင် ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး     လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော် ထွန်းတို့က ဒေးဒရဲ-တော်ကမယ်-ကျုံကြပ်-သာယာ ကုန်း-သံဒီဇီးဖြူကုန်း ကွန်ကရစ်လမ်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းပေါ်မှ ဖြတ်သန်း ကြည့်ရှုစစ်ဆေးသည်။ 


ယနေ့ဖွင့်လှစ်သည့်    ဒေးဒရဲ-တော်ကမယ်-ကျုံကြပ်-သာယာကုန်း-သံဒီဇီးဖြူကုန်း ကွန်ကရစ် လမ်းသည် Class A အမျိုးအစားတွင်ပါဝင်ပြီး ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်ရှိ ပတ်ဝန်းကျင်ကျေးရွာ ၈၀ ၊ အိမ်ခြေ ၉၈၀၀ ၊ လူဦးရေ ၄၅၀၀၀  တို့ကို အကျိုးပြုနိုင်မည်ဖြစ်ပြီး ဒေသနေ ပြည်သူများ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာ ရေးတို့ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်