ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်ထဲက ရေညှိစိမ်းများရှိရာ ကျောက်ကလပ်ကမ်းခြေ

 

ယဉ်လာဒ်၊ ဓာတ်ပုံ - ကိုကွေကာ(ဂေါ်ရန်ဂျီလမ်းညွှန်)

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ပြည်တွင်းခရီးသွားဧည့်သည်တွေ အများဆုံး သွားရောက်လည်ပတ်ကြတဲ့ ကမ်းခြေတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ကျောက် ကလပ်ကမ်းခြေအကြောင်းကို ဒီတစ်ပတ်ရဲ့ ခရီးသွားလမ်းညွှန်အနေနဲ့ ဖော်ပြပေးချင် ပါတယ်။ 
ထုံးကျောက်သား 
ကျောက်ဆောင်ကမ်းခြေ
“ကျောက်ကလပ်       ကမ်းခြေရဲ့ ကျောက်ဆောင်တွေက ထုံးကျောက်သား ကျောက်ဆောင်ဖြစ်တာမို့ သူ့သဘာဝ အလှနဲ့သူ ရှိနေပါတယ်”လို့ ကျောက် ကလပ်ကမ်းခြေရဲ့​         ရာသီအလိုက် ​​ ​မြင်ကွင်းလှပမှုတွေကို   ခုနစ်နှစ်ကျော် လေ့လာခဲ့ပြီး    ကမ်းခြေသစ်တွေကို လိုက်လံဖော်ထုတ်ကာ    အများပြည်သူ သိရှိအောင် တတ်ကျွမ်းတဲ့ ဓာတ်ပုံပညာ နဲ့ ရိုက်ကူးပြီး Social Media ပေါ်မှာ ဖော်ပြပေးနေတဲ့   ဒေသခံ   ကိုကွေကာ (ဂေါ်ရန်ဂျီလမ်းညွှန်)က      စာရေးသူကို   ပြောပြပါတယ်။        “ကျောက်ကလပ်    ကမ်းခြေသာမက လူသူသိပ်မသိသေးတဲ့   ကမ်းခြေတွေလည်း အများကြီးရှိသေးပြီး အဲဒီကမ်းခြေတွေကိုလည်း       ထပ်မံ ဖော်ထုတ်သွားဦးမှာ ဖြစ်တယ်”လို့ သူက ဆိုပါတယ်။ 
ကမ်းခြေသို့ 
လမ်းကြောင်းသုံးမျိုး
ကျောက်ကလပ်        ကမ်းခြေဟာ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းအနီး ဒီးဒူးကုန်းကျေးရွာအုပ်စုမှာ တည်ရှိပြီး ကျောက်ကလပ်        ကမ်းခြေဆီကို သွားရောက်နိုင်တဲ့ လမ်း​ကြောင်းသုံးမျိုး ရှိပါတယ်။  ကျောက်ကလပ်ကမ်းခြေကို ပုသိမ်မြို့ကနေ သွားရောက်ရင် ရေမိုင် ၆၀ ခန့်ကွာဝေးပြီး ရေယာဉ်နဲ့ဆို ၈ နာရီ ခန့် သွားရောက်ရပါတယ်။ ဒုတိယလမ်း အနေနဲ့ မော်တင်စွန်းဘက်ကနေလည်း ကျောက်ကလပ်        ကမ်းခြေဆီကို သွားရောက်လည်ပတ်လို့ရပါတယ်။ 
“ကျွန်တော်ကတော့ ကျောက်ကလပ် ကမ်းခြေကို           လပွတ္တာမြို့ကနေ သွားရောက်တာကို ပိုအားပေးပါတယ်။ ရန်ကုန်ကနေ   မိုင်   ၁၅၀  လောက် ကွာဝေးတဲ့ လပွတ္တာမြို့ကနေ လပွတ္တလုပ် ရွာဆီကို   ကိုယ်ပိုင်ကားနဲ့   မိနစ်  ၂၀ လောက်မောင်းရင်          ဇက်​ဆိပ်ကို ထပ်ရောက်ပါမယ်။ မိနစ် ၃၀ လောက် ဇက်စီးရပြီး   ရေပေါ့ကြီးဘက်ကမ်းကို ရောက်ပါမယ်။ ဇက်ကူးချိန်တွေကတော့ နံနက် ၆ နာရီနဲ့ ညနေ ၅ နာရီ နှစ်ချိန်ပဲ ကူးပါတယ်။ ကျန်အချိန်တွေမှာ ဇက်ကူး ချင်ရင်တော့ အထူးအော်ဒါကြေးပေးပြီး ကူးလို့တော့ရပါတယ်။  ဇက်ကူးပြီးရင် တံတားကြီး   တံတားအသေး   ၁၃  ခု လောက်ကို ဖြတ်ရပါတယ်။ လပွတ္တာမြို့ ကနေ ၅၅ မိုင်လောက် ကွာဝေးပါတယ်။ လမ်းတိုပေမယ့် ကျောက်ခင်းလမ်းတွေ တံတားတွေသာ   ပိုပြီးကောင်းမွန်ရင် ကျောက်ကလပ်ကမ်းခြေကို   ခရီးသွား ဧည့်သည်တွေ        ပိုပြီးလာရောက် လည်ပတ်လိမ့်မယ်”လို့  ကိုကွေကာက ဆက်ပြောပြပါတယ်။ 
ခရီးစဉ် ၁၃ ခုမှာ ပါဝင်
ကျောက်ကလပ်ကမ်းခြေရဲ့   အနီး တစ်ဝိုက်ဝန်းကျင်မှာ ပြင်ခရိုင်၊ ဒီးဒူးကုန်း၊ ချောင်းဝ၊ သက္ကယ်သောင်၊ ဘုန်းတော် ပြည့်၊ အုတ်တွင်း စတဲ့ရွာတွေ ရှိပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း  ခရီး သွားများ သွားရောက်လည်ပတ်နိုင်စေဖို့ နဲ့ ဆက်စပ်လည်ပတ်နိုင်တဲ့ နေရာတွေ အဖြစ် တိုင်းဒေသကြီးအစိုးရက ခရီးစဉ် ဒေသ ၁၃ ခုကို ဖော်ထုတ်ထားတဲ့ အထဲ မှာလည်း ကျောက်ကလပ်ကမ်းခြေဟာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ 
ကျောက်ကလပ်ကမ်းခြေကို ရောက် ရင် ကမ်းခြေရဲ့ ပတ်ဝန်းကျင်နေရာတွေ ဖြစ်တဲ့    ဒီးဒူးချိုင်ကမ်းခြေ၊   ဓားသွေး ကျောက်ကမ်းခြေ၊ မေဓာအိုင်ကမ်းခြေ၊ ထိပ်စွန်း၊ ကျောက်ကလပ်စေတီ၊ ရေညှိ ပြင်၊ ကျောက်မီးဖိုလုပ်ငန်း၊ တံငါလုပ်ငန်း တို့ကိုလည်း သွားရောက်လေ့လာနိုင်ပြီး ဓာတ်ပုံရိုက်ကူးနိုင်ပါတယ်။
ကမ်းခြေရဲ့ အလှပဆုံးအချိန်
ကျောက်ကလပ်       ကမ်းခြေရဲ့ အလှပဆုံးအချိန်တွေကို လေ့လာဓာတ်ပုံ ရိုက်နေတဲ့          ကိုကွေကာကတော့ “ကျောက်ကလပ်ကမ်းခြေရဲ့      အရိုင်း ဆန်ဆန် အလှတရား မြင်ကွင်းနှစ်မျိုးကို တွေ့မြင်နိုင်တဲ့ကာလကတော့ ရေညှိစိမ်း ချိန်နဲ့ ရေညှိသေချိန်ကြားကာလ ရေညှိ ဝါချိန်ဖြစ်ပါတယ်။ ရေညှိစိမ်းချိန်ကာလ ကို သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ လပိုင်းတွေမှာ   မြင်တွေ့နိုင်ပြီး   ရေညှိ ဝါချိန်ကိုတော့   နိုဝင်ဘာ၊  ဒီဇင်ဘာ၊ ဇန်နဝါရီလတို့မှာ တွေ့မြင်ရနိုင်ပါတယ်။ အလှဓာတ်ပုံရိုက်ကူးလိုတဲ့ ခရီးသွား တွေနဲ့    ဓာတ်ပုံပညာရှင်တွေအနေနဲ့ ဒီကာလတွေမှာ မဖြစ်မနေ လာရောက် လေ့လာ       လည်ပတ်သင့်တယ်”လို့ ကိုကွေကာက အကြံပြုပါတယ်။
မဖြစ်မနေ လည်ပတ်စရာနေရာ
မြန်မာပြည်အနှံ့ ဘုရားဖူးနဲ့ ခရီးသွား ပို့ဆောင်ပေးနေတဲ့ ရွှေချမ်းသာဘုရားဖူး လုပ်ငန်းမှ        တာဝန်ရှိသူကလည်း “ပြည်တွင်း       ခရီးသွားတွေအနေနဲ့ မော်တင်စွန်းဘုရား      သွားဖူးကြရင် ဟိုင်းကြီးကျွန်း၊     ငွေတောင်ကမ်းခြေ၊ ကျောက်ကလပ်ကမ်းခြေ၊   ချောင်းသာ ကမ်းခြေ၊  ဖိုးကုလားကျွန်း၊  ကျောက် မောင်နှမ၊ Sea & Lake ၊ ပုသိမ်ရွှေမုဋ္ဌော၊ ယိုးဒယားဘုရားနဲ့  ရေကြည်ရေနောက် ဘုရားတွေကို မဖြစ်မနေ လည်ပတ်စရာ နေရာတွေအဖြစ်    ခရီးစဉ်ထည့်ပြီး ပို့ဆောင်ပေးနေရပါတယ်”လို့    ပြောပါ တယ်။ 
လက်ရှိအချိန်မှာ   ကျောက်ကလပ် ကမ်းခြေကို သွားရောက်လည်ပတ်မယ် ဆိုရင်      ကမ်းခြေအနီးတစ်ဝိုက်မှာ တည်းခိုခန်းမရှိသေးတာကြောင့် ညအိပ် တည်းခိုဖို့အတွက် ဒေသခံအိမ်တွေမှာ တည်းခိုရမှာဖြစ်ပြီး      သွားရောက် လည်ပတ်လိုရင်    ကြိုတင်စီစဉ်ပေးရ တယ်လို့    ခရီးသွားဝန်ဆောင်မှုကိုပါ ပြုလုပ်ပေးနေတဲ့      ကိုကွေကာက စာရေးသူကို ပြောပါတယ်။ 
ဧရာဝတီတိုင်းဒေသကြီး ငပုတော မြို့နယ် မော်တင်စွန်းနဲ့ မျက်နှာချင်းဆိုင် ထိပ်စွန်းအရပ်ဒေသ    တောင်ဘက် အစွန်းလေးမှာ တည်ရှိတဲ့ ဧရာဝတီတိုင်း ရဲ့    အလှတစ်ပါးလို့   တင်စားရတဲ့ ကျောက်ကလပ်ကမ်းခြေကို သွားရောက် လည်ပတ်နိုင်စေဖို့ ဒီတစ်ပတ်ရဲ့ ခရီးသွား လမ်းညွှန်အနေနဲ့    ဖော်ပြပေးလိုက်ရ ပါတယ်။      ။